4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Myanmar

ရန်ကုန်က ဘတ်စ်ကားမှတ်တိုင်၅၀၀ကို အဆင့်မြင့်ဖို့
ဒေါ်လာ၁၃သန်း သုံးမယ်ဆိုတဲ့သတင်း စကြားခါစက အတော်ဖုသွားသေးတယ်။
ဟာ... မှတ်တိုင်၅၀၀ကို အဲ့လောက်သုံးစရာလား
တောက်ရမ်းချမ်းသာနေတာလား ဘာညာတွေးမိသေးတယ်။

အမှန်တကယ်က ပြင်သစ်ကုမ္ပဏီတစ်ခုက လာရောက်ရင်းနှီးမြုပ်နှံတဲ့ ဒေါ်လာ(၁၃)သန်း။
သူတို့က ဒီမှတ်တိုင်တွေက သူတို့ပိုက်ဆံနဲ့သူတို့ အဆင့်မြှင့်မယ်။ အဲ့မှတ်တိုင်တွေမှာ လာကြော်ငြာမယ့်
ကြော်ငြာခတွေရဲ့ ၇၀%ကို သူတို့ယူမယ်။
၃၀%ကို အစိုးရကို ပေးမယ်။
အစိုးရက တစ်ပြားမှ မကုန်တဲ့အပြင် ပြည်သူတွေကို
ရှယ်ဘတ်စ်ကားမှတ်တိုင်ကြီးတွေ လုပ်ပေးနိုင်မယ်။
ဒီဘတ်စ်ကားမှတ်တိုင်တွေ အဆင့်မြှင့်ဖို့မှာ အသုံးပြုရမယ့် မြန်မာဝန်ထမ်းတွေ အနှစ်(၂၀)စာ အလုပ်ပေးထားရမယ်။ ကဲ.... ဘာမကျေနပ်စရာရှိလို့တုန်း။

အရင်ခေတ်ကလည်း ဘတ်စ်ကားမှတ်တိုင်တွေမှာ ကြော်ငြာတဲ့ လုပ်ငန်းတွေ ရှိနေတာပဲ။
ဘယ်နား တိုးတက်သွားလို့လဲ။
အခုတင်ဒါရသွားတဲ့ FMI Decaux ဆိုတာ
ကမ္ဘာ့အဆင့်(၁) Outdoor Advertising ကုမ္ပဏီနဲ့ FMI နဲ့ ဖက်စပ်ကုမ္ပဏီ။
မှတ်တိုင်တွေမှာ LED display တွေနဲ့ GPSတပ်ထားတဲ့ ဘတ်စ်ကားတွေ မှတ်တိုင်ဝင်မယ့်အချိန်ကို ပြပေးမယ်။
ဘယ်အချိန်လာနိုးနိုးမျှော်နေစရာ မလို။ ငါးမိနစ်ကြာဦးမယ်ဆို ငါးမိနစ်ပြပေးမယ်။ သုံးမိနစ်ကြာဦးမယ်ဆို သုံးမိနစ်ပြပေးမယ်။ ကားမှတ်တိုင်တွေထဲ ဖုန်းအားသွင်းပေါက်တွေတောင် ပါဦးမယ်။
စိတ်ကူးတောင် မယဉ်ခဲ့ဖူးတဲ့ အခြေအနေတစ်ခုကို မြန်မာပြည်သူတွေရမှာလေ။

အချို့ကကျ ပရော့ဂျက်လို့ မြင်တာနဲ့ ငါတို့မမှောက်လိုက်ရတဲ့ ဇီးသီးဗန်းကြီးတွေဆိုပြီး သရေတမြားမြားနဲ့ ထိန်းမနိုင်သိမ်းမရ အသံထွက်လာတော့တာ။
ငါတို့ ခိုးဖူးသလို သူတို့ခိုးတော့မှာပဲဆိုတာချည်း တွေးနေတာ။
သူစင်္ကာပူမှာ ကျောင်းတက်တုန်းက ဘတ်စ်ကားမှတ်တိုင်တွေမှာ ဘာအဆင့်မြင့်နည်းပညာမှ မပါဘူး၊ စင်္ကာပူထက်တောင် ကုန်ကျစားရိတ်များတယ်ဆိုတဲ့ ပုံစံ ထဖောင်းထုတာ။

အေးလေ... မြန်မာပြည်ကလူတွေက စင်္ကာပူတောင် မရောက်ဖူးကြရှာဘူးဆိုတော့ ဦးလေးကြီးပြောတာ ယုံတော့မပေါ့။ အဟိ
ထားပါ... ပြင်သစ်ကုမ္ပဏီက သူ့ပိုက်ဆံနဲ့သူ ရင်းနှီးမြုပ်နှံတာ၊ သူ့ဘာသာ ဆောက်မှာ
အစိုးရကတစ်ပြားမှမပေးရဘူး၊ ပြည်သူ့ဘဏ္ဍာ တစ်ပြားမှမပါဘူး။
သူ့ဘာသာ ဒေါ်လာ၁၃သန်းမကလို့ ၃၁သန်းကုန်ကုန်
ဘယ်အစိုးရက ခိုးလို့ရတာကျနေ...
များများအကုန်ခံလေ ပြည်သူက များများရလေ။
ခင်ဗျားက ဘာလို့ ကြားထဲက ရင်ဘတ်ဖိနေတာတုန်း ဦးရယ်။
ငါတို့လက်ထက်တုန်းကလို လက်သိပ်ထိုးလေး မပေးရကောင်းလား
မြစ်ဆုံကို ရောင်းစားတုန်းကလိုထက်များ %အများကြီး ရသွားလေမလား ကြိတ်မနိုင်ခဲမရ ဖြစ်နေတာများလား။

အစိုးရကလည်း ညံ့ချက်။
ဘာလို့ ပြင်သစ်ကုမ္ပဏီကို တင်ဒါပေးရတာတုန်း။
သူတို့ဘာသာဆောက်တော့ ဘယ်လိုခိုးကြမတုန်း။
ဟိုးအရင်ကလို ပြည်တွင်းကုမ္ပဏီတွေတင်ဒါခေါ်
Under Table တွေနဲ့ အိတ်ထဲကောက်ထည့် ။
တင်ဒါဈေးကို ပြားစွန်းကအစ အတိအကျနဲ့ တင်တဲ့ကုမ္ပဏီက ရသွား။ တောက်ကျိုးနည်းကွာလတီနဲ့ ကိုယ့်အတွက်ကျန်အောင်ဆောက်ချ။ သူလည်းရ ကိုယ်လည်းရ။ အခုအစိုးရ အဲ့လိုမလုပ်တတ်အောင်ညံ့တော့ ဝန်ကြီးနှစ်နှစ်လုပ်တာ စက်ဘီးစုတ်လေးနဲ့ ညားရှာတယ်။
ညံ့ချက်

မြန်မာနိုင်ငံ ဘာလို့ ဆင်းရဲသွားလဲ အဝေးကြီး တွေးစရာကို မလိုဘူး။
ရာထူးကြီးကြီးဟောင်းတစ်ယောက်ရဲ့ အတွေးအခေါ်တွေ အရေးအသားတွေမှာတင် ပြည်သူအပေါ် ဘယ်လောက်စေတနာမဲ့တယ်၊ ဘယ်လောက်အထင်သေးတယ်ဆိုတာ အသိသာကြီး။
သယံဇာတထုတ်ရောင်းဖို့နဲ့ အိတ်ထဲထည့်ဖို့ကလွဲရင်
ဘာမှမရှိတဲ့ အခွံဟောင်းလောင်း ဦးနှောက်တွေကြောင့်
ရစရာမရှိအောင် စုတ်ပြတ်သွားတာ။
ကိုယ့်အလှည့်က ဘေခဲ့တာတင် အားမရဘူး
နောက်လူအလှည့်မှာ မရှိရှိတဲ့ဘဏ္ဍာလေးနဲ့ ရသလောက် လုပ်ပေးနေတာ အလုပ်ဖြစ်ရင် ပါးစပ်ကထုတ် ဖောင်းထုရဲသေးတယ်...မျက်နှာပြောင်ချက်ဆိုတာ လက်လန်တယ်။ လက်လန်တာကိုကျော်ပြီး ခြေပါခွင်တယ်။
အံ့သြပ။

ဦးလေးရယ်... ကိုယ်ချင်းစာပါတယ်။
အစိုးရအပြောင်းအလဲမှာ ဦးလေးတို့လို အစိုးရဟောင်း လော်ဘီတွေရော သားတို့လိုအတိုက်အခံဟောင်း လော်ဘီတွေရော ဘာရေးရမှန်းမသိ ရေးကွက်ပျောက်နေတာကို။
ရေးစရာမရှိရင် သားလို့ နှာဘူးထနေပါလားဟင်။
အကုသိုလ်နည်းတာပေါ့... ဂလု

သိပ်အားနေရင်လည်း ဘတ်စ်ကားမှတ်တိုင်မှာ
ဂျေဒိုးနပ်လေး ဂျဲလ်မက်လေး ဗန်းထဲထည့် သွားရောင်းနေပါလား ဦးလေးရယ်။
ဗန်းတော့ မြဲမြဲကိုင်နော်
ခညားတို့က ဗန်းဆို ဗန်းမှောက်မယ်ဆိုတာချည်းပဲမို့
စိတ်မချလို့မှာရတာရယ် ..... 🤔🤔

ကတောက်စ်
မရေးတော့ပါဘူးဆိုမှ ဒီလက်က ရေးမိပြန်ပြီ
😖😖

8 upvotes $0.00

Replies (9)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: