4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အဖွင့် မလှ

Trump နှင့်သားများရဲ့ World Liberty Financial token အရောင်းကတော့ မထွက်ခင်မှာ စိတ်ဝင်စားမှုတွေ များခဲ့ပေမယ့် တကယ်တမ်းထွက်လာချိန်မှာတော့ အဖွင့်မလှခဲ့ပါဘူး။ 1 WLFI token ကို $0.015 ဈေးနဲ့ 20 billion token အထိ ထုတ်ရောင်းခဲ့တာမှာ 687 million ဖိုးသာ ရောင်းခဲ့ရပြီး wallet address ပေါင်း 6,832 ခုသာ ဝယ်ယူသူရှိခဲ့ပါတယ်။

ဒါကြောင့် token sale မစခင်မှာ ဝယ်ဖို့အတွက် စာရင်းပေးသူပေါင်း 100,000 အထိ ရှိခဲ့တဲ့အထဲက 7,000 နီးပါးသာ တကယ်ဝယ်ယူခဲ့ကြတာပါ။ ဒါ့အပြင် token sale စတင်ပြီး သိပ်မကြာခင်မှာပဲ website ပါ ကျသွားခဲ့တာကြောင့် အတော်လေးကသောင်းကနင်းဖြစ်ခဲ့ပုံပါပဲ။

WLFI token ဟာ ERC-20 token အမျိုးအစားဖြစ်ပြီး supply 100 billion အထိ ရှိမှာဖြစ်ကြောင်း ဆိုထားသလို အခု token sale မှာ 35% အထိ ထုတ်ရောင်းထားတာပါ။ လောလောဆယ်မှာ ဒီ token တွေကို ထုတ်ရောင်းခွင့်ရှိမှာမဟုတ်သေးဘဲ မကြာခင်မှာ launch လုပ်တော့မယ့် World Liberty Financial platform ပေါ်မှာသာ governance token အဖြစ် သုံးလို့ရမှာဖြစ်ပါတယ်။

WLFI token တွေရဲ့ ဈေးအတက်အကျဟာ November လ US သမ္မတရွေးကောက်ပွဲရဲ့ ရလဒ်အပေါ် အများကြီးမှီတည်နေနိုင်ပြီး Donald Trump နိုင်ခဲ့ရင်တော့ ဈေးတက်ဖို့များပါတယ်။ လောလောဆယ်မှာတော့ crypto လောင်းကစား website တခုဖြစ်တဲ့ Polymarket ပေါ်မှာ Trump ဟာ ပြိုင်ဖက် Kamala Harris ကို 16% အထိ အနိုင်ပိုင်းထားနိုင်ပြီး တကယ့်ရွေးကောက်ပွဲရလဒ်က ဘယ်လိုဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ကြရဦးမှာပါ။

Reference Link: https://cointelegraph.com/news/trump-crypto-token-sale-flops-site-outages

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

10 upvotes $0.10

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: