4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

လူသားဆန်တဲ့ ပညာရေး

လူသားဆန်တဲ့ပညာရေး(Humanistic Education) ကို မိတ်ဆက်သဘောလောက် ဆွေးနွေးကြည့်ပါမယ်။

လူသား ဆန်တယ်ဆိုတာ ဘာလဲ။ ပညာရေးလို့ ပြောလိုက်ရင် တွေးခေါ်စဉ်းစားတတ်အောင် လေ့ကျင့်ပေးရမယ်။ အသိဉာဏ် ပိုင်းဆိုင်ရာကိုပဲ ဦးစားပေးပြောကြတယ်။ စိတ်ခံစားမှုပိုင်းဆိုင်ရာကို လစ်လျူရှုရုံမက စွန့်ပယ်လို့ပါ ထားကြတယ်။ လူ သားဆန်တဲ့ လူသားတစ်ယောက်ဆိုတာ အသိဉာဏ် ပိုင်းဆိုင်ရာ၊ တွေးခေါ်စဉ်းစားမှုပိုင်းဆိုင်ရာ (cognitive elements) ပြည့်ဝဖို့ လိုအပ်သလို စိတ်ခံစားမှုပိုင်းဆိုင်ရာ (affective elements) ပြည့်ဝဖို့လည်း အင်မတန် အရေးကြီးလှ ပါတယ်။ ဒါ တွေကို အလေးပေးပြောကြားခဲ့တဲ့ စိတ်ပညာရှင် Carl Rogers ရဲ့ သီးအရီကို အခြေခံပြီး ဆွေးနွေးသွားပါမယ်။

လေ့လာသူတွေနဲ့ လေ့လာခြင်းကို ပံ့ပိုးကူညီပေးမယ့် facilitator ရယ်ရှိ မယ်။ လေ့ လာခြင်း ကို “facilitation” လုပ်တာ အောင်မြင်ခြင်း မအောင်မြင်ခြင်းဟာ သင်ကြားမှုနည်းစနစ်တွေ၊ သင်ရိုးညွှန်းတမ်းတွေ၊ သင်ထောက်ကူပစ္စည်းတွေ၊ ပို့ချ ချက်တွေ အပေါ် အဓိကမူ တည်တာ မဟုတ်ပါဘူး။ ဒါတွေကို လိုတဲ့အချိန်မှပဲ တစ်ခါတလေ ယူသုံးရုံပါ။ အဓိက အရေးကြီး တာက facilitator နဲ့ လေ့လာသူတွေကြား တည်ရှိနေတဲ့ လူသားဆန်တဲ့ ဆက်နွှယ်မှုကို ဖြစ်ပေါ်စေ တဲ့ “attitudinal qualities” တွေပါ။ အရင်ဆုံး “attitude” ကို စိတ်ပညာမှာ ဖွင့်ဆိုပုံ တင်ပြပါ မယ်။ “attitude” ဆိုတာ “stimulus” တစ်ခုခုကို အပြုသဘော ဒါမှမဟုတ် အပျက်သဘော ဆန်ဆန် အကဲဖြတ် တုံ့ပြန်ခြင်းပဲ ဖြစ်ပါတယ် (Tesser & Shaffer)။ ပညာရေး ဥပဒေပြု ပြင်ပြောင်းလဲဖို့အတွက် ဆန္ဒပြချီတက်လာတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူတွေကို သိန်းစိန်အစိုးရရဲ့ ရဲတွေက အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခြင်း ဆိုတဲ့ “stimulus” ရှိတယ်။ အဲဒီstimulus ကြောင့် ကျွန်တော့်စိတ်မှာ အပြုသဘောဆန်ဆန် အကဲဖြတ် တုံ့ပြန်မှု ဖြ စ်ပေါ်လာပြီး ဒီလုပ်ရပ်ဟာ အာဏာရှင်ဆန်ဆန် ယုတ်မာရက်စက်ခြင်းလို့ မြင်လာတယ်။ ဒါဟာ ကျွန်တော့်စိတ်မှာ ဖြစ်ပေါ်လာတဲ့ “attitude” ပဲ။ ဒီ “stimulus” ကပဲ သိန်းစိန်စိတ် မှာကျတော့ “ဟိုကရိုက်လို့ ဒီကပြန်ရိုက်ရပါတယ်” ဆိုတဲ့ အပျက်သဘောဆန်ဆန် အကဲဖြတ် တုံ့ပြန်တဲ့ “attitude” ဖြစ်ပေါ်လာတယ်။

လေ့လာခြင်းကို သင်ပေးလို့ ရပါသလား။ Carl Rogers ကတော့ မရဘူးလို့ တိုက်ရိုက် မဖြေပေမယ့် ထိရောက်တဲ့ စကားကို ပြောသွားပါတယ်။ “သင်ကြားပေးခြင်းဆိုတာ အလွန်အကျွံ တန်ဖိုးထားလွန်း၊ အထင်ကြီးလွန်းစွာနဲ့ လုပ်ဆောင်နေခြင်းပဲ” တဲ့။ လူတစ်ယောက်က အခြားလူတွေကို သင်ပေးလို့ရတယ်ဆိုတာ မဆိုစလောက်ပါ။ facilitator က လေ့လာသူ ကိုယ်တိုင် ဦးဆောင်လေ့လာတဲ့ လေ့လာခြင်းမျိုး ဖြစ်အောင် ပံ့ပိုး ကူညီပေးရုံပဲ တတ်နိုင်တာပါ။ facilitator ကိုယ်တိုင်က လေ့လာသူဖြစ်နေရမယ်။ အစဉ်အလာပညာရေးမှာလို အကုန်သိ အကုန်တတ် ထင်နေပြီး အာဏာနဲ့ အပေါ်စီးကနေ သင်ကြားပေးခြင်း မဟုတ်တော့။ facilitator ကိုယ်တိုင်က လေ့လာ သူတစ် ပိုင်းဖြစ်နေသလို လေ့လာသူတွေကိုလည်း ပံ့ပိုးပေးရင်း “ပညာလေ့လာသူတို့ ရပ်ဝန်း” (community of learners) ဖြစ်အောင် အားထုတ်ရပါမယ်။ ဒီအတွက်ကြောင့် facilitator နဲ့ လေ့လာသူတွေ နှစ်ဖက်လုံးရဲ့ “attitudinal qualities” တွေက ထိပ်တန်းက အရေးပါနေတာပါ။ ပညာလေ့ လာသူတို့ရပ်ဝန်းဆိုတာ သိချင်စိတ်ကို ပြင်းပြစေတယ်။ စူးစမ်းမေးမြန်းတာကို အစဉ်တံခါးဖွင့်ထားတယ်။ ဒီလိုရပ်ဝန်းကနေ ပဲ အမှန်တ ကယ်လေ့လာသူတွေ၊ ဖန်တီးမှုအားကောင်းတဲ့ ပညာရှင်တွေ ပေါ်ထွက်လာနိုင်တာပါ။ သူတို့တွေကသာ အစဉ် ပြောင်းလဲနေတဲ့ ခေတ်သစ်ကမ္ဘာမှာ ရှင်သန်နိုင်မယ်။ အစဉ် အလာပညာရေးမှာဆို သင်ကြားပေးသူက သင်ရိုးညွှန်းတမ်းမှာ ပါတဲ့အတိုင်း တပည့်တွေကို “ပိုးသတ်ထားတဲ့ ဖန်ပြွန်ကနေ ဓာတ်ပြုအရည်တွေ လောင်းထည့်လိုက်သလို” ဘာစိတ်ခံစား မှုမှ မပါဘဲ (လူသားမဆန်စွာ) “knowledge” တွေကို ကူးပြောင်းပေးလိုက်ပါတယ်။ အဲဒီလို သင်ကြားပေးခြင်းဟာ မပြောင်းလဲဘဲ သေနေတဲ့ ကမ္ဘာမှာ လူလာဖြစ်ရင်တော့ အဆင်ပြေ လိမ့်မယ်။ အစစအရာရာ အမြဲပြောင်းလဲနေတဲ့ လူ့ကမ္ဘာ မှာတော့ ရှင်သန်နိုင်မှာ မဟုတ်တော့။

Facilitator မှာ ရှိရမယ့် attitude တွေထဲက တစ်ခုကတော့ စစ်မှန်ရိုးသားခြင်း (realness) ပါ။ facilitator ဟာ လေ့လာသူ တွေနဲ့ ဆက်ဆံတဲ့အခါ “professional facade” လို့ခေါ်တဲ့ ရာထူးအဆောင်အယောင် ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ မဆက် ဆံတော့ ဘူး။ လေ့ လာသူတွေလို သူလည်းပဲ လူသားတစ်ယောက်အနေနဲ့ ရိုးသားပွင့်လင်းစွာ ဆက်ဆံတယ်။ စိတ်ထဲမှာ တစ်မျိုး ခံစားပြီး ပြောဆိုပြုမူတော့ ရာထူးအဆောင်အယောင်နဲ့ လိုက်အောင် ဟန်ဆောင်ထားတာမျိုး မရှိတော့ဘူး။ လူ သားတစ်ယောက်ဖြစ်တဲ့ facilitator အနေနဲ့ စိတ်လက်ကြည်သာနေချိန် ရှိသလို စိတ်ညစ်ညူးနေချိန်လည်း ရှိနိုင်တာပဲ။ အိမ်ကမိန်းမနဲ့ အဆင်မပြေလို့ စိတ်မကြည်မသာ ဖြစ်လာတဲ့ facilitator ဟာ လေ့လာသူတွေအပေါ် အပြစ်ပုံချခြင်းထက် “ငါတော့ ဒီနေ့ မိန်းမနဲ့ အဆင်မပြေဖြစ်လာလို့ စိတ်ညစ်နေတယ်ကွာ၊ မင်းတို့ကလည်း မီးလောင်ရာ လေပင့်မလုပ်ကြနဲ့ ဟေ့” ဆိုပြီး ပွင့်ပွင့်လင်းလင်း ဖွင့်ပြော ထားသင့်တယ်။ အစဉ်အလာပညာရေးမှာတော့ မိန်းမနဲ့စိတ်တို လာတာကိုတော့ ဖွင့်မပြောဘဲ ဟန်ဆောင်ထားပြီး ရှိသမျှဒေါသ လေ့လာသူတွေအပေါ် လွှဲချတတ်တယ်။

Facilitator ဟာ ရိုးသားပွင့်လင်းရမယ် ပြောလိုက်တာဟာ သူ့မှာဖြစ်လာသမျှ “negative feelings” တွေကို လေ့လာ သူတွေဆီ ပုံချခြင်းကို ပြောတာမဟုတ်ပါဘူး။ အဲဒီခံစားမှုတွေကို ဖုံးကွယ်ဟန်ဆောင်ထားပြီး လေ့လာသူတွေအပေါ် အပြစ်ပုံမချဖို့ ဆိုလိုတာပါ။ စစ်မှန်ရိုးသားခြင်း ကို နောက်ထပ်ဖွင့်ဆိုရရင် မလိမ်ဖို့ပါပဲ။ facilitator ဟာ အရာရာကို သိတယ်။ လေ့လာသူမေးလာသမျှကို ဖြေနိုင်တယ်။ သူပြောသမျှကလည်း မှန်တယ် အစရှိသည်ပေါ့။ facilitator ဟာလည်း လူသားဖြစ်တဲ့အတွက် သူအထူးပြုလေ့လာထားတဲ့ ဘာသာရပ်တစ်ခုမှာတောင် အကုန်မသိနိုင်ပါဘူး။ သူပြောသမျှက လည်း မမှန်နိုင်ပါဘူး။ ဒါကို သူကလည်း ဟန်မဆောင်ဘဲ ဖွင့်ပြောရမယ်။ ဒါမှသာ လေ့လာသူတွေက facilitator လည်း လူသားဖြစ်တဲ့အတွက် မှားတတ်သလို ငါတို့လည်း မှားမှာကို ကြောက်စရာမလိုဘူး ဆိုပြီး မသိသေးတာတွေကို မေးရဲ စူးစမ်းရဲလာပြီး ဖန်တီးမှု အားကောင်းလာမယ်။ စစ်မှန်ရိုးသားခြင်း ဆိုတာ နည်းစနစ် “technique” တစ်ခုမဟုတ်ပါဘူး။ attitude ပါ။ အဲဒီတော့ တကယ် စစ်မှန်ရိုးသားခြင်း မရှိဘဲ နည်းစနစ်တစ်ခုအနေနဲ့ ဟန်ဆောင်သုံးလို့ မရပါဘူး။

Facilitator ဟာ လေ့လာသူတစ်ဦးချင်းစီကို ဘယ်သူနဲ့မှမတူတဲ့ “unique” လူသားအဖြစ် လက်ခံရမယ်။ အဲဒီလို လူသားအဖြစ် လက်ခံထားပြီး လေ့လာသူတစ်ဦးချင်းစီရဲ့ ခံစားချက်တွေ၊ အတွေးအခေါ်တွေကို တန်ဖိုးထားရမယ်။ ဒီလို လက်ခံပေးခြင်း၊ တန်ဖိုးထားခြင်းတွေဟာလည်း “unconditional” ပဲဖြစ်ရမယ်။ facilitator အကြိုက် လိုက်ပြောမှ လက်ခံ တာမျိုး မဖြစ်ရပါဘူး။ အဲဒီလို attitudes တွေရှိဖို့အတွက် အခြေခံ အချက်ကတော့ ယုံကြည်မှု “trust” ပဲ။ လူသားဆိုတာ ရေခံမြေခံကောင်းတဲ့ ပတ်ဝန်းကျင် မှာသာ ဖိနှိပ်ချုပ်ခြယ်မှုမရှိဘဲ လွတ်လပ်စွာ ရှင်သန်ခွင့်ရမယ်ဆိုရင် ကောင်းမွန်တဲ့ အရည် အသွေးများစွာ ဖွံ့ဖြိုးလာနိုင်တယ်လို့ ယုံကြည်ခြင်းပဲ။ acceptance‚ prize‚ trust စတာတွေကလည်း realness လိုပဲ နည်းစနစ်မဟုတ်တဲ့ attitude တွေဖြစ် တဲ့အတွက်ကြောင့် ဟန်ဆောင်ပြုံးလို့ လေးစားချင်ယောင်ဆောင်လို့ မရပါဘူး။ facilitator ရဲ့ အပြုအမူကို ကြည့်ပြီး သိနိုင်ပါတယ်။ ဥပမာ နားထောင်ခြင်းပေါ့။ Carl Rogers ရဲ့ စာသင်ခန်း သုတေသန တွေအရ စာသင်ချိန်ရဲ့ ၇၅% ကို သင်ကြားပေးသူက လက်ဝါးကြီးအုပ်ထားပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ၁၀၀% အပိုင်စီးထားပါတယ်။ နားထောင်တယ်ဆိုရင်လည်း မှန်ခြင်း မှားခြင်းကိုပဲ အာရုံစိုက်လေ့ ရှိပါတယ်။ ဖြစ် သင့်တာက လေ့လာသူ ဘာကိုပြောနေလဲ။ ပြောနေတာရဲ့နောက်က ခံစားချက်တွေ၊ အတွေးအခေါ်တွေက ဘာလဲ။ ဘာကြောင့် ဒါတွေကိုပြောနေတာလဲ။ ဒါတွေကို သိအောင် အမှန်တကယ်နားထောင် ရမှာပါ။ သိပ္ပံလောကမှာ “objective truth” ဆိုတာကို မရောက်နိုင်သေးဘူး။ ပိုပိုပြီး ချဉ်းကပ်နိုင်ဖို့ပဲ ကြိုးစားနေရတာပါ။ ဒါ့ကြောင့် facilitator အကဲဖြတ်လိုက်တဲ့ မှန်ခြင်း မှားခြင်းတွေဟာ “relative” တွေပါ။

Facilitator ဟာလေ့လာသူကို အမှန်တကယ် နားထောင်မှုပေး သလို လေးလေး နက်နက်လည်း တုံ့ပြန်ဆွေးနွေးပေးရပါ မယ်။ အဲဒီအခါမှသာ လေ့လာသူအပေါ် “empathetic understanding” ရှိလာနိုင်မှာပါ။ “empathetic understanding” ဆိုတာ လေ့လာသူကို ပြင်ပကနေ ရှုမြင်သုံးသပ်ပြီး နားလည်တာမျိုးမဟုတ်ပါဘူး။ facilitator ကိုယ်တိုင် လေ့လာသူနေရာ ၀င်ခံစားပြီး လေ့လာသူလို တွေးခေါ်စဉ်းစားနိုင်အောင် ကြိုးစားလို့ရလာတဲ့ နားလည်မှုမျိုးပါ။ မလွယ်ပါဘူး။ ဒါပေမယ့်လည်း အဲဒီလို နားလည်မှုရှိမှသာ လေ့လာသူရဲ့ ခံစားချက်တွေ၊ တွေးခေါ်ပုံတွေကို ယထာဘူတ ကျလာအောင် facilitator က ကူညီပံ့ပိုးပေးနိုင်မှာပါ။

image
Writer by@minhtikesan

5 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: