Community post
အရုဏ်ကျင်းချိန် အလှအပများ
အမှောင်ခွင်း၍ အလင်းရောက်သည့် အချိန်မှာ တစ်နေ့တာ၏ အစအဦး သည် အရုဏ်ဦး ပင် ဖြစ်သည်။ လင်းအရုဏ် သည် တစ်နေ့တာ အတွက် အားအင်သစ်များ စတင် မွေးဖွား ပေးသော အချိန် ဖြစ်သည် တစ်နေတာ ပင်ပန်းသမျှတို့ကို အနားယူ၍ အားအင်သစ်ကို
ဖြည့်ကာ လောကကြီအတွက် လူသားတို လှုပ်ရှားမှု အစပျိုးချိန်လည်းဖြစ်သည်။
ကောင်းကင်ကြီး၌လည်း မှုန်ပျပျ ဝိုးတဝါး အလင်းရောင်တို့ က မြင်ရသေးသည်။

ကြယ်ရောင်လရောင်တို့မပြယ်တပြယ် အချိန်တွင် သစ်ပင်ပန်းပင်တို့ ၏ အရိပ်များ
ဝိုးတဝါးကို ထင်လျက် ရှိနေကြပါသည်။
လင်းကြက်တွန်သံနှင် အတူ လူသားတို့ က နိုးထလာကြပေပြီ။ လင်းကြက်တွန်သံသည် သဘာဝ၏ နာရီမှုးကြီးဖြစ်သည် အေးချမ်းခြင်း တိတ်ဆိတ် ငြိမ်သ်ခြင်းတို့ မှ တစ်စဆစ်စ အသံများ ပေါ်ထွက်လာခဲ့ ပြီ ဖြစ်ပါသည်။
လူသားတို့ ထက် ဝီရိယကောင်းသော ကျေးငှက်များ အိပ်တန်းမှ နိုးထ၍ တကျီကျီ အစာရှာထွက်ပေပြီ။ တောရွာများ၌ ရွာဦးကျောင်းမှ ကလက်တက် ခေါက်သံ တုံမောင်းခေါက်သံဘများသည် သာယာ နားဝင်ချိုလှသည်။
Replies (4)
This post received a $0.105 (67.14%) upvote from @upvotewhale thanks to @measureable! For more information, check out my profile!
register
Hi @measureable, you have passed our validation. To finalize your registration go to the following url and grant @Upvotebank access to use your vote - https://steemconnect.com/authorize/@upvotebank?scope=vote