4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အိုင်ဒီတွေ

Argentina နိုင်ငံရဲ့ မြို့တော် Bueno Aires မြို့သူမြို့သားတွေဟာ သူတို့ရဲ့ ID Card တွေကို blockchain အခြေပြု ID card အဖြစ်နဲ့ အသုံးပြုလို့ရနေပါပြီ။ Argentina မြို့အုပ်ချုပ်ရေးအဖွဲ့ဟာ Ethereum scaling protocol တခုဖြစ်တဲ့ zkSync Era ပေါ်မှာ တည်ဆောက်ထားတဲ့ decentralized digital ID တွေကို မြို့သူမြို့သား 3.6 million ကျော်ဆီကို ဖြန့်ဝေပေးနိုင်ခဲ့တာဖြစ်ပြီး ဖုန်းထဲမှာတင် Quark ID ဆိုတဲ့ wallet ထဲမှာ ကိုယ့်ရဲ့ digital ID ကို ထည့်ထားလို့ရနိုင်မှာပါ။

ဒါဟာ Buenos Aires မြို့ရဲ့ blockchain အရွေ့နောက်တခုဖြစ်ပြီး 2023 ခုနှစ် September လတုန်းကလည်း မွေးစာရင်းတွေ၊ လက်ထပ်စာချုပ်တွေ၊ ဝင်ငွေအထောက်အထားတွေနဲ့ ပညာရေးမှတ်တမ်းတွေကို blockchain ပေါ် တရားဝင်သိမ်းခွင့်ပေးခဲ့ပြီးပါပြီ။

အခုတခါမှာတော့ QuarkID wallet ထဲမှာ ထည့်ထားတဲ့ Digital ID တွေကို တသီးပုဂ္ဂလအတွက်ရော၊ စီးပွားရေးအတွက်ရော၊ အစိုးရနဲ့အတွက်မှာပါ သုံးလို့ရနိုင်တော့မှာဖြစ်ပြီး ကိုယ့်ရဲ့အချက်အလက်တွေကို ဘယ်သူကမှ ခိုးယူလို့မရနိုင်အောင် cryptography နည်းပညာနဲ့ ကာကွယ်ပြီးသားဖြစ်နေမှာပါ။

Bueno Aires အနေနဲ့ Ethereum အကြောင်းကိုလည်း အထက်တန်းကျောင်းသင်ရိုးညွှန်းတမ်းထဲမှာ ထည့်သင်နေပြီးတော့ Ethereum ပေါ်မှာ dApps (Decentralized Apps) ဖန်တီးရတာ စိတ်ဝင်စားသူကျောင်းသားတွေအတွက်ကို Solidity programming language ကိုပါ ထည့်သင်ပေးနေပါတယ်။
ဒါကြောင့် Bueno Aires ဟာ အနာဂတ်ရဲ့ Web3 ပညာရှင်တွေကို အခုတည်းက လေ့ကျင့်ပျိုးထောင်ပေးနေတာဖြစ်ပြီး နောင်တချိန်အတွက် နည်းပညာပိုင်းမှာ အဆင်သင့်ဖြစ်လာစေမှာပါ။

ဒီလိုသတင်းတွေတွေ့ရတိုင်း ကိုယ့်နိုင်ငံအခြေအနေနဲ့ နှိုင်းယှဉ်မိပြီး တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ သူများနိုင်ငံတွေက ရှေ့ကို အဆ ၁၀၀ လောက် ရောက်နေချိန် ကိုယ့်နိုင်ငံကတော့ ပလ္လင်ပေါ်ကခွေးကြောင့် အနှုတ် ၁၀၀ လောက်ဖြစ်နေသလို သူများနိုင်ငံတွေကကျောင်းတွေမှာ အဆင့်မြင့်နည်းပညာတွေ သင်နေရချိန် ကိုယ့်နိုင်ငံမှာတော့ ကျောင်းတွေမီးရှို့ခံနေရပြီး ကလေးတွေက ကတုတ်ကျင်းတွေထဲမှာ ကျီးလန့်စာစားပြီး ပညာသင်နေကြရပါတယ်။ ပညာရေးမှမဟုတ်ပါဘူး။ နိုင်ငံရဲ့ ကဏ္ဍပေါင်းစုံဟာ နေဝင်းရဲ့ မှောင်ခိုခေတ်ကို ပြန်သွားနေတာဖြစ်ပြီး အလုံးစုံပျက်သုဉ်းရေးကို ဦးတည်နေတာပါပဲ။

တော်လှန်ရေးမြန်မြန်ပြီးမှ ဒီလိုပြဿနာတွေ ပြီးနိုင်မှာဖြစ်သလို အဆိုးထဲကအကောင်းတခုကို ပြန်ယူမယ်ဆိုရင်တော့ ပြန်လည်ထူထောင်ရေးကာလအတွင်းမှာ လိုအပ်တဲ့အရာတွေကို တခါတည်း ထည့်ပေါင်းသွားလို့ရနိုင်တာပါပဲ။ ဒါကြောင့် တော်လှန်ရေးမြန်မြန်ပြီးနိုင်ဖို့အတွက်ကို တတ်အားသရွေ့ မဆုတ်မနစ် ပါဝင်ပေးကြဖို့လည်း လိုအပ်ပါတယ်။

Reference Link: https://cointelegraph.com/news/buenos-aires-blockchain-based-id-residents.

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

9 upvotes 1 downvotes $0.10

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: