4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အမေ့စကားသံ … ၅

မင်္ဂလာပါခင်ဗျာ ။ MSC ညီအကိုမောင်နှမများအားလုံး စိတ်ချမ်းသာပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ ။

ကျနော် MSC ထဲရောက်လာအောင်ကူညီခဲ့သူနဲ့
Steemit နဲ့ပတ်သက်တဲ့သိသင့်တာလေးတွေရောသင်ပေးသူကတော့ B Pyae ပါ ။

3290871_S.jpg

crd org source

သူ့ တပည့်ဆိုတော့လည်း သူလိုအကျင့်နဲနဲတော့ပါသွားတာပေါ့ဗျာ ။ မနက်ခင်းမိုးလင်းလို့ အိပ်ယာထလဲ steem / sbd ဈေးကွက်လေးကြည့်ရ ထမင်းစားနားတုန်းခနလဲဖွင့်ကြည့်ရနဲ့ ညနေဖွင့် ညဖွင့် အားသလိုကြည့်နေတာ အကျင့်ပါသွားတယ်ပေါ့ ။

မနေ့ညက ဒီစာမရေးခင် ထုံးစံအတိုင်းဈေးလေးဖွင့်ကြည့်မိတော့ အတော်ပျော်သွားတယ် ။ coinmarket မှာက steem ဈေးက 2.3sbdက7.2နဲ့ sbd ဈေးက 7.2 ဖြစ်နေတော့ ဝမ်းသာအားရနဲ့ B Pyae ရေ sbd ဈေးတက်နေတဲ့အကြောင်း ဖုန်းဆက်တော့တာ ။

ကိုယ့်ရှိတဲ့ sbd ပြေးကြည့်တော့ 5.3 sbdဆိုတော့ 7.2 နဲ့မြှောက်ပြီး မဆိုးဘူးဟလို့  တွေးမိသေးတာပေါ့ဗျာ ။ ပြာယာခတ်နေတဲ့ကိုယ့်ကို အမေကမြင်တော့ ဘာဖြစ်နေတာလဲမေးရော ။ အမေရေ ဒီလိုဒီကြောင်းရှိလို့  B Pyae ဖုန်းဆက်တာ မကိုင်ဘူးပြောပြတော့ အမေက " B Pyae က အရူးအမဲသားကျွေးလိုက်ပြီ " တဲ့ ။ ဗုဒ္ဓေါ ! နေရင်းထိုင်ရင်း ကျနော်အရူးဖြစ်ရပြန်ပြီ ။

2309042_S.jpg

crd org source

ခနအကြာမှာ ဖုန်းထပ်ဆက်တော့ B Pyae ဖုန်းကိုင်တယ်ဗျ ။ သူက ကျနော်ပြောတာကို ဟားပြီး ဒီလိုဘဲဈေးတွေဖြစ်နေတာ ၄ရက်လောက်ရှိပြီတဲ့ ။ တကယ်တမ်းက steemit market ကဈေးကိုသာကြည့်ပါဆိုပြီး ဖုန်းချသွားရော ။

အဲ့ဒီမှာ အမေကကြားပြီး ဘာထပ်ပြောလဲဆိုတော့ " B Pyae ပြောပုံအရဆိုရင် ခွေးဝမ်းသာအောင် လေလည်ပြတာဘဲ " တဲ့ ။ ဒီတခါတော့ပိုဆိုးပြီပေါ့ ကျနော်အရူးဖြစ်ရုံမက ခွေးပါဖြစ်ရတော့မယ့်ပုံပါဘဲ ။ ဟာ အမေရာဆိုတော့မှ သူပြောတာ သူဘာသာ သဘောပေါက်သွားပြီး တဟားဟားရီနေပြီး ဥပမာပြောပြတာပါသားရယ်ဆိုပြီး ထွက်သွားတော့တယ် ။

ဒီမနက် ပရိုအတွက်ပိုစ့်တင်မယ်ဆိုတော့ ဈေးကွက်လေးဖွင့်ကြည့်ဘို့ အတွက် အမေ့စကားသံကြားပြီး လက်ရွံ့နေမိတာအမှန်ပါဘဲ ။ ညက coinmarket ကြည့်မိတဲ့ sbd ဈေးကြောင့် ကျနော်ဘဝပြောင်းလဲရမလိုဖြစ်တော့မလို့  တော်ပါသေးရဲ့ဗျာ ။

1362244_S.jpg

crd org source

@minmanthawe

MSC 257

48 upvotes $0.61

Replies (20)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: