4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အမေ့စကားသံ …… ၃

အခြေခံလူတန်းစားဖြစ်ရသော ကိုယ့်ဘဝကား မလွယ်ပါ ။ ရာသီဥတုပူလွန်းတော့ ပညာရှင်များရဲ့ပြောစကားအရ အယ်နီညို ကြောက်ရတော့ မိုးရွာပါစေဆုတောင်းမိပါတယ် ။ ရွာမယ့်ရွာတော့လဲ ကိုယ်နေတဲ့ရပ်ကွက်က ရေဝင်ပြန်တယ် ။

မန်းလေးမှာ ရေဝင်ပြီဟေ့ဆို ကျနော်တို့ ရပ်ကွက်က အရင်ဆုံးလိုဖြစ်နေတယ် ။ ၂ရက်ရွာထားတဲ့မိုးက အခုတော့ ကိုယ့်ကိုဒုက္ခလှလှပေးပြီပေါ့ဗျာ ။

အလုပ်သွား အလုပ်ပြန် ဆိုင်ကယ်ကို ကိုယ့်ကစီးလိုက် ဆိုင်ကယ်က ကိုယ့်ပြန်စီးလိုက်နဲ့ ဟန်ကျနေတာပေါ့ ။ ပထမရက်ကဆို ထမင်းချိုင့်ထဲရေဝင်နေတာ သတိမထားမိဘူး ။ နေ့ခင်းထမင်းစားမယ်ဆိုပြီးဖွင့်လိုက်မှ ရေဖျော်ထမင်းဖြစ်နေတယ် ။

တညည်းညည်းလုပ်လိုက်တိုင်းက အမေကလည်း အားပေးတတ်ပါတယ် ။ " ဘဝဆိုတာ တိုက်ပွဲ " တဲ့ ဖြစ်သမျှကို အကောင်းဆုံးဖြစ်အောင်ကြိုးစားကျင့်ကြံပြီး အလိုက်တသင့်နေလိုက်ရင် အဆင်ပြေသွားတာပါလို့ ပြောပြီး အားပေးရှာတယ် ။

ဒီမနက်မိုးက ၃ရက်မြောက်ရွာတော့ အမေရယ် ဒီနေ့တော့ အလုပ်တရက်နားပြီး သူများတွေလို မိုးအေးအေးမှာ အိပ်ယာထဲကွေးပြီး facebook မှာ သူများတွေလိုတင်အုံးမယ် ပြောလိုက်မိတာ " သူများတွေကသူများ သားကသား ။ အလုပ်သွားရင်း ကွေးနေတယ်တင်လိုက် သားကိုသူတို့ လာကြည့်တာမှမဟုတ်တာ " တဲ့ အဲ့လိုအားပေးတဲ့အမေပါ ။

ဒီလိုနဲ့ ကိုယ်လုပ်မှကိုယ်စားရတဲ့ ကိုယ့်ဘဝကိုတွေးပြီး ကိုယ့်အလုပ်ဆီ ဆိုင်ကယ်တွန်းပြီးထွက်လာခဲ့တော့ပေါ့ ။ မနက်ဖြန်ညနေထိ မိုးရွာပါစေဆုတောင်းမိတယ် ။ ရွာလို့ ကတော့ ထုတ်လာတဲ့လခနဲ့ ဘဝတူအဖော်တသိုက်စုပြီး Beer ဆိုင်လေးတော့ ထိုင်လိုက်အုံးမှ တွေးထားမိလို့ ပါဗျာ ။

MSC ညီအကိုမောင်နှမများ မင်္ဂလာပါဗျာ ။ စတီးမစ်မှာ တိုးတက်အောင်မြင်ကြပါစေလို့  ဆုတောင်းလိုက်ပါတယ် ။

350235_S.jpg

crd org source

@minmanthawe

MSC 257

45 upvotes $0.83

Replies (24)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: