4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

လွယ်ကူတယ်ထင်ပေမဲ့ .......

ကျနော်တို့ လက်ရှိလုပ်ကိုင်နေတဲ့နေရာမှာ အောင်မြင်ဖို့ဆိုတာ....

1 - ဝိရီယ ရှိရမယ်
လူတိုင်းမှာ ဝိရီယ ဆိုတာ တော်တော်လေးကို အရေးပါပါတယ်။
ငါ အောင်မြင်ချင်တယ် အိပ်ယာကနေ မထဘူး၊ ငါ ဒီထက် ပိုတတ်ချင်တယ် ထိုင်ရာကနေ
မထဘူး၊ ငါ ဒီထက်ပို သိချင်တယ် ပြောရုံသာပြောနေ ဝိရီယ မရှိရင်တော့ အလကားပဲ
ဒီတစ်သက် သူများနောက်မှ ပဲ ကျန်နေလိမ့်မယ်။

2- လေ့လာရမယ်
ဝိရီယတော့ ရှိတယ်၊ ဟုတ်ပြီး အလုပ်သဘော နားမလည်ဘူး ကဲ ဘာလုပ်ရမလဲ။
အကို လုပ်ပါအုန်း ကျနော်မတတ်လို့ ပြောပြပါအုန်း ၊ အမ လုပ်ပါအုန်း၊ ညီ လုပ်ပါအုန်း
ဆိုပြီး အမြဲလိုက်မေးနေလို့လဲ အဆင်ပြေလာမှာ မဟုတ်ဘူး။ အစပိုင်းလောက်တော့ ပြောပြ
လိမ့်မယ် ဒါမဲ့ အမြဲ လိုလို ကူပါအုန်း လုပ်ပါအုန်း လုပ်နေရင်တော့၊ အခန့် မသင့် အဆဲနဲ့ပါ
ညားနိုင်တယ်။ ကိုယ်ကိုတိုင်က ရသလောက်လေ့လာနေရမယ်။ ကိုယ့်ထက် တတ်တဲ့သူလုပ်ရင်
လိုက်ကြည့် ၊ ပညာဆိုတာ ရော့ ငါလုပ်သလို လိုက်လုပ်ဆိုမှ တတ်တာမဟုတ်။သူမပြောပဲ
ကိုယ့်ဟာကိုယ်ယူတတ်လဲ ပညာဆိုတာရတယ်။ မလေ့လာချင်ရင်တော့ နောက်မှပဲ နေခဲ့
ရမှာပဲ။

3- ကိုယ်ပိုင်ဥာဏ်တွေ ထုတ်တတ်ရတယ်
လေ့လာတယ်ဆိုရုံနဲ့လဲ မလုံလောက်သေးဘူး၊ ကိုယ်ပိုင် အတွေး ကိုယ်ပိုင်ဥာဏ်
လေးတွေ လွှာလွှာပြီး သုံးတတ်ရတယ်။ကိုယ်ပိုင် အတွေးခေါ် မထုတ်နိုင်သရွေ့  သူများတွေထက်တော့
ဘယ်လိုမှ လက်တစ်လုံးသာတဲ့သူ မဖြစ်နိုင်ဘူး။ လေ့လာတယ်ဆိုတာ ကိုယ်တွေထက်
သိသူတွေရဲ့ ပညာကို သင်ယူတာပဲ ။ ဒါပေမဲ့ အဲ့ပညာတွေကိုတော့ ကိုက ပွားတတ်ရင် ပွားတတ်သလို
အသစ်အဆန်းလေးတွေရနေမှာပဲ။ ဥပမာ - ဟျောင့် မင်း အဲ့သစ်မှာ သံရိုက်လိုက်ကွာ
ရိုက်ခိုင်းတော့ ရိုက်တာပေါ့ ၊ သစ်က မာနေတော့ သံကကောက်သွားတယ်။ ရိုက်မရတော့
ဆရာ သစ်က မာတယ် သံရိုက်မဝင်ဘူး။ ဆရာကလာတော့ ပေးပေး ငါရိုက်ပြမယ်...ဆိုပြီး
သူက သံထိပ်လေးကို တူလေးနဲ့ နည်းနည်းလေး ထုလိုက်တယ် ပြီးရင်ရိုက်တော့ ဝင်သွားတယ်။
ကိုယ်က သဘောကြသွားတယ် နောက်အဲ့လိုလိုက်ရိုက်တယ် ရတာပေါ့ ဆရာပြထားတယ်လေ။
နောက်ထပ် နည်းနည်းပိုမာတဲ့သစ်တွေ့တော့ ဒီနည်းက အဆင်မပြေတော့ဘူး အဲ့ချိန် ဆရာကိုလှမ်းပြော
စိတ်မရှည်တဲ့ဆရာနဲ့တွေ့တော့ တူနဲ့ ညားမဲ့ကိန်းဆိုဒ်ပါလေရော။ အဲ့တာတွေ ကိုယ်က
အဖြေရှာကြည့်တတ်ရတယ်။ ဒီအချက်တွေလောက်နားလည်ထားရင်တော့ ကိုယ်လုပ်တဲ့
အလုပ်ခွင်ထဲမှာ အနှေးနဲ့ အမြန် လူတွေ အားကိုးလာနိုင်တဲ့သူတစ်ဦး ဖြစ်လာနိုင်ပါတယ်။
ဒီအချက်တွေက အနည်းကျဉ်းလေးတွေပါ။ ဘာပဲဖြစ်ဖြစ် လုပ်ငန်းခွင်မှာ သူများနောက်မှာ
မကျန်ဘူးပေါ့ဗျာ။

မှတ်ချက်။။ ဥပမာ က စဉ်းစားရတာကို ပြောပြလိုက်တာပါပဲ။

ရေးသူ။ ။ မိုးသက်

MSO-5

62 upvotes $0.97

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: