Community post
ရဲရဲ ဆုံးဖြတ်

မီးနဲ့ရေဘယ်ဟာပိုအရေးကြီးပါသလဲ?
မေးခွန်းက နည်းနည်းကမ္ဘာဦးဆန်သွားသလို ဖြစ်နေမှာပေမယ့် ကမ္ဘာဦးခေတ်လိုပြန်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာတော့ ဒီမေးခွန်းကို စီကာပတ်ကုံးဆွေးနွေးချင်ကြသူတွေများမှာပါ။
မီးဆိုတာမှာ လျှပ်စစ်မီးကို ဆိုလိုတာဖြစ်ပြီး ရေကတော့ သောက်ရေ၊ သုံးရေ စသဖြင့် ကျနော်တို့နေ့စဉ်သုံးနေရတဲ့ ရေရင်းမြစ်ပါ။
မြို့နေလူထုဆိုရင်တော့ ပိုပြီးသိပါလိမ့်မယ်။ စည်ပင်ကနေ အချိန်နဲ့ လွှတ်ပေးနေတဲ့ ရေကို အားထားနေကြရတဲ့ နေရာတွေမှာ မီးလာတဲ့အချိန်ဆို ရေက မလာ၊ ရေလာတဲ့အချိန်ကျပြန်တော့ မီးက မလာဖြစ်နေတဲ့အခါ ရေပြတ်လပ်တဲ့အချိန်ကာလတွေ မကြာခဏကြုံကြရပါတယ်။
ဒါကြောင့် ဒီည ၈ နာရီမှာတော့ မီးနဲ့ရေ ဘယ်ဟာပိုအရေးကြီးလဲဆိုတဲ့အကြောင်းကို https://t.me/myancryptochannel?livestream မှာ ရေမချိုးရသေးတဲ့ host တွေကနေ စီကာပတ်ကုံးဆွေးနွေးသွားကြမှာဖြစ်ပြီး community ထဲမှာ မီးဘေး၊ ရေဘေးဒုက္ခသည်တွေရှိရင်လည်း ရင်တွင်းဖြစ်တွေကို ဝင်ရောက်မျှဝေပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.