4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Html for Android

14-00-22-website-importance-for-business.jpg

မင်္ဂလာပါ။ကျွန်တော် HTML basic သင်ခန်းခါတွေတော့ပီးဆုံးသွားပါပီ။
အဲ့တော့ Pc ရှိတဲ့သူတွေကတော့ ကျွန်တော်တင်ပေးတဲ့သင်ခန်းစာတွေဖြစ်ဖြစ် ကိုယ့်ဘာသာကို online ကရှာပီးတော့ဖြစ်ဖြစ်လေ့ကျင့်လို့ရပါတယ်။

အခုတင်ပေးမှာက Pc မရှိတဲ့သူတွေအတွက် Smart Phone နဲ့ပဲ HTML ရေးပီး
လုပ်ချင်ရင် Android App ပါတစ်ခါတည်းလုပ်လို့ရတဲ့နည်းကိုတင်ပေးမှာပါ။

အဲ့တော့ လိုအပ်တဲ့ software တွေကို Playstore က Download အရင်ဆွဲပါမယ်။

anwriter free html editor

Screenshot_2018-05-07-11-47-34-579_com.android.vending.png

ဒါက playstore မှာ ရပါတယ်။

App builder

Screenshot_2018-05-07-11-53-39-384_com.apkpure.aegon.png

ဒါက playstore မှာ မတွေ့ရင် Apk pure ကနေဒေါင်းပါ။

Ok, အဲ့တော့ Html code တွေရေးဖို့
anwritet free html editor ဆိုတဲ့ software ကိုဖွင့်ပေးပါ။
App ကို စဖွင့်ရင်အောက်ပါအတိုင်းပေါ်မှာပါ။

Screenshot_2018-05-07-11-57-25-135_com.ansm.anwriter.png

အဲ့တော့ ကျွန်တော်တို့ code လေးအစမ်းရေးကြည့်ပါမယ်။

PicsArt_05-07-12.12.31.jpg

ပုံထဲက code အတိုင်းမစမ်းချင်ရင်လဲ ထပ်ထည့်ပီးစမ်းလို့ရပါတယ်။
အဲ့တော့ ပုံထဲမှာ နံပါတ် 2 လို့ရေးထားတဲ့နေရာက အခုရေးထားတဲ့ code ကို
save မှတ်တာပါ။
နံပါတ် 1 လို့ရေးထားတဲ့နေရာကို သုံးကြည့်ပါ code ရေးတဲ့အခါမှာပေါ့။
တော်တော်လေးသုံးလို့ကောင်းတာတွေ့ရမှာပါ။ပုံမှန် Html code တွေကို phone မှာပါ တဲ့ notepad နဲ့ ဒီ App နဲ့ ယှဉ်ပီးရေးကြည့်ပါ ဒါကပိုပီးသာတာကိုတွေ့ရမှာပါ။
ပြီးတော့ နံပါတ် 3 လို့ရေးထားတဲ့နေရာက အခုရေးထားတဲ့ code ကို တစ်ခါတည်းစမ်းပေးတဲ့နေရာပါ။
အဲ့တော့ No. 3 နေရာကို နိုပ်ကြည့်ပါ။
အောက်ပါပုံအတိုင်း code ကို run ပီးသားပေါ်နေမှာပါ။

Screenshot_2018-05-07-12-13-40-539_com.ansm.anwriter.png

ဒီ Software မှာ တစ်ခြား Feature များစွားကျန်သေးပါတယ်။စိတ်ဝင်စားရင်
Download ဆွဲပီး ကလိကြည့်ပါ။

အခုန ကရေးထားတဲ့ HTML code တွေကို Website တစ်ခုလိုမဟုတ်ပဲ Application တစ်ခုလို့ထုတ်ချင်ရင်
App Builder ဆိုတဲ့ App ကိုသုံးရပါမယ်။
ဒီနေရာမှာ ကျွန်တော်က နမူနာ code အနည်းငယ်သာရေးထားတဲ့ အတွက် ထွက်လာတဲ့ Application ကလဲ လှပနေမှာမဟုတ်ပါပူး။
စာဖတ်သူတို့အနေနဲ့စမ်းချင်ရင်တော့
Link တွေ Frame တွေ Table တွေထည့်ပီး အလန်းကြီးစမ်းရင်တော့ App အလန်းကြီးထွက်မှာပါ။

ကဲ software အလုပ်လုပ်ပုံကိုကြည့်ကြရအောင်။
App ထဲဝင်လိုက်ရင် အောက်ပါပုံအတိုင်းတွေရမှာပါ။

Screenshot_2018-05-07-12-21-52-561_com.serakont.appbuilder.png

ကျွန်တော်က အရင်စမ်းထားတဲ့အတွက်
App 1 App 2 ဆိုပြီးပေါ်နေတာပါ။
အပေါ်က code ကို app ထုတ်ဖို့ အတွက် အပေါ်က New ဆိုတာကို နိုပ်လိုက်ပါ။
အောက်ပါပုံအတိုင်းပေါ်မှာပါ။

Screenshot_2018-05-07-12-25-44-614_com.serakont.appbuilder.png

Label ဆိုတဲ့နေရာမှာ Install တင်ရင် ပေါ်စေချင်တဲ့ နာမည်ကိုရေးပါ။
Icon ဆိုတဲ့နေရာမှာ Install တင်ရင် app မှာပေါ်စေချင်တဲ့ ပုံကိုထည့်ပေးပါ။
Content ဆိုတဲ့နေရာမှာ အထဲကရေးထားတာတွေအကုန်လုံးကိုဖျက်ပြီး
အပေါ်ဆုံးကကျွန်တော်တို့ရေးထားတဲ့
Html code တွေကို copy ကူးလိုက်ပါ။
နမူနာအနေ နဲ့ ဒီလောက်မှာပဲပီးဆုံးပါပြီ။
အပေါ်ဆုံးက Build ဆိုတဲ့ဟာကိုနိုပ်ရင် App တစ်ခုရပါပြီ။

ဒါပေမဲ့ Assets Folder ဆိုတဲ့ဟာကအရေးကြီးပါတယ်။
ကျွန်တော်တို့ HTML code တွေကို Link တွေ Frame တွေချိတ်ရင် html file နှစ်ခုထပ်ပိုပြီးလိုပါတယ်။အဲ့နေရာမှာ ကျွန်တော်တို့ ရေးထားသမျှHtml file တွေကို folder တစ်ခုတည်းမှာထားပီး Assets Folder မှာ အဲ့ Folder ကို ရွေးပေးလိုက်ရင်ရပါပြီ။

ကျန်တာတွေကို ကိုယ့်ဘာသာကလိကြည့်ပါ အခုတော့ ကျွန်တော့ရဲ့ နမူနာ code ကိုပဲ App ထုတ်ကြည့်ပါမယ်။

Content ထဲမှာ နမူနာ code ကို copy ကူးပြီး Build ကိုနိုပ်လိုက်ပါ။
Lable တွေ Icon တွေမှာမိမိ နှစ်သက်ရာ ထည့်ပါ။
ပြီးလျှင် BUILD ကိုနိုပ်ပါ။
ပြီးလျှင် Install လုပ်ပါ။
ရလာတဲ့ နမူနာ software ကိုဖွင့်ရင် အောက်ပါ ပုံအတိုင်း ပေါ်မှာပါ။

Screenshot_2018-05-07-12-43-10-208_com.miui.home.png

Screenshot_2018-05-07-12-43-23-001_appbuilder.app3.png

ကျန်တာကတော့ မိမိ စိတ်ဝင်စားရင်
ဝင်စားသလောက် စမ်းကြည့်ကလိကြည့်ရင် အကျိုးထူးလာမှာပါ။

ဒီနေ့တော့ဒီလောက်ပါပဲ။ဖတ်ရှုပေးတဲ့သူများအားကျေးဇူးတင်ရှိပါတယ်။

written by @minthwayko
MSC 187

63 upvotes $0.92

Replies (24)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: