4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

လမ်းခွဲပြီးနောက်

တွေဝေပြီးမပြတ်မသားဖြစ်နေတဲ့ စိတ်အလျင်ကို

ကြိုးစားပီးမေ့ပစ်ရမယ်ဆိုတဲ့အတွေးက နှိပ်ဆက်နေတယ်

ဝေဿန္တရာပြဇာတ်ထဲက မဒ္ဒီဒေဝီရဲ့နှလုံးသားနာကျင်ပူဆွေးရသလို

ငါ့ရင်တွေလဲကွဲကြေနေရပါတယ်

မင်းကိုချစ်တယ်ဆိုတဲ့ဝင်္ကပါဝဲဂယက်ထဲမှာ

ကိုဟာအယောင်ယောင်အမှားမှားနဲ့တလူးလူးတလိမ့်လိမ့်မျောပါနေဆဲပဲ

မင်းအချစ်ဆိုတာ ကို့နှလုံးသားရဲ့ပန်းတိုင်

မင်းဆိုတာကို့အတွက်ကြည်နူးခြင်းအစကြေကွဲခြင်းအဆုံး

ကမ္ဘာဦးအချစ်ပုံပြင်တွေလိုကြီးကြယ်မနေပေမယ့်

ကို့အချစ်ပုံပြင်တပုဒ်ဖြစ်လာခဲ့ရင်

မင်းမတွေ့ခဲ့တဲ့ကို့ချစ်ခြင်းတွေဘယ်လောက်တောင်ခမ်းနားနေခဲ့လဲဆိုတာ

ပြန်သိခွင့်ရတဲ့တနေ့

မျက်ရည်တွေကျမနေပါနဲ့နော်

မင်းမျက်ရည်ဟာကို့အတွက်မီးပင်လယ်လိုပူလောင်ကျွမ်းရလို့ပါ

အချစ်ဆုံး.......။
IMG_20181208_190612.jpg

4 upvotes $0.02

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: