Community post
အမေ့စကားသံ ( ၂ )
လကုန်ရက်မရောက်သေးပေမယ့် ကုန်သွားတာက အိတ်ထဲပိုက်ဆံပါ ။ ကိုယ့်ကိုယ်ကိုအားတင်းရင်း လေးငါးရက်တော့ အောင့်အီးချွေတာစားမှဆိုပြီး မနက်စာကို လမ်းထိပ်က အကြော်ဝယ်ပြီး အမေရယ် ဒီနေ့ ထမင်းဆီဆမ်းနဲ့အကြော်စားချင်စိတ်ရှိလို့  ပြောလိုက်တော့တယ် ။
အမေက " သားကိုအမေမွေးထားတာပါကွယ် ။ ပိုက်ဆံပြတ်ပြီမဟုတ်လား " တန်းမေးတော့တာပါဘဲ ။ မေးလဲမေး ပေးလဲပေး အမေ့လက်ထဲက ၅ထောင်တန်တရွက် ကျနော့်အိပ်ကပ်ထဲရောက်လာတော့ ကျနော်စိတ်မကောင်းမိပြန်ဘူးဗျာ ။

သားလခထုတ်တာနဲ့ပြန်ပေးမယ်အမေဆိုပြီး မျက်နှာပူပူနဲ့ ထမင်းချိုင့်ဆွဲပြီး အလုပ်သွားဘို့  ဆိုင်ကယ်ကိုထုတ်လိုက်တာ ဆီကပြတ် ။ ညက ဆီပြတ်ခါနီးတာ သတိတော့ထားမိတယ် ဘိုင်က ပြတ်နေတော့ စီးရလောက်အုံးမှာပါဆိုပြီး မောင်းလာလိုက်တာ အိမ်ရောက်လို့  ကံကောင်းတယ် ။
အိမ်ဘေးတင် ဆီရောင်းတဲ့ဆိုင်က အဆင့်သင့်ရှိတော့ ခုနကမှ အမေပေးတဲ့ ၅ထောင်တန် ပူအောင်အိတ်ကပ်ထဲမနေရပါဘူး ပေးလိုက်ရပြီ ။ အအမ်း ၄၀၀၀ ရတာဆိုတော့ အမေပေးတာက တရွက် ဆီလဲထည့်ရသေး ၄ရွက်ပွားလာတယ်လို့ ဘဲ မှတ်လိုက်တော့တယ် ။

ရုန်းကန်ရှာဖွေနေရတဲ့ကိုယ့်လိုလူအများစုဟာ ဒီအဖြစ်မျိုးတွေကြုံရတာတော့ ရိုးအီနေပါပြီ ။ ကိုယ့်ဘဝကိုစဉ်းစာမိလို့  ညည်းလိုက်တိုင်း အမေကတော့ အတိတ်က အကျိုးပေးလို့  မှတ်ပါသားရယ်လို့  ဖြေသိမ့်ပေးနေကျပါ ။
" ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် လူ့ ဘဝဆိုတာ ရခဲလှတယ် ။ ဆင်းရဲတာ ချမ်းသာတာသည် သူ့ အကျိုးပေးနဲ့သူ ပါလာပြီးသားမို့  ချမ်းသာတဲ့လူတွေကို မြင်ပြီး ကိုယ့်ဘဝနိမ့်ကျတယ်ထင်ပြီး စိတ်ပျက်စရာမလိုဘူး ။ ကိုယ့်ထက် ဆိုးတဲ့သူတွေရှိနေတာကို သတိရပြီး ကိုယ့်ဘဝကို မြှင့်တင်ပါ ။ ကြိုးစားလုပ်ကိုင်ပါ " အမြဲပြောတတ်တဲ့ အမေ့စကား ဘယ်တော့မှ သားမမေ့ပါဘူး ။

ဟိုတွေးဒီတွေးပြီး အမေ့စကားတွေပြန်သတိရရင်း မောင်းလာလိုက်တာ ရုံးရောက်ပြီမို့  အလုပ်လုပ်ရန် အချိန်ကျလေပြီ ။ လခထုတ်ရက်လဲနီး ရုံးလဲရောက်တော့ ပိုက်ဆံပြတ်နေတဲ့ ခုနကအတွေးတွေပျောက်ပြီး စိတ်ကအလိုလိုအားတက်သွားပြန်ရော ။ ကျနော်အတွက်က လုပ်အားပြဘို့ အချိန်တန်ပြီလေ ။
MSC မှ မောင်နှမများ မင်္ဂလာပါဗျာ ။
@minmanthawe
MSC 257
Replies (32)
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://blues.nhl.com/
ဟင် ဘာလဲဟ
ပြတ်တုန်းလပ်တုန်း၂၃အချိန်ရောက်နေတာပေါ့
လခထုတ်ရက်နီးလာပြီ အားတင်းထားbro
ဘာမှမလဲဘူးတဲ့
မင်းကို သက်သက်ရန်လာစတာ
ဟားး စိန်ခေါ်ထိုးလဲမရ
အမှန်ပေါ့ဘဒိုရာ
တောင့်ထားတာ ကြွက်တောင်တက်တော့မယ်ဗျ
ဟိုဘက်လှည့်
ဒီဘက်လှည့်နဲ့
လကုန်ရက်ရောက်သွားမှာပါ။
ဖိုက်တင်း
5tin တယ် sis
ကျေးဇူးပါ
Congratulations @minmanthawe! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOPဝန်ထမ်းဘဝ လစာထုတ်ရက်ပဲမျှော်ရပျော်ရ
ဒီချီးတက်ကလည်းနော်
24နေ့ရောက်ပြီ 😁
အောင်မယ်မင်းရယ်တဲ့မှပြောရတော့မယ် ။လခစားဝန်ထမ်းတွေကောင်းစားနေတဲ့ခေတ်မှာ လခစားတွေကငြီးနေတော့ သားတို့လို တစ်နေ့လုပ်နေ့တစ်ဝက်စားတွေက ဘယ်လိုပြောရတော့မလဲအယ်ကိုရယ်။အောင်မယ်လေး ငိုချင်းသာချလိုက်ချင်ပါတော့တယ်လေး။
fighting, steemit မှစာရေးရင်း ဘိုင်ပြတ်တယ်ဆိုတာကို
တာ့တာ့ ပြလိုက်ပါ
ဟုတ်တယ်ဦးလေး
အေးဗျာ
နီးလာပြီနော့
ပြဘို့ အချိန်တန်ပြီပေါ့ အမရေ
ဗြဲ
ဖိုက်တင်းပါ အဟီး
ဟုတ်ကဲ့ဗျ
အေးဗျာ .. ဘိုင်ပြတ်ပါတယ်ဆိုမှ ဆံပင်ကရှည် ဖိနပ်ကပါး ဒီကြားထဲ အားနည်းလို့ ဆေးထိုး bill ဖိုးပါ ပြန်မဆပ်နိုင်ဖြစ်နေပြီ လေ..
ချေးပါအုံး
ဝန်ထမ်းလစာတွေများမျးတိုးဖို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ
ဟာ..ညစ်ပတ်လိုက်တာ..ဘာတေလာမန့်နေတာတုန်း။သူများပို့စ်အောက်မှာ..
လကုန်ရင် လစာအပြင် သိန်းတသောင်းပိုင်ရှင် ဖြစ်ချင်ဖြစ်မှာ ပြောလို့မရဘူး... fighting broရေ.. :D
လကုန်တော့မယ် ပျော်လိုက်တော့
ပြည့်ချင်ပါတယ်ဗျ
wow ! ဟုတ်သား
ပျော်ပီဗျ