4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အသစ် တဖန်

အလုံးတွေနဲ့ မျက်လုံး scan လိုက်ဖတ်လွန်းလို့ အစိုးရတွေနဲ့ ခဏခဏပြဿနာတက်လေ့ရှိတဲ့ Worldcoin ဟာ World အဖြစ်နဲ့ နာမည်ပြောင်းပြီး ခရီးဆက်ကြတော့မှာပါ။

နာမည်ပြောင်းလိုက်တာနဲ့အတူ သူတို့ရဲ့ မျက်လုံး scan ဖတ်တဲ့ World Orb version အသစ်ကိုလည်း တခါတည်း မိတ်ဆက်လာခဲ့ပြီး hardware အပိုင်းမှာဆိုရင်လည်း Nvidia hardware တွေ အသုံးပြုထားကြောင်း World founder Sam Altman က ဆိုထားပါတယ်။

Orb version အသစ်ဟာ အဟောင်းထက် 5 ဆ ပိုမြန်သလို အစိတ်အပိုင်းနည်းနည်းနဲ့ ဝန်အားများများပိုခံနိုင်အောင် ဖန်တီးထားကြောင်းလည်း သိရပါတယ်။ မကြာခင်မှာလည်း အချို့နိုင်ငံတွေမှာ World Orb တွေထားပေးသွားတော့မှာဖြစ်သလို World ID လိုချင်သူတွေအနေနဲ့ ကိုယ်တိုင် မျက်လုံး scan ဖတ်ပြီး World ID ယူလို့ရနိုင်တော့မှာပါ။

World Orb အပြင် World App ထဲကနေတဆင့်လည်း NFC (Near Field Communication) စနစ်ပါဝင်တဲ့ passport တွေကိုင်ဆောင်ထားသူတွေအတွက် World ID ထုတ်ယူလို့ရနိုင်ဖို့ စီစဉ်နေကြောင်းလည်း ဆိုထားပါတယ်။

နောက်ဆုံးတချက်ကတော့ World ID Deep Face software ကို app တခုထဲမှာ သွင်းထားရုံနဲ့ ဒီ app ပေါ်ကို တင်လိုက်တဲ့ video တွေဟာ အစစ်လား၊ deepfake နည်းနဲ့ မျက်နှာပြောင်းထားတဲ့ video တွေလားဆိုတာကို သိနိုင်မယ့် နည်းပညာကို မိတ်ဆက်သွားခဲ့တာပါ။ ဥပမာ Youtube ပေါ်မှာ မကြာခဏတွေ့နေရတဲ့ deepfake video တွေကို World ID Deep Face ကနေ အတုလား၊ အစစ်လား ခွဲပေးနိုင်မှာဖြစ်ပြီး အလိမ်ခံရတာတွေကနေ လျော့နည်းစေမှာဖြစ်ပါတယ်။

ဒီလို development အသစ်တွေအပေါ် World ရဲ့ cryptocurrency WLD ကတော့ ဈေးအတက်တွေနဲ့ တုံ့ပြန်ခဲ့ပေမယ့် မကြာခင်မှာပဲ Bitcoin ဈေးတွေ ထိုးအကျမှာ ဈေးပြန်ကျသွားခဲ့ပါတယ်။

Reference Link: https://cointelegraph.com/news/worldcoin-rebrands-world-unveils-next-generation-orb

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

5 upvotes $0.11

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: