4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

How to make a good team

![gskm-042114-team-1210.jpg](https://cdn.steemitimages.com/DQmQ3f7Rv5kvLAjhZwQqYro9GR5qwLXLv9oafFFnrDqAChb/gskm-042114-team-1210.jpg)
Image Source:http://www.waqar.me/business/good-team-good-business/
အားလုံးပဲ မင်္ဂလာပါဗျ.

အသင်းအဖွဲ့ဆိုတာ ခေါင်းဆောင်ကလည်း ခေါင်းဆောင်ကောင်းစိတ်ဓာတ်ပီသပြီး အနစ်နာခံတတ်ဖို့လိုအပ်သလို
အသင်းသားအဖွဲ့သားတွေကလည်း မိမိတို့ကျရာ တာဝန်ကို ကိုယ်စီ တာဝန်သိစွာတက်တက်ကြွကြွ ဆောင်ရွက်ပေးတတ်ဖို့ လိုပါတယ်။
ဒါမှသာခေါင်းဆောင်နှင့် နောက်လိုက် ညီညွတ်မျှတပြီး ပိုမိုကောင်းမွန်တဲ့ Teamwork တစ်ခုကို ရရှိနိုင်မှာဖြစ်ပါတယ်။

အသင်းတိုင်း အဖွဲ့တိုင်းမှာ သူတို့ရဲ့ မူလရည်ရွယ်ချက်၊ ဦးတည်ချက်နဲ့ စံပြုစရာ နမူနာယူစရာ အချက်အလက်တွေ ကိုယ်စီရှိကြပါတယ်။
ဒါပေမဲ့ အဲ့ဒီ ဦးတည်ချက် ရည်ရွယ်ချက်တွေကနေ လမ်းမလွဲပဲ ဖြောင့်ဖြောင့်တန်းတန်း၊ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားနိုင်ဖို့ကတော့ မလွယ်လှပါဘူး။ အခက်အခဲများစွာ၊ သဘောထားကွဲလွဲမှုများစွာနဲ့ အသင်းအဖွဲ့မှ ခွဲထွက်မှုတွေကြုံလာနိုင်ပြီး မူလရည်ရွယ်ချက်ပျောက်ကာ အကွဲကွဲအပြားပြား ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် အသင်းတစ်ခု အဖွဲ့အစည်းတခုခု၊ စုပေါင်း လုပ်ဆောင်မှု တစ်ခုခုကို စတင်တော့မယ်ဆိုရင်
(၁) အခြေခံ မူလရည်ရွယ်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်
(၂) မူလရည်ရွယ်ချက်နှင့် ရည်မှန်းချက်ပန်းတိုင် အောင်မြင်ရန် အကောင်အထည်ဖော်မည့်အစီအစဉ်
(၃) အသင်းခေါင်းဆောင်နှင့် အသင်းသား များပါမကျန် တစ်ဖွဲ့လုံး လိုက်နာရမည့် စည်းကမ်းအချက်များ
(၄) အသင်းစည်းကမ်းအတိုင်း ဆောင်ရွက်၍ မဖြစ်နိုင်သော ခြွင်းချက်အခြေအနေများတွင် လိုက်နာရန် အချက်များ
(၅) အသင်း ပုံမှန်အစည်းအဝေးဆောင်ရွက်မည့် အချိန်ကာလအပိုင်းအခြား

စသည့် အချက် (၅) ချက် ယေဘုယျအားဖြင့် ပါဝင်မှသာ စတင်ရန်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်ဗျာ။

Authored by,
@msonetwork

288 upvotes $0.00

Replies (5)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: