4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

နေတတ်​ရင်​ ​ကျေနပ်​စရာ

image
သူ့ နာမည်​က ​ရွှေအဆင်းပါ ​ကော်​ဖီဆိုင်​ဖွင့်​ထားပါတယ်​ ဘွဲ့ရပီးပီး ​မောင်​နှမ၂​ယောက်​ရှိပါတယ်​ သူ့အကိုက​တော့ သူ့အ​ဖေနဲ့ ကုမ္ပဏီ ဦးစည်းပါတယ်​ ​ငွေ​ရေး​ကြေး​ရေး အဆင်​​ပြေသ​လောက်​ရှိပါတယ်​ဆရာ ပီး​တော့ သူ့မှာ ချစ်​သူရှိပါတယ်​ဆရာ သူ့ချစ်​သူနာမည်​က လင်းခန့်​တဲ့ ​ဆေး​ကျောင်းသား ပါဆရာ ​သင်္ကြန်​ပီးရင်​ ​စေ့စပ်​မယ်​လို့ သတင်းရပါတယ်​ အာ့အကုန်​ပါပဲဆရာ ​အော်​ ပီး​တော့ သူက ​ဒေါသကြီးတယ်​ မာနကြီးတယ်​ ဘယ်​သူ့ကမှ​ကြောလို့မရဘူးတဲ့ဆရာ အဲ့ဒါ အကုန်​ပါပဲ သူနဲ့ပတ်​သတ်​တာ..."

"ရပီ မင်းတို့ သွားလို့ရပြီ လိုအပ်​ရင်​ ​ခေါ်လိုက်​မယ်​...."

"အဆင်း ညီမ​လေး တ​ယောက်​ထဲလား လင်းခန့်​​ကော မပါဘူးလား..."

"ခန့်​လိုက်​ပို့ တာ မမ​ရေ ပြန်​သွားတာ လိုက်​ပို့ပီး မမ​ကော ဆိုင်​​တောင်​မ​ရောက်​တာကြာပီ​နော်​ ဘာ​သုံး​ဆောင်​မလဲ..."

"​​ကော်​ဖီ​ပေး အဆင်း​ရေ မမက အဆင်းဆိုင်​ကို သိပ်​ကြိုက်​တာ အဆင်းက
စိတ်​ကူး​လေး ​ကောင်းတယ်​​နော်​ ဆိုင်​ရဲ့ အပြင်​အဆင်​​လေးက မိုက်​တယ်​..."

"ချီးကျူးတာ မမ​ရေ ​ကျေးဇူးပါ​နော်​..."

"ဘာများ သုံး​ဆောင်​မလဲရှင်​..."

"မင်းသွားလို့ရပီ ဟို​တျောက်​ကို လွှတ်​လိုက်​..."

"မရပါဘူးရှင့်​ အဲ့ဒါ ဆိုင်​ရှင်​မမ​လေးပါရှင့်​ အကိုသုံး​ဆောင်​ချင်တာ​ပြောပါ
အဆင်​​ပြေ​စေရပါမယ်​ ရှင့်​..."

"မလိုဘူး ဟို​တျောက်​ကို​ခေါ်လိုက်​..."

"နင်​ ဘာလာလုပ်​တာလဲ..."

"ပိုက်​ဆံလာ​ပေးတာ..."

"ဘာ နင်​ ဘာစကား​ပြောတာလဲ..."

"ပိုက်​ဆံလိုချင်​တဲ့သူကို ပိုက်​ဆံလာ​ပေးတာ ဘာဖြစ်​လို့လဲ..."

"ငါ့ဆိုင်​ထဲက​နေ အခုချက်​ချင်း ထွက်​သွား အခုသွား နင့်​လို​ကောင်​မျိုးကို လက်​မခံဘူး..."

"ဟ မင်းက မိုက်​ရိုင်းလှချီလား ကိုယ့်​ဆိုင်​လာတဲ့ customer ကို ဆက်​ဆံတာ ရင့်​လှချီလား...."
image
"ဟဲ့ ငါ့ဆိုင်​က လူယဉ်​​ကျေး​တေကိုပဲ လက်​ခံတာ နင့်​လို အရိုင်းအစိုင်း​ကောင်​ကို
လက်​မခံဘူး ထွက်​သွား...."

"ဘာ ဘာကွ...."

"နင့်​ကို အခုချက်ချင်း ထွက်သွားလို့​ပြော​နေတယ်​​လေ ထွက်​သွားစမ်း အရိုင်းအစိုင်း​ကောင်​...."

"မင်း မင်းကွာ ငါ့အ​ကြောင်း သိ​စေရမယ်​..."

ချစ်​တို့​ရေ ဇာတ်​လမ်းသ​ဘော​လေးကိုမကြိုက်​ကြဘူးလား
အရင်​အပုဒ်​​တေ​လောက်​အား​ပေးမှုမရသလိုပဲ ကြိုးစားပီး​ရေးထားပါတယ်​​နော်
ချစ်​တို့အား​ပေးမှ တျဲကအားရှိမှ​ပေါ့
ချစ်​တို့​ဝေဖန်​​ပေးမှ တျဲကလိုတာပြင်​လို့ရမှာ​ပေါ့....

နေ့သစ်လည်းတစ်ခါမရောက်ဘူးတဲ့ရန်ကုန်ကိုယောင်လည်လည်နဲ့ရောက်လာခဲ့သည်

'အမေ့စာအရဆိုဒီလိပ်စာဘဲ'

'ဗျို့ အိမ်ရှင်တို့'

'လူလေး ဘာကိစ္စလည်း'

'ကျနော် ဒီအိမ်ကဘကြီးသောင်းနဲ့တွေ့ချင်လို့ပါသူရှိလားဟင်'

'ဘကြီးသောင်းဆိုတာကျုပ်ဘဲလူလေး ဘာကိစ္စလဲ'

နေ့သစ်လည်းသူရှေ့ကလူဖြစ်တဲ့ဘကြီးသောင်းပုံစံကအသက်၆၀အရွယ်ဖြစ်ပြီးအိမ်ရှင်ဖြစ်ဟန်မတူ

'ဟို ကျနော်ကမန္တလေးကဒေါ်နေခြည်သားပါ ခုအမေကဆုံးသွားတော့ဘကြီးဆီလာခဲ့တာပါ'

'အေးကွယ် ဘကြီးလည်းဒီမှာတာခြံစောင့်အဖြစ်ပေါ့ အိမ်ရှင်တွေကိုပြောကြည့်မယ်လေ သူတို့သဘောတူရင်တော့မင်းနေနိုင်ပါတယ်'

'သူတို့သဘောတူမှာပါနော်'

'တူမှာပါသူတို့ကသဘောကောင်းပါတယ် မမကြီးနဲ့ မမလေးကလွဲရင်ပေါ့'

'ဟုတ်ကဲ့'

သူတို့လည်းအိမ်ထဲဝင်ပြီးအိမ်ရှင်ဖြစ်တဲ့ဦးခွန်းမဟာ နဲ့ ဒေါ်ဝတ်မှုန်ဆီပြောတော့ သဘောကောင်းတဲ့ဦးခွန်းမဟာကတော့ လက်ခံခဲ့ပြီး ဒေါ်ဝတ်မှုန်ကမောက်မာအဆင့်တန်းခွဲခြားသူပီပီမနှစ်မျို့ခဲ့ပါ သို့သော်ယောကျာင်္းကိုမလွန်ဆန်နိုင်၍သာ

'ကဲ မောင်ရင်ကအသက်ဘယ်လောက်လဲ ကျောင်းကောတက်သေးလား'

'ကျနော့်အသက်ပါ 8တန်းအောင်ထားပါတယ်အန်ကယ်'
image
'အေးး ဒါဆိုလည်းအန်ကယ်မောင်ရင်ကိုကျောင်းဆက်ထားပေးပါမယ်'

'အို ကိုခွန်းနော် အစေခံကိုများဘာကိစ္စကျောင်းထားပေးရမှာလဲမထားပေးနိုင်ပါဘူး'

'ဝတ်မှုန် မင်းသဘောကိုငါမေးလို့လား မမေးဘဲဝင်မဖြေနဲ့ ဘာအစေခံလည်းသူလည်းလူဘဲကျောက်တက်ချင်မှာပေါ့'

'ကိုခွန်းနော် မှုန်ကိုဆိုအမြဲဒီလိုဘဲ '

ခြေဆောင့်ကာထွက်သွားသောဒေါ်ဝတ်မှုန်ကိုနေ့သစ်ကြည့်ကာ သူ့ရဲ့မောက်မာမှု့ကိုအံ့သြမဆုံးဖြစ်မိသည်

'ကဲမောင်ရင် အန်ကယ့်ဇနီးကတော့အဲ့လိုဘဲ ဒီအိမ်မှာအန်ကယ်ရယ် အန်ကယ်ဇနီးရယ် အန်ကယ်သမီးနှစ်ယောက်ရယ် ဟော့ဒီကထမင်းချက်ဒေါ်လုံး ရယ် မင်းဘကြီးရယ်ပေါ့'

'အော် ဒေါ်လုံးရေ မြူနဲ့လွန်းကိုခေါ်သွားခေါ်ပါအုံး'

'ဟုတ်ကဲ့ အကိုလေး'

'ဒေါ်လုံးခေါ်မနေနဲ့မြူကဒီမှာ'

'လွန်းလည်းလာပါပြီဒယ်ဒီရဲ့'

'ကဲမောင်ရင်ဒါကအန်ကယ့်သမီးကြီး မြူဝတ်မှုန် သမီးက၁၂နှစ် သမီးငယ်ကသိပ်ချစ်လွန်းတဲ့ အခုမှငါးတန်းတက်မှာ ၁၀နှစ်ဘဲရှိသေးတယ် သမီးငယ်ကတော့နွဲ့ဆိုးဆိုးတယ် မောင်ရင်သည်းခံပေါ့'

'ဒယ်ဒီနော် လွန်းဘယ်မှာဆိုးလို့လဲ'

'ဟုတ်ပါပြီဗျာ ကဲမောင်ရင်ခရီးပန်းလာရောပေါ့သွားနားလေ နက်ဖြန်ကျောင်းလိုက်အပ်ပေးမယ်'

'ကျေးဇူးတင်ပါတယ် အန်ကယ် အန်ကယ်ကျေးဇူးမမေ့ပါဘူး'

'ကယ်ဒါဆို အန်ကယ်လည်းအလုပ်ရှိသေးတယ်သွားအုံးမယ်'

နေ့သစ်လည်းကောင်မလေးနှစ်ယောက်က်ုကြည့်ကာ သိပ်ချစ်လွန်းဆိုတဲ့ကောင်မလေးကတော့ အသားဖြူဖြူ ပါးဖောင်းဖောင်း ဆံပင်ရှည်လေးနဲ့ ချစ်စရာကောင်းသည်။

13 upvotes $0.00

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: