4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

လွမ်းတယ် အမေ ……

အဝေးတနေရာကို အလုပ်ကိစ္စဖြင့် မထင်မှတ်ထားဘဲ ခရီးထွက်ခဲ့ရတဲ့ကျနော်တယောက် ဆယ်ရက်မြောက်လာတော့ လွမ်းလာပြီအမေ ……

အမေမသိအောင် အလုပ်လျှောက်ရတဲ့အလုပ်က ရလာတော့ မထူးပါဘူးဆိုပြီး လုပ်မိတာ ခရီးသွားပြီး တနယ်ဝင်တနယ်ထွက် ကုမ္မဏီက ပစ္စည်းလိုက်ကြော်ငြာရတာ မလွယ်ပါဘူးအမေ ……

ကျနော်အမေရှေ့မှာ အလုပ်လျှောက်လွှာပုံစံ ဖြည့်မိတိုင်း စည်းကမ်းချက်တွေဖတ်ပြီး အချိန်မရွေး နယ်ထွက်နိုင်ရမည်ဆိုတဲ့စာကို ဖတ်မိတိုင်းက မလျှောက်ရဘူး တားမြစ်ခဲ့တာချည်းပါ ။

" စစ်တွေဖြစ်နေတဲ့နေရာကို သွားရမယ်ဆို ဘယ်လိုလုပ်မလဲသားရဲ့ "

" ရေကြီးနေတဲ့နေရာတွေကလည်း အခုတလောမြန်မာပြည်အနှံ့ပါသားရယ် "

" ကိုယ့်မြို့မှာ မနက်သွား ညနေပြန်တဲ့ အလုပ်ကလေးဘဲ အမေ့မျက်စိရှေ့မြင်ရတဲ့အလုပ်လုပ်ပါ "

" သားကိုစိတ်မချပါဘူး ။ မလွှတ်ချင်ဘူး ။ လခကောင်းတာလဲမမက်ပါဘူးသားရယ် "

စုံနေအောင်ပြောပြီး ပူပန်တာတွေးပြီး တားခဲ့တတ်တဲ့ ကျနော့်အမေပါ ။ ဒါကြောင့် ဒီအလုပ်ကို အမေမသိအောင် ကျနော် လျှောက်ခဲ့တာပါ ။

အလုပ်က တအိမ်ဝင် တအိမ်ထွက် ပစ္စည်းကြော်ငြာရတော့ ကိုယ့်ပစ္စည်ြးို ဝယ်တာ မဝယ်တာ နောက်မှပေါ့ ။ ကိုယ့်ပစ္စည်းရဲ့အကြောင်းကို ပါးစပ်ကအမြှုပ်ထွက်အောင် ရှင်းပြရတယ်ခင်ဗျ ။

ဒီကြားထဲတချို့အိမ်တွေက ပစ္စည်းလေးကြော်ငြာပေးမလို့ ပါ အိမ်ပေါက်ရပ်ပြီး ရိုရိုသေသေပြောတာတောင် ဓါးမြတိုက်မယ်ထင်တာများလားမသိ ။ အိမ်တံခါးကို ဝုန်းကနဲဆွဲပိတ်ပြီး မျက်စောင်းပါထိုးသွားတာ ။

အဲလိုအချိန်တွေမှာတော့ ကျနော်ရှက်လဲရှက် မျက်နှာလဲပူတော့ တခြားအလုပ်တူအဖော်တွေကို လက်ကုပ်ပြီး ရှေ့တအိမ်ကို ကြော်ငြာဘို့  ခပ်သွပ်သွပ်ထွက်လာခဲ့တာပါ ။

လွမ်းတယ်အမေရယ် ……
ကျနော် အဆင်မပြေတာကြုံမိတိုင်း အမေ့စကား နားမထောင်မိတာကို နောင်တရမိပါတယ် ။

@minmanthawe

MSC 257

1415184_S.jpg

crd# photo

63 upvotes $0.40

Replies (22)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: