4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အရုဏ်ကျင်းချိန် ၃

ရောင်ခြည်တစ်ထောင် အလင်းဆောင်သော နေမင်းကြီး အစွမ်းကုန် လင်းလက်လာမှပင် နှင်းမှုန်တို့ တစက်တစက် သစ်ရွက်ပေါ်သို့  ကျလာပေသည်။ အလင်းရောင်တို့  တစ်စတစ်စ ကြီးစိုး လာသောအခါ အမှောင်ထုတို့ တဖြေးဖြေး လွင့်စင်ပျောက်ကွယ်သွားပေသည်။ ကျေးငှက်တို့ ၏ အသံကလည်း ပို၍ ကျယ်လောင်လာပြီဖြစ်သည်။ အရှေ့ ဘက် ကောင်းကင်တစ်ခွင်လုံးတွင်လည်း နုရာမှ တဖြည်းဖြည်း ရင့်လာသော တိမ်ရောင်တို့ကို မြင်ရပေသည်။ လောကကြီး၏ သဘာဝ ပန်ချီကားတို့ ကို ပီပြင်စွာ တွေ့  နိုင်ပြီဖြစ်သည်။

measureable . .1.jpg

ကျေးလက်၏ ရောင်ခြည်လာစ လင်းအရုဏ်အချိန်တွင် ဦးကြီးများ လယ်ယာလုပ်ငန်းခွင် ဝင်ရန် ပြင်ဆင်နေကြပြီ။ ကျေးလက်လုံမပျိုလေးများ ခရေပန်းကောက်ချိန် ရွာဦး ဘုန်းတော်ကြီးကျောင်းမှ ဆွမ်းခံထွက်ချိန်လည်းဖြစ်သည်။ ဈေးရောင်းရန်ဈေးသည်များ ဝမ်းစာရေးအတွက် စတင်လှုပ်ရှားနေပေပြီ။ ကျေးရွာရှိ သက်ကြီးရွယ်အိုများ၏ ဘုရားရှိခိုးသံကလည်း ပျံလွင့်လာသည်။ ကြေးစည်သံလွင်လွင်နှင့် အမျှဝေသံများကိုလည်း ကြားနေရသည်။မြို့မျာ၏ အရုဏ်ဦးချိန်သည် ကျောင်းသူကျောင်းသားများ စာစတင်ကျက်မှတ်ချိန်လည်းဖြစ်သည်။ မြောက်ပြန်လေ တသုန်သုန် တိုက်နေချိန်တွင် ကွေးမနေအားပေ။အိမ်စာများကို ကျက်မှတ်ပြီ လွယ်အိတ်ကလေးကိုစီဖြင့် ကျောင်းသို့ သွားပေတော့မည်။ နေမင်း၏ အလင်းရောင် ပိုမို ထွန်းတောက်လာသည်နှင့် အမျှ ဈေးသည် ဈေးဝယ် ကျောင်းသူကျောင်းသား အလုပ်သမားများ တစ်နေ့တာအတွက် လမ်းပေါ်ထွက်၍ လှုပ်ရှားနေကြပြီဖြစ်သည်။
ဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍဏ္ဍ
ည၏ အမှောင်ထုမှ နေ့၏ လင်းလက်သော အချိန်သို့ ရောက်ရန် လူသားတို့ တောင့်တကြပေသည်။ တစ်နေ့တာကို အလင်းနှင့် အမှောင် တစ်လှည့်စီပေးနေသော သဘာဝတရားကြီးသည် လူသားတို့ အတွက်တရာူပြနေသကဲ့သို့ပင်ဖြစ်သည်။လူသားတို့ ဘဝတွင်
အမှောင်ပျောက်ပါက အလင်းသို့ ရောက်မည်မှာအမှန်ပင်ဖြစ်သည်။ သဘာဝတရားကြီးသည် မိုးသောက်ရောင်နီ ပေါ်စမြဲဖြစ်သကဲ့သို့  လူသားတို့ ဘဝတွင်လည်း မိုးသောက်အလင်းရောက်ချိန်ပေသည်။
ထိုအရုဏ်ဦးကို နမူနာယူ၍ ဘဝစာမျက်နှာ၏ အလင်ရောင်ပျိုးချိန်တွင် ကြိုးစားအားထုတ်ကြရမည်ဟု အသိတရားဖြစ်ပေါ်လာရပါသည်။

ထို့ ကြောင့်သဘာဝတရားကြီးက ပေးအပ်ထားသော အလင်းရောင်ကို အကျိုးရှိစွာအသုံးချရမည်ဖြစ်ပါသည်။ ရှိလာသော လင်းရောင်ခြည်ကို လှိုက်လှဲစွာကြိုဆိုရင်း တစ်နေ့တာ ဘဝအတွက် မိမိအကျိုး သတ္တလောကလူသားတို့ အကျိုးကို ဆောင်ရွက်ရပေမည်။ မွေးဖွားခြင်းသည် ဘဝ၏ စာမျက်နှာကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ လင်းအရုဏ်သည်လည်း တစ်နေ့တာ စာမျက်နှာ အလင်းကို စတင်ဖွင့်လှစ် လိုက်ခြင်းဖြစ်ရာ ကြိုးစား နိုးကြား၍ လင်းအရုဏ်၏ တစ်နေ့တာကို အလှဆင်ကြရပေတော့မည်။

94 upvotes $13.42

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: