4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အမေ့စကားသံ …… ၎

မနေ့ကတော့ ကျနော့်ဘဝ အတော်လေးသာယာတယ်လို့ ဆိုရပါမယ် ။ ရာသီဥတုက ကိုယ့်ဘက်မှာရှိနေခဲ့တော့လည်း လခထုတ်ပြီး ကြိုတင်စီမံကိန်းလုပ်ထားတဲ့အတိုင်း အကောင်အထည်ဖော်ပါတော့တယ် ။

ဘဝတူ လကုန်ခါနီး အကြွေးယူသူ အပေါင်းအသင်း၂ဦးနဲ့အတူ Beer ဆိုင်ကို ထိုင်ဖြစ်ကြကြတယ်ဗျ ။ ဆိုင်ကို ရောက်တာနဲ့ စားပွဲထိုးက အမြည့်ပဲလှော်ခွက်အရင်ချပြီး ဘာမှာမလဲမေးလာတော့ Beer 3 cups မှာလိုက်တယ် ။

FB_IMG_1527779877229.jpg

ခနအကြာမှာ စားပွဲထိုးလာချတဲ့ဘီယာခွက်ကိုလက်မြှောက်ပြီး ချီးယားတောင် အော်လိုက်ကြပြီး သောက်ရင်း ပဲလှော်မြည်းရင်း သူငယ်ချင်းတဦးက " ဟာ လခထုတ်ထားတာငွေရှိပါတယ်ဟ ! အမြည်းစားစရာမှာကြမယ် ။ ပဲလှော်ချိန်မဟုတ်သေးဘူး " ဆိုလိုက်တော့ နဂိုကမှ ဂျိုကြွနေတဲ့ ကျနော်တို့ နှစ်ယောက်က မှာတော့တာပေါ့ဗျာ ။

တကယ်အမြည်းစားတာက ကျနော်တို့ နှစ်ယောက်ပါ ။ စပြီး မှာတဲ့သူက ဘီယာသောက်တိုင်း စကားပေါနေကျလေ ။ သူ့ စကားကို ကျနော်တို့ က အမြည်းစားရင်းနားထောင်ရတာ သူ့ စကားအပြတ် အမြည်းလဲအကုန်ဆိုပါတော့ ။

သူက စကားအရှိန်ပြတ်လို့  အမြည်းစားမယ်လုပ်ရင်
အမြည်းကကုန်
အမြည်းကုန်တော့ အမြည်းမှာရင်း ဘီယာထပ်မှာ
ဘီယာထပ်သောက်ရင်း သူကစကားပေါ အမြည်းကကုန်
ဒီလိုနဲ့ စားပြီးသောက်ပြီး ကုန်ကျသမျှ ၃ဦးခွဲရင်ညီတူဆိုတော့ ကျနော်တို့ ၂ဦးက အများဆုံးစားရတော့တာပေါ့ ။

FB_IMG_1527780147531.jpg

photo crd # facebook

ဟေ့ ဝိတ်တာ ပိုက်ဆံရှင်းမယ် ခပ်တင်းတင်းပြောတတ်သော ဒီကောင့်အကျင့်ကတမျိုးဗျ ။ ဘာလို့ လဲမေးရင် နောက်၂ပတ်ကြာ သူဒီဆိုင်ထိုင်ရင် ဝိတ်တာတွေက အမြည်းမမှာဘူး ဘိုင်ပြတ်ပြီလား နောက်တတ်လို့  သူလဲလခထုတ်ချိန်မှာဟခုလိုပြန်နောက်တာလို့  ပြောပါတယ် ။

ကျသလောက်ပိုက်ဆံကို အချိုးကျခွဲပြီး ဘီယာဆိုင်ပိုက်ဆံရှင်းရင်း အိမ်ပြန်ကြဘို့ နှုတ်ဆက်လိုက်တော့ အမေ့စကားသံကိည ကြားမိပြန်ပြီဗျာ ။ အမေက " ငါ့သား လခထုတ်ရက် အလုပ်တက်တော့ ကျော့မော့နေတာပါလား ။ လခထုတ်ပြီး အိမ်လဲပြန်လာရော ဟိုဆိုင်ဒီဆိုင်ဝင်မော့တော့မယ် " တဲ့ ။

အမေ ဒီလိုပြောလာတိုင်း ကျနော်က " အင်း အမေရယ် ပွဲသွားကျော့ကျော့ ပွဲပြန်မော့မော့ ပေါ့လို့  " ပြန်ပြီး နောက်ပြောင်တတ်ပြီး ထုတ်လာတဲ့လခထဲက ထိုင်ကန်တော့နေကျ ဖြစ်နေပါပြီ ။

FB_IMG_1527779534359.jpg

photo crd # facebook

MSC ညီအကိုမောင်နှများ မင်္ဂလာပါခင်ဗျာ ။ ဘာလိုလိုနဲ့ ၄ ပုဒ်မြောက် ပရိုမိုးရှင်းကို ကျနော်ရေးသားနိုင်ခဲ့ပါတယ် ။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ။

@minmanthawe

MSC 257

49 upvotes $0.73

Replies (22)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: