Community post
စိုးရိမ်ပူပန်စိတ်
စိုးရိမ်ပူပန်စိတ်
စာမေးပွဲကြီး အရမ်းနီးကပ်လာပါပြီ။
အချို့ကလေးတွေက တည်တည်ငြိမ်ငြိမ်၊ အေးအေးဆေးဆေး။
အချို့ကလေးတွေကျတော့ စာမေးပွဲနီးလာလေ၊ အကြိမ်ကြိမ်ရွတ်ဖတ်၊ကျက်မှတ်ထားတဲ့စာတွေတောင် သိပ်မရချင်တော့။
စာမလုပ်တာမဟုတ်၊ စာလုပ်သည်၊ သို့သော် စိုးရိမ်ပူပန်စိတ်များ၊ ဒွိဟစိတ်များ ငြိတွယ်နေကြတော့ ရေပြည့်နေတဲ့အိုး ဘောင်ဘင်ခတ်သလိုဖြစ်ပြီး အပြင်ကိုဖိတ်စင်ကုန်ကြခြင်းဖြစ်သည်။
https://steemitimages.com/DQmdbDJ8Yi6FSAzs28g4hkX5rkCjFKrze2ZeyA5VbwZYS8T/20180305_09_57_39.jpg
Credit to google image
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တာ ရှိပါတယ်။
၁။ တစ်စုံတစ်ရာကို လိုချင်တပ်မက်တဲ့စိတ် ရှိနေသူဟာ ရေထဲမှာ နနွင်းစသော အရောင်များထည့်ရင် ကောင်းစွာမမြင်ရသလို မှန်ကန်စွာသိမြင်နိုင်ခြင်းမရှိ။
၂။ စိတ်ဆိုးဒေါသထွက်၊ စိတ်ပျက်အားငယ်နေသူဟာ ကျိုချက်ပြီး ပွက်ပွက်ဆူ အခိုးထနေတဲ့ ရေမှာ မိမိမျက်နှာပြန်ကြည့်သလို မှန်ကန်စွာသိမြင်နိုင်ခြင်းမရှိ။
၃။ လေးလံထိုင်မှိုင်း၊ အိပ်ချင်အိပ်ငိုက်နေသူဟာ အမှိုက်သရိုက်များ ဖုံးလွှမ်းနေတဲ့ ရေပြင်မှာ မိမိမျက်နှာပြန်ကြည့်သလို မှန်ကန်စွာသိမြင်နိုင်ခြင်းမရှိ။
၎။ စိုးရိမ်ပူပန်စိတ်၊ စိတ်ပျံ့လွင့်မှု၊ နောင်တ စသဖြင့် ရှိနေတဲ့သူဟာ လေတိုက်လို့လှိုင်းဂယက်ထနေတဲ့ ရေပြင်မှာ မိမိမျက်နှာပြန်ကြည့်သလို မှန်ကန်စွာသိမြင်နိုင်ခြင်းမရှိ။
၅။ စိတ်ဒွိဟဖြစ်နေသူ၊ ဝေခွဲမရနိုင်၊ ချီတုံချတုံဖြစ်နေသူဟာ ရွှံ့နွံထပြီး နောက်ကျိနေတဲ့ ရေပြင်မှာ မိမိမျက်နှာပြန်ကြည့်သလို မှန်ကန်စွာသိမြင်နိုင်ခြင်းမရှိ။
ဒီတရားငါးပါးကို နီဝရဏတရားငါးပါးလို့ ခေါ်ပါတယ်။ အသိဥာဏ်ပိတ်ဆို့ခြင်း အကြောင်းတရားတွေပေါ့။
အခုလို စာမေးပွဲ အရမ်းနီးကပ်လာတဲ့အချိန်မှာ နံပါတ် ၄၊၅၊၆ အချက်တွေ ဖြစ်လေ့ရှိကြပါတယ်။
မိဘ၊ဆရာတွေရဲ့ အားပေးစောင့်ရှောက်မှု လိုအပ်သလို ကိုယ့်ကိုကိုယ် စိတ်ထိန်းချုပ်နိုင်မှုလည်း ရှိရပါမယ်။
မိမိတစ်နှစ်ပတ်လုံး အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ပြီးပါပြီ။ မိမိသင်ထားတဲ့စာတွေထဲကပဲ မေးမှာပါ။
ဒီအချိန်မှာ စိုးရိမ်ပူပန်စိတ်လွန်ကဲခြင်းဟာ မိမိရဲ့ ရန်သူပါ။
သူ့ကြောင့်ပဲ အခြေအနေတွေ ပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်။ အောင်နိုင်သူဖြစ်ရမယ့်အစား ကျရှုံးသူ ဖြစ်သွားနိုင်ပါတယ်။ ဂုဏ်ထူးထွက်ရမယ့်သူ ရိုးရိုးအောင်ပဲ ဖြစ်သွားနိုင်ပါတယ်။
ဒီတော့ ကလေးတို့ရေ..
စိုးရိမ်စိတ် မဖြစ်ကြပါနဲ့..
စိတ်အေးအေးထား၊ ကျက်စရာရှိတာကျက်၊ တွက်စရာရှိတာ တွက်ကျပါ..
မင်းတို့ လေ့ကျင့်ထားသလိုပဲ မေးမှာပါ..
Hot spot ဆိုတာတွေကို အာရုံမထားကြပါနဲ့..
မင်းတို့ တစ်နှစ်ပတ်လုံး လေ့လာကျက်မှတ်ခဲ့တဲ့ စာတွေဟာ မင်းတို့အတွက် save ဖြစ်ပါတယ်..
စာမေးပွဲအောင်မြင်ခြင်း၊ ဂုဏ်ထူးထွက်ခြင်း၊ အမှတ်များခြင်း၊ ရာပြည့်ရခြင်းများနှင့် မိဘကျေးဇူး၊ ဆရာ့ကျေးဇူးများကို အပြည့်အဝပေးဆပ်နိုင်ကြသူများ ဖြစ်ကြပါစေ။
@mgmgkse
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.