4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

လွယ်ကူသောနည်းလမ်း

ခေါင်းအေးအေးလေးနဲ့ ပြသနာတွေကိုဖြေရှင်းရတာ အတော်ကို အဆင်ပြေစေသည်။ပြသနာကိုရင်ဆိုင်နိုင်ရန်
အင်အားများရှိနေစေပါလေသည်။ တစ်ပြုံတစ်မကြီးအဖြစ်ပြသနာကိုရင်ဆိုင်မည်ဆိုလျှင် ခက်ခဲစေမည်ဖြစ်ပါ
သည်။ တစ်ခုချင်းကို စိတ်ဖြာခွဲခြမ်းပြီးတော့ ဖြေရှင်းသင့်ပါသည်။ပြသနာကိုချည်းကပ်သင့်လေသည်။ တစ်ကြိမ်
မှာပြသနာတစ်ခုသာဖြေရှင်းသင့်ပါသည်။ ပြသနာတစ်ခုကိုဖြေရှင်းရာတွင်လည်း ပြီးဆုံးပြေလည်သည်အထိ
သေချာလေးဂရုစိုက်ဖြေရှင်းရမည်ဖြစ်ပါသည်။ ခေါင်းထဲမှာ လုပ်ငန်းတွေ ဖွဲစည်းပုံတွေ ပြသနာအတိမ်အနက်တွေ
ကိုသေချာ လေ့လာသုံးသပ်ရမည်ဖြစ်သည်။ စနစ်တကျ လည်ပတ်နေပြီဖြစ်သော လုပ်ငန်းအတွက် ပြသာန
သည် အသေးအဖွဲသာဖြစ်ပါမည်။ ကြီးမားသောပြသနာများကိုဖြေရှင်းရမည်ဆိုလည်း မကြောက်သင့်ပါဘူး
ကိုယ်တစ်ယောက်တည်းဖြေရှင်းရခက်ခဲနေရင် ကျွမ်းကျင်သူပညာရှင်များ ရှေ့နေများကို ခေါ်ယူအသုံးပြုသင့်
ပါသည်။ သို့မှသာ မိမိအတွက် လွယ်ကူသောအဖြေများကိုရရှိကာ အောင်မြင်သော ပြသနာဖြေရှင်းခြင်း
ဖြစ်လာမည်။နောက်တစ်ခုကတော့ စိတ်ဖိစီးမှု အားကြီးနေသောအချိန်များတွင် ပြသနာကို အလောသုံးဆယ်
မဖြေရှင်းသင့်ပါဘူး ပြသနာက ရွှေ့ယူလို့ရလျှင် ရက်တွေရွှေ့တာ အချိန်နောက်ဆုတ်တာတွေ လုပ်ယူလို့ရရင်
အကောင်းဆုံးဖြစ်သည် ပြသနာတော်တော်များများသည် အချိန်ကာလကြာသောအခါ လွယ်ကူရိုးရှင်းသောအခြေ
အနေများအဖြစ်ရှိနေမည်ဖြစ်သည်။ စိတ်လိုက်မာန်ပါ ဒေါသကိုရှေ့ထားပြီး မဖြေရှင်းသင့်ပါဘူး။ ဘယ်ပြသနာကို
မဆို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းရန် အသင့်အနေအထားရှိနေမည့် စိတ်မျိုးကို လေ့ကျင့်ပျိုးထောင်ထားရမည်
ပြသနာသည် ကိုယ်ကမဖန်တီးသော်လည်း ရှောင်လွဲလို့မရသည့်အခါ ကိုယ့်ထံကို ရောက်လာတက်ပါသည်။
သည်အတွက် ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ခြင်းဖြင့်သာ ရင်ဆိုင်နိုင်မည် ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။

32 upvotes $0.14

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: