4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဘယ်သူလဲ

အားနည်းချက်မရှိဘူးလို့ သိလာတဲ့တစ်နေ့က ကိုယ့်ဘဝရဲ့ အားအနည်းဆုံးနေ့တွေပဲ။

လူဆိုတာ အားနည်းချက် မရှိတော့ရင် ပြင်လို့မရတော့ဘူး၊ အဲ့လိုအခြေနေရောက်ပြီဆို အသက်က စကားမပြောတော့ဘူး ဘယ်လောက်ငယ်ငယ် ဘယ်လောက်ကြီးကြီး အဲ့လိုလူက သေလူပဲ။

သေချာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့် ဒီစာကိုဖတ်လိုက်တော့ ဘယ်သူ့ကို သွားသတိရလဲ? အခြားသူကိုသွား သတိရတယ်ဆိုရင်တော့ လူသေဖြစ်ဖို့နီးပြီ။

ဘာဖြစ်လို့လဲဆိုတော့ သူ့အားနည်းချက်ကို ကိုယ်က မြင်တော့ ကိုယ့်အတွက်ဘာကြီးကြီးမားမား ရမှာလဲ? ကိုယ့်အားနည်းချက်ကို ကိုယ်မြင်မှ ပြင်လို့ရမှာပေါ့။

သူ့အားနည်းချက်ကို အရင်စဉ်းစားမိတယ် ဆိုရင်၊ ရင်ထဲမှာရှိနေတဲ့ ရောဂါပိုးက တော်တော်ဆိုးနေပြီ။

ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး မမြင်ခဲ့တဲ့၊ ပြင်သင့်တယ်လို့ မခံယူချင်ခဲ့ဘဲ ပေလုပ်နေတဲ့ အရာ ဘာတွေရှိလဲ?

ဘာမှ မရှိဘူးဆိုရင်ပြန်မေးကြည့်၊ ရှိခဲ့မယ်ဆိုရင် အဲ့ဒါကဘာဖြစ်မလဲ?

Sometimes being out of our comfort zone is weird and exciting. The sweetest of all, we don't know how we gonna end up. Certainty of the uncertain result are the main lust of doing.
image
SMT(51)

25 upvotes $0.12

Replies (13)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: