4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

"Leaders are READERS"

"ခေါင်းဆောင်တွေဟာ စာဖတ်ကြတယ်"

ဒီစကားကို ပြန်ဖောက်သည်ချသူကတော့ Life & Business Strategist တဦးဖြစ်တဲ့ Tony Robbins ပဲ ဖြစ်ပါတယ်...

သူ့ရဲ့ဆရာအရင်းဖြစ်တဲ့ Jim Rohn က သူ့ကို ပြောပြခဲ့တာပါတဲ့...

Jim Rohn ဟာ Tony Robbins ကို နေ့စဉ် နာရီဝက်​​လောက်​ စာဖတ်ဖို့ တိုက်တွန်းခဲ့တယ်...

"ထမင်းမစားရရင်နေ၊
စာကိုတော့ နေ့စဉ် မဖြစ်မနေဖတ်ပါ"... တဲ့

ဒီစကားကို Tony Robbins တယောက် အလေးအနက်ထား လိုက်နာခဲ့တယ်...

သူဟာ နေ့စဉ် အသိပညာအသစ်ရဖို့၊ Skill အသစ်ရဖို့၊ ဗျူဟာအသစ်ရဖို့နဲ့ စိတ်ခွန်အားအသစ်တွေရဖို့ တနေ့မပျက် နေ့စဉ် နာရီဝက်ခန့် စာဖတ်ခဲ့တယ်လို့ ဆိုပါတယ်...

ကမ္ဘာ့နံပါတ်တစ် Success Coach တဦးဖြစ်တဲ့ Tony Robbins တောင် နေ့စဉ်စာဖတ်ပြီး စဉ်ဆက်မပြတ် တိုးတက်နေအောင် လေ့လာနေတယ်ဆိုတော့ ကျွန်တော်တို့ရော...??
image
SMT(51)

13 upvotes $0.11

Replies (7)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: