Community post
အသိပေးခြင်း
ငရဲနဲ့ပက်သက်ပြီး လူအများဖတ်ဖူးမှတ်ဖူးကြတာတွေအများကြီးပါ။ ငရဲကြီးရှစ်ထပ်အကြောင်းကိုလည်း ကိုအောင်ဇော်ထွေးတင်ထားတာ ဖတ်ရပါတယ်။ ငရဲတထပ်ချင်းစီအလိုက် ဘယ်လိုအကုသိုလ်ကြောင့် ဒီအထပ်ကိုရောက်ရတယ်။ ဘယ်လိုခံရတယ်ဆိုတာကို ကိုအောင်ဇော်ထွေးအသေးစိတ်ရေးထားတာကို
https://steemit.com/myanmar/@aungzawhtwe/ngyae-kiyawstap-ae-kang# linkမှာ
ဖတ်ရှု့နိုင်ပါတယ်။ကျွန်တော်ရေးချင်တာကတော့ ငရဲဆိုတာကို လူတွေကရှိတယ်ဆိုတာသိကြပေမဲ့ ဘာဖြစ်လို့မကြောက်ကြတာလဲ။ ကိုယ်တိုင်မခံစားရသေးလို့ပဲလို့ကျွန်တော်တော့ ထင်တယ်။နောက်ပြီးငါတော့မရောက်လောက်ပါဘူးလို့လည်း ယုံကြည်နေကြတယ်လို့ ကျွန်တော်မြင်တယ်။ တချို့ ဆိုအကုသိုလ်တွေလုပ်နေလို့ဘေးလူက"မင်းငရဲကြီးမယ်ပြောတဲ့အချိန်မှာ ဒီလူက"ငရဲကြီးတော့ ငရဲလေးကို
နိုင်တာပေါ့"လို့ ပြန်ပြောတယ်ဗျာ။ ဒါငရဲအကြောင်းကောင်းကောင်မသိလို့ပါ။ ငရဲကျရင်ဘယ်လိုခံစားရတယ်ဆိုတာ သူသိရင်ဒီလိုဘယ်ပြောရဲမလဲ။

crd-org-source
ငရဲနဲ့ပက်သက်ပြီး လက်တွေဆန်တဲ့ ဥပမာတစ်ခုနဲ့ကျွန်တော်တင်ပြပါရစေ။ လွန်ခဲ့တဲ့ခုနှနှစ်လောက်တုံးကဖြစ်မယ်။ နော်ဝေနိုင်ငံမှဘူမိဗေဒပညာရှင်တဖွဲ့ဟာ ကမ္ဘာ့အတွင်ပိုင်းကိုလေ့လာဖို့ တွင်းတတွင်းတူးခဲ့ပါတယ်။ တစ်မိုင်သာသာလောက်မှာတွင်းတူးတဲ့ကာဘိုက်အသွားဟာ လေဟာနယ်ထဲရောက်သွားတဲ့အတွက် ပညာရှင်များ
က တွင်းထဲကို ရေဒါစက်ထည်ကြည့်ရာ အပူချိန်မှာ၂၀၀၀F°ခန့်ရှိပြီး နာကျင်စွာ ဟော်ဟစ်ဆူညံ့သံများကိုရေဒါ့ဖြင့်ဖမ်းယူသိရှိခဲ့ရပါတယ်။ ထိုအချင်းအရာမှာ ဘာကြောင့်ဖြစ်ရသည်ဆိုသည်ကို လေ့လာသောအခါငရဲပြည်ဖြစ်နိုင်ကြောင်း သိရှိခဲ့ရပါတယ်။ ထိုအခါဘူမိဘေဒပညာရှင်များဟာ ငရဲပြည်အကြောင်းအား စိတ်ဝင်စားသဖြင့် ဗုဒ္ဓဘာသာဘုန်ကြီးများထံမှ ( လျောက်တင်)စုံစမ်းရာ ဆရာတော်များမှ ငရဲပြည်ရောက်စေတဲ့ အကြောင်းတရားတွေကို ( ဟောပြ)ပြောပြတဲ့အတွက်အင်မတန်တုန်လှုပ်ခြောက်ခြားကာ ပညာရှင်တော်တော်များများ သာသနာ့ဘောင်သို့ ဝင်ရောက်ကြတယ်ဆိုတာကို မဂ္ဂဇင်းများ၍ပါသလိုဆရာတော်ဦးသုမလည်း ဗွီဒီယိုဖိုင်များဖြင့် ဟောကြားခဲ့သည်များကို အားလုံးနာဖူးကြမှာပါ။

crd-org-source
ကျွန်တော်steemitအဖွဲ့ကြီးအား ပေးချင်တဲ့messageက ကျွန်တော်တို့ကမ္ဘာမြေကြီးနဲ့ငရဲပြည်ဟာ ကိုးယူဇနာကွာဝေးပါတယ်။ တစ်ယူဇနာကို သုံးမိုင်ဆိုတော့ ၂၇မိုင်ကွာဝေးပါတယ်။ အခုတစ်မိုင်ကျော်ကျော်လေးနဲ့ ငရဲပြည်ကိုရောက်တယ်ဆိုတော့ ဟုတ်ရဲ့လားလို့ စဉ်းစားစရာပေါ့။ ဒါပေမဲ့ဒီခေတ်ဒီအခါက လောဘဒေါသတွေများလွန်းတဲ့အတွက် ငရဲဆိုတာပုံပြင်မဟုတ်ပဲတကယ်ရှိကြောင်း ဘယ်လောက်ကြောက်စရာကောင်းကြောင်း လူတွေကိုသတိပေးတဲ့အနေနဲ့ ပေါ်လာတယ်လို့ ကျွန်တော်တော့ယူဆတယ်။ နောက်တစ်ခုက ငရဲပြည်မှာရှိတဲ့အပူချိန် 2000F°ဖြစ်တယ်ဆိုတော့ရေဆူအမှတ်(212F°)ထက် ၁၀ဆနီးပါးပူနေတာကိုသိရှိရပါတယ်။ ဒါတောင် ငရဲပြည်ရဲ့ပတ်ဝန်းကျင်အပူရှိန်ပဲရှိပါသေးတယ်။ ငရဲမီးအပူဆိုဘယ်လောက်တောင်ပူမလဲ။စဉ်းစားကြည့်ကြပါဗျာ။ အဲဒီငရဲမီးအပူထဲမှာ ငရဲသားတွေဟာ လူပြည်နှစ်နဲ့ပြောမယ်ဆိုရင် နှစ်ပေါင်းသန်နဲ့ချီပြီး ခံကြရပါတယ်။ အကုသိုလ်အနည်းများအလိုက် သက်တမ်းတော့မတူကြဘူးပေါ့။ ဒီမှာသတိပြုစရာတစ်ချက် ငရဲမီးဆိုတာ ငရဲကျနေသူများကိုယ်တိုင်မွှေးခဲ့တာပါလို့ အရင်postတွေတုံးကဖေါ်ပြခဲ့ပြီးပါပြီ။ ဒါကြောင့်ငရဲပြည်မှာအပူရှန်အလွန်ပြင်းမေမဲ့အဲဒီအပူဒဏ်ကို ငရဲခံနေရသူတွေပဲခံရပြီး ငရဲသားကြီးတွေကမခံရပါဘူး။
တချို့ ရိုင်းတဲ့သူတွေကို ကျွန်တော်ပြောဖူးတယ်။ " မင်းတို့ဒီလောက်ရိုင်းနေတာငရဲကျမှာ မကြောက်ဖူးလား" လို့ပြောတော့သူတို့က "
ဒီဘဝ ဒီခန္ဓာ နောက်ဘဝနောက်ခန္ဓာပေါ့"လို့ ပြန်ဖြေကြတယ်။ အလွန်မှ တရားမဲ့ပါလားလို့ စိတ်ထဲကတွေးမိတယ်။ ကျွန်တော်သူတို့ကို ဆက်ပြောမိတယ်။ "ငရဲကိုခဏလောက် သွားကြည့်လို့ရတယ် အဲဒါက မင်းရဲ့လက်ကို မီးခြစ်နဲ့ခဏလောက်ရှို့ကြည့်မယ်ဆို
မင်းခံနိုင်မှာလားလို့ " မေးကြည့်တော့ "မခံနိုင်ဘူး" လို့ပြန်ဖြေပါတယ်။ အဲဒါနဲ့ကျွန်တော်လည်းဆက်ပြီး
" ဒီမီးခြစ်မီးလေးတောင် မခံနိုင်ပဲနဲ့ ဒီထက်အဆ၂၀နီးပါးပူတဲ့ ငရဲမီးဒဏ်ကို စက္ကန့်မလပ်နှစ်ပေါင်းများစွာ ခံရမဲ့အလုပ်မျိုးကို မင်းတို့ဆက်လုပ်သင့်လားမေးတော့ မဖြေနိုင်တော့ပါဘူး။ ဒီလူတွေကောင်းသွားလားလို့မေးချင်ကြပါလိမ့်မယ်။အခံပါတဲ့သူများကတော့ နည်းနည်းပြောင်းလဲသွားပေမဲ့ပါရမီအခံမပါတဲ့သူကတော့ ဆက်ရိုင်းနေကြတာပါပဲ။

crd-org-source
ကျွန်တော်တို့steemitအဖွဲ့သားများကို ပြောချင်တာလေးက ငရဲပြည်တကယ်ရှိပါတယ်။ ရောက်ဖို့လည်းအင်မတန်လွယ်ပါတယ်။ ငါကစိတ်ကောင်းရှိတာပဲ ငရဲတော့မကျလောက်ဘူးလို့တထစ်ချ မယုံလိုက်ပါနဲ့။ ဘဝဆိုတာ ကံစမ်းမဲထိုးနေတာမဟုတ်ပါဘူး။ လုံးဝကို ငရဲကလွတ်မဲ့ တရားတွေရှိနေရဲ့သားနဲ့ အသုံးမချနိုင်ခဲ့ဘူးဆိုရင်တော့ ဒီဘဝလူဖြစ်ရကျိုး မနပ်တော့ပါဘူး။ အကယ်၍ ဒီဘဝငရဲမကျခဲ့ဘူးဆိုရင်တော့ သံသရာလည်နေတဲ့တစ်ဘဝ ဝမှာငရဲကျဦးမှာပါ။ ငရဲကျပြီးဆိုရင်တော့နောင်ဘုရားပွင့်ပြီးတာတောင် လူဖြစ်ဖို့မသေချာတော့ပါဘူး။ ငရဲသားတွေရဲ့ဘဝဟာအချိန်တိုင်းအကုသိုလ်စိတ်ဖြစ်နေတဲ့အတွက် ငရဲခံရပြီးရင်လည်း များသောအားဖြင့် တိရိစ္ဆာန်ဘုံရောက်ပြန်ရော။ တိရိစ္ဆာန်ဆိုတာကလည်းနိုင်ရာစားဆိုတော့ အကုသိုလ်တွေဖြစ် ငရဲပြန်ရောက်နဲ့ အပယ်လေးဘုံကပြန်ထွက်ဖို့မလွယ်တော့ပါဘူး။ ယခုကျွန်တော်တို့ကြုံတွေ့နေရတဲ့ သာသနာဟာ ထာဝရအပယ်လွတ်နိုင်တဲ့ ဝိပသနာတရားများ ပေါ်ထွန်းနေတဲ့ သာသနာပါ။ လုပ်နိုင်ဖို့ပဲလိုပါတယ်။မအားဘူးလို့တော့ မပြောပါနဲ့။ သေသွားသူများဟာလည်း အားလို့သေသွားကြတာမဟုတ်ပါဘူး။ မအားတဲ့ကြားထဲကသေသွားကြတာပါ။ သေခြင်းတရားဟာ ကျွန်တော်တို့ရဲ့ လက်တကမ်းမှာပဲရှိပါတယ်။ ယူတတ်ကြပါစေ။
MSC-251
@mgmglattt
Replies (32)
ဟုဟု မှတ်သားထားပါမယ် ခညာ့
ကောင်းမှုစိတ်ကလေးများနှင့်ပျော်ရွှင်ချမ်းမြေ့ကြပါစေ
သာဓု သာဓု သာဓုပါ သားလေးရေ
ငရဲပြည်တစ်ကယ်ရှိတယ်ဆိုတာကို သိသာအောင် နော်ဝေနိုင်ငံက ဘူမိဗေဒပညာရှင်များရဲ့ အဖြစ်အပျက်လေးနဲ့ တင်ပြပေးသွားတာ သဘောကျနှစ်သက်မိပါတယ်။အဲဒီ နော်ဝေနိုင်ငံက ဘူမိဗေဒပညာရှင်များရဲ့ တွင်းထဲကို ရေဒါစက်ထည့်ပြီး စမ်းသပ်ကြည့်တဲ့အခါ ထွက်ပေါ်လာတဲ့ အော်ဟစ်ဆူညံသံ ဗီဒီယို ဖိုင်လေးကို facebook ပေါ်ကနေ သေချာနားထောင်လိုက်ရသေးတယ်ဗျ။အစ်ကိုက ငရဲပြည် ရဲ့ အပူချိန် နဲ့အကွာအဝေးကိုပါ သိရှိစေရန် ရေးပြထားတာ စေတနာတွေ အများကြီးတွေ့နေရပါတယ်။တရားအသိလေးတွေတိုးပြီး သတိလေးတွေပိုထားနိုင်အောင် တင်ပြပေးနေတဲ့ အစ်ကိုလည်း ကုသိုလ်တွေတိုးပွားပြီး ကျန်းမာ ချမ်းသာ လိုအင်ဆန္ဒကြည့်စုံပါစေ။
ကျွန်တော့် ဘဝမှာ အိမ်ထောင်ကျမှာနဲ့ 
ငရဲကျမှာကို အစိုးရိမ်ရဆုံးပါပဲ
အဲဒါကြောင့် အမြဲဆင်ခြင်နှလုံးသွင်းနေထိုင်ပါတယ်ဆရာ
တစ်လောကလုးံမှာ. ခေး ကိုက်ဆုးံပိုစ့်သည် ဤပိုစ်မျိုး ပင် ဖြစ်ပေသည်..
အလားတူ ပိုစ်မျိုး.. ရေးသားပြုစုနိုင်တဲ့သူ များ များ ပေါ် ပေါက်ပါစေ . သာဓု. သာဓု သာဓု ပါ ဆရာ
တကယ်မသိလို့ မကြောက်ကြတာပါ။တကယ်သိရင် အမှန်ကြောက်ပါတယ် ။ကျွန်တော်လည်း တကယ်မသိသေးဘူးအစ်ကိုရေ။
အမှန်တရားတွေမို့လို့ထာဝရမှတ်သားထားစေချင်တယ်
commetကိုကြည့်ခြင်းအားဖြင့် အန်တီလည်း
စိတ်ကောင်းရှိတဲ့သူပါ
ကျန်းမာပါစေခင်ဗျာ
commetကပဲ postလောက်ဖြစ်နေတယ်
တိုးတက်မဲ့သူတစ်ယောက်ရဲ့လက္ခဏာပါ
စိတ်သဘောထားနှုးညံ့သူတစ်ယောက်ဖြစ်မယ်လို့ခံစားရပါတယ်။
အိမ်ထောင်ကျမှာစိုးရိမ်တယ်ဆိုတဲ့ replyဟာမင်းကတော့နောက်လိုက်တာပဲ ဒါပေမဲ့ ဒီအချိန်ကာလမှာ အိမ်ထောင်မကျသေးတဲ့သူတွေက အခွင့်ရေးအသာဆုံးလို့ ငါတော့ယုံကြည်တယ်။ ဆရာကအိမ်ထောင်ကျပြီးသားဆိုတော့ဒီလိုပြောမှာပေါ့လို့မင်းကထင်မယ်။ ဒီအသိတရားတွေကို အိမ်ထောင်ကျပြီးမှသိခဲ့ရလို့ပါ။
ကြိုက်တယ်ဆိုကတည်းက ပါရမီဓာတ်ခံရှိလို့ပါ
ကြိုစားရင် ရကိုရမှာပါ။
မဟော်က ဝိဇ္ဇာဥာဏ်ရှိပြီးသားပါ
စရဏပဲလိုတော့တာပါ
fighting
ငရဲအကြောင်းလေးတင်ပြတော့ စာဖတ်သူအများစုလည်း သံဝေဂရစေပါသည်။ခုလိုတင်ပြတာ ကျေးဇူးတင်ပါတယ်
ဗဟုသုတများနှင့်ကောင်းသောပိုစ့်ပါ....
မရှိဘူးဆိုတဲ့သူကနဲနဲအတွေးအခေါ်နိမ့်တဲ့သဘောပါ အဟီး
ပြောစမ်းအူးမယ်
အဓိကရစေချင်တာလည်း သံဝေဂပါ
တရားအလုပ်ကသံဝေဂပါမှ အောင်မြင်မှာပါ
ကျေးဇူးပါ
ဟုတ်မယ်ဗျ
နည်းနည်းလေးမြှောက်ပေးလို့မရဘူး။ တစ်ကယ်ပါပဲ။
လိုက်နာပါ့မယ် ခင်ဗျာ 😊😊
ဟုတ်ကဲ့ ဆြာ မှတ်သားပါ့မယ်ရှင့်😊
ဟုတ်ကဲ့
ထာဝရမှတ်သားထားပါဗျာ
ယူတတ်ရင် (တရားသဘော)သင်ခန်းစာချည်းပါပဲ
ကိုယ်ကအစ အမှုမဲအမှတ်မဲ့နေကြလို့ပါ။
ကောင်းလိက်တာု
ကြောက်စရာကို ကြောက်စရာလို့မမြင်ပဲ အမှောင်ဖုံးနေမိတယ် အစ်ကိုရေးပြမှပဲ ဒီဘဝ ငရဲမကျလည်း သံသရာ ရှည်သရွေ့ တကွေ့သော ဘဝမှာတော့ ငရဲကျရမှာပါလား ပုထုစဉ်တွေဟာ ခြောက်ကမ်းပါးပေါ်လမ်းလျှောက်နေရသဘို အချိန်မရွေး ချောက်နက်ကြီးထဲ ကျသွားနိုင်ပါလားဆိုပီး ကြောက်မိပါတယ်။
Congratulations @mgmglattt! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPDo not miss the last post from @steemitboard:
SteemitBoard World Cup Contest - Home stretch to the finals. Do not miss them!
Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes
thank a lot
အရမ်းမှန်ပါတယ်ငါ့ညီရေ
ဒီလိုဘဝမျိုး ပြန်ရဖို့လုံးဝမလွယ်ပါဘူး
ရတုန်းကြိုးစားကြရအောင်လား
စာဖတ်ပြီးအသိတစ်ခုလောက်ရသွားရင်ကျေနပ်ပါပြီ
ကျေးဇူးပါ
Congratulations @mgmglattt! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPDo not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes