4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဘဝ

သတင်းတွေ မှုခင်းတွေ သတိထားဖတ်ကြည့်ရင်
ကျူးလွန်ခံရတဲ့သားကောင်အများစုဟာ
အမျိုးသမီးတွေချည်းပဲ။
Taxiသမားက မုဒိမ်းကျင့်သတ်ဖြတ်ခံရတဲ့ FDAက ဝန်ထမ်းအမျိုးသမီးလေး၊
အခု မင်္ဂလာဒုံမြို့နယ်က ရေမြောင်းထဲမှာ အမည်မသိ အမျိုးသမီးအလောင်းတစ်ခု ထပ်တွေ့ပြန်ပြီ။

အားလုံးသိကြတဲ့အတိုင်းပါပဲ။
ရန်ကုန်မြို့ကြီးဟာ လုံးဝမလုံခြုံတော့ပါဘူး။
အစစအရာရာ သတိထားပါ။
သွားသတိ စားသတိ လာသတိ အိပ်သတိ
အကုန်ရှိမှကို ကိုယ့်အသက်ကိုယ် စောင့်ရှောက်နိုင်မှာပါ။

လက်တားပြီး Taxi စီးမယ့်အစား
Grab တို့ Uber တို့စီးပါ။
သူတို့က ကားသမားရဲ့ ကိုယ်ရေးအချက်အလက်တွေ အကုန်ရပြီးသားဆိုတော့ အတိုင်းအတာတစ်ခုထိတော့ လုံခြုံပါတယ်။
ညဘက် တစ်ယောက်တည်း Taxiမစီးပါနဲ့။
မဖြစ်မနေစီးရမယ်ဆို တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေပါ။ ဘယ်နားရောက်နေပြီဆိုတာ ကားသမားကြားအောင်ပြောနေပါ။
တစ်ဖက်က ဖုန်းပြောမယ့်သူမရှိရင်တောင် ပြောနေဟန်ပြုပါ။

လက်နက်တစ်ခုခုဆောင်ပါ။
မောင်းချဓါး အသွားလေးလက်မအောက်ဆို လက်နက်မှုမမြောက်ဘူးလို့တော့ ကြားဖူးတာပဲ။
(နားလည်သူတွေ ဝင်ပြောပေးစေချင်ပါတယ်)
Pepper spray ဆောင်ပါ။
အရေးပေါ်ဘာမှမရှိရင် ဘော့ပင်ကို လက်နက်လို အသုံးပြုနိုင်ပါတယ်။
လည်ပင်းလို ပေါင်ကြားလိုနေရာကို တိုက်ခိုက်ပါ။
အန္တရာယ်ရှိလာပြီဆိုရင် မညှာပါနဲ့။
ဥပဒေက နောက်ပါ... ခံရမှာက ကိုယ်အရင်ပါ။

ခေတ်ကာလက Taxiသမားကို ခရီးသည်ကကြောက်
ခရီးသည်ကို Taxi သမားကကြောက်နဲ့ သံသယလောကကြီးဖြစ်နေတော့တာ။
မုဒိမ်းကောင် လူသတ်သမားတစ်ယောက်အတွက်
ကောင်းကောင်းမွန်မွန် Taxiမောင်းနေသူတွေခဗျာ
ရောယောင်မယုံသင်္ကာ အဖြစ်ခံရပါတယ်။
image

Taxiတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ကိုင်တွယ်လို့ရတာတွေ ကိုင်တွယ်သင့်ပါပြီ။
အခုက ကားမောင်းတတ်တဲ့လူ တက်မောင်း
ဘာထိန်းချုပ်မှုမှမရှိ၊ ဘာလုံခြုံမှုမှမရှိ။
အများပြည်သူရဲ့ လုံခြုံရေးကို ထည့်သွင်းစဉ်းစားပေးစေချင်ပါတယ်။

ရန်ကုန်ကို လုံခြုံစေချင်မိပါတယ်။
😰😰

8 upvotes $0.00

Replies (12)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: