4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

သုံးရာသီဆောင်း (အပိုင်း --- ၂ )

13.1.20180000.png

"သုံးရာသီဆောင်း"

ဆွတ်စို ရီဝေ
လွမ်းမျက်ရည်နဲ့
လမ်းခွဲးရမည့် မနက်ဖြန်။

ရောင်နီသောက်သောက်
အမှောင်သည်ကာ ပျောက်၍
မိုးသောက် ဆောင်းလမ်း
မြူနှင်းဖြန်း၍ ပန်းပွင့်များပင် ပွင့်ခြေပြီ
အလွမ်းနှင့် ခရီးဆက်ရမည့်သူအဖို့မှာကား

ဪ.....
ရင်တွင်းမှာက ဘယ်သို့နည်း
ရင်တွင်းမှာက မည်သို့နည်း။ ။

မင်းသိုက်ထွန်း


တညလုံး အိပ်ရေးပျတ်ထားသည်ကတကြောင်း
ချစ်သူနှင့်ခွဲးခွာရသည်ကတကြောင်း နုံးချိပျော့ခွေနေသော
မိမိကိုယ်ကိုပင် သတိမထားမိ အချစ်နှင်ဘဝ မည်သည်က
ပို၍အရေးကြီးသည်ပင် ဝေခွဲး၍မတတ်တော့ပေ။
ဘန်ကောက်သို့ထွက်ခွာမည့် နှစ်ထပ်ကားကြီးပေါ်သို
လေးလံစွာ တတ်လိုက်ပြီး ကားဘေးမှာ ရပ်ကြည်နေသော
ချစ်သူကိုပင် လက်ပြနှုတ်ဆက်ဖို့ ကမ္ဘာပေါ်က ၏
အကောင်းဆုံးသေား အားဆေးတွေပင် သောက်၍ရမည်မထင်။
နာကျင်သေားစိတ်ခံစားမှုကပင် စကားလုံတွေ ဆွံ့အစေသည်။
မဲဆောက်မြို့မှ ကားကြီးစတင်ထွက်ခွာလာတော့သည်။

"နင့်လိုအတန်းစားကောင်က ငါ့ညီမကိုနဲ့ တူသလားတန်သလား
စဉ်းစားဟဲ့ သူတောင်းစာ နောက်တခါဘာသံညာသံကြားလို့ကတော့ ပါးကွဲးဖို့သာပြင်ထာ"
နားထဲတွင်သူအမရဲ့ ကြိမ်းဝါးဆဲးဆိုသေားအသံများကပင် နားထဲကမထွက်ပါ။
ကျွန်တော့်ကိုယ်ကျွန်တော်ပင် စိတ်နာဖို့ကောင်းလောက်အောင်
ညံ့ဖျင်းလွန်းတဲ့ တဲ့အကြောင်းနဲ့
ကျွန်တော်အသုံးမကျမှုတွေကိုလည် ပြန်မတွေးချင်တော့ပေ။
အူကြောင်ကြောင်နိုင်လွန်းတဲ့ကျွန်တော် အလုပ်ကိုဟုတ်တိပတ်တိ
လက်ကြေားမတင်းတဲ့ကျွန်တော် အစစအရာရာမှာ
သူများတွေနောက်အမြဲးကျန်တတ်တဲ့ကျွန်တော် ဘယ်အရာကိုမှ
အလေးနက်မထားဖူးတဲ့ကျွန်တော် ဘဘေားမတူနိုင်တာလဲး
အထူးဆန်းကြီးတော့ ဟုတ်မည်မထင်ပါ...။
ကိုယ့်ထက်အသက်ငယ် ပြီးအတွေးခေါ်ရင့်ကျတ်တဲ့ချစ်သူကိုပဲ
ဘဝမှာ ဦးဦးဖျားဖျား ချစ်သူဖြစ်ဖူးတယ်။
ကျွန်တော်သူမကိုအရမ်းချစ်တယ် ကျွန်တော်သူ့ကို
အရမ်းချစ်တယ် အဲ့ဒီအချစ်က ခုလို ကျွန်တော့်ဘဝ
ကိုစတင်တည်ဆောက်နိုင်အောင် အဓိကသော့ချက်ပင်မဟုတ်လား။

(အပိုင်း - ၃ ဆက်လက်ဖတ်ရှုပေးပါရန်)

@minthiketun

RSM-5

5 upvotes $0.00

Replies (4)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: