4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အမေ့စကားသံ

ကျနော် အလုပ်စဝင်တော့ အမေကမှာတဲ့စကားလေး ကြားယောင်မိတယ်ဗျာ ။ ဒီနေ့လကုန်ရန် ဆယ်ရက်အလိုမှာဘဲ ကျနော်အသုံးစရိတ်ပြတ်တော့ တောင်တွေးမြောက်တွေးတွေ တွေးမိလာလို့ ပါ ။

ကိုယ့်ဘဝ နုံချာတဲ့အခြေအနေကိုလည်း အားမလိုအားမရဖြစ်လာတဲ့စိတ်တွေလဲပါသလို
သူများတွေပြည့်စုံနေတာကိုမြင်ပြီး ကိုယ်လဲသူတို့ လိုဖြစ်ချင်တဲ့စိတ်တွေ ပေါ်လာခဲ့ပါတယ် ။

3337893_S.png

crd image source

အဲ့လိုဖြစ်ချင်စိတ်တွေရဲ့နောက်မှာကပ်ပါလာတာက အတွေးမှားတခုပါဘဲ ။ သူတို့ လိုချမ်းသာပြည့်စုံအောင်နေဘို့ က ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်နဲ့ မဖြစ်နိုင်တော့ မြန်မြန်ချမ်းသာအောင် ငွေရမယ့်ဖြတ်လမ်းနည်းတွေကို တွေးမိလာတော့တာပါ ။

ကျနော်တွေးကြည့်ရုံနဲ့ တကယ်လက်တွေ့ဘာမှမလုပ်ရသေးခင်မှာဘဲ သတိထားမိတာက ကျနော့်အတွေးတွေ မှားနေပြီဆိုတာပါဘဲ ။ ကျနော် အမေ့မျက်နှာကိုလဲ ဖျက်ကနဲမြင်လာမိတယ် ။

အမေ့ကိုစိတ်ထဲက မြင်လိုက်တာနဲ့ အမေ့အမှာစကားကိုလဲ နားထဲကြားယောင်မိလာတယ် ။ အမေ့ဆုံးမစကားလေးက ……

33fbcbc3b0a04605e2d04abdf899bc4a.jpg

photo crd # google search

" သားရေ -
မိမိမှာရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်စွာ နေတတ်စားတတ်အောင်ကြိုးစားပါ ။

မိမိရှာထားတာကို ကုန်စင်အောင် သုံးစွဲခြင်းမပြုဘဲ အနည်းငယ်ကို စုဆောင်းမိအောင် စုပါ ။

မလိုအပ်ဘဲ မည်သည့်အရာကိုမှ ဖြုန်းတီးမပြစ်မိအောင် သတိထားပါ " တဲ့ ။

အမေ့အသံကိုလည်းကြား
အမေ့မျက်နှာကိုလည်းမြင် ကျနော့်အတွေးမှားကိုလည်း ပြင်လိုက်နိုင်ပြီး ကိုယ့်လက်ရှိဘဝကိုလက်ခံလိုက်ပါတော့တယ် ။
ရိုးရိုးသားသား ကျနော်ရှာဖွေရင်း ကြီးပွားအောင် ကြိုးစားဘို့ ပါ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ် ။

@minmanthawe

MSC 257

68 upvotes $1.00

Replies (29)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: