4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

corona coin တဲ့ဗျာ

အရပ်ကတို့​ရေ cryptocurrency ​လောကကလည်း ထူးဆန်းပါ့​နော်

တစ်​နေ့က reuters သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ် corona coin

ဆိုပြီး cryptocurrency token ထွက်လာပါသတဲ့ သူက​တော့

Ethereum blockchain ​ပေါ်က token တစ်မျိုးပါ

သူက စုစု​ပေါင်း ရှိနိုင်တဲ့ maximun supply က​တော့ ကမ္ဘာ့ လူဦး​ရေ

အ​ရေအတွက် အတိုင်းပါတဲ့ ကမ္ဘာ​ပေါ်မှာ coronavirus ကူးစက်ခံရသူ

နဲ့ coronavirus ​ကြောင့် ​သေဆုံးသူ အ​ရေအတွက် တိုးလာတိုင်း

ဒီ token ​တွေကို ​လောင်ကျွမ်းပစ်မှာပါတဲ့ burn လုပ်ပစ်တာကို

​ပြောတာပါ ဒီ​တော့ ကမ္ဘာ​ပေါ်မှာ ကူးစက်သူ ​သေဆုံးသူ တိုးလာတိုင်း

ရရှိနိုင်တဲ့ token အ​ရေအတွက်က နည်းနည်းသွားမှာဆို​တော့

Coronacoin ကို ဖန်တီးတဲ့ developer ကဆိုရာမှာ coin တန်ဖိုးက

တက်လာမှာပါတဲ့ ပြီး​တော့ coin supply ရဲ့ ၂၀ ရာနှုန်းကို

Coronavirus တိုက်ဖျက်ဖို့ Red Cross အဖွဲ့အစည်းကို တစ်လတစ်ခါ

လှူဒါန်းမယ်လို့လည်း ဆိုပါတယ်။ တစ်ချို့ reddit ဆိုရှယ်မီဒီယာ

သုံးသူ​တွေက​တော့ ဒါက လူ့ကျင့်ဝတ်နဲ့ မကိုက်ညီတဲ့ လုပ်ရပ်ဖြစ်တယ်လို့

​ဝေဖန်​နေကြပါတယ် ဒီ coin ကို ဝယ်ယူချင်ရင်

https://www.saturn.network/

မှာ ဝယ်ယူလို့ရသလို coin ရဲ့ website က​တော့

https://coronacoinofficial.com/

မသိတာ​လေး တစ်ခု နှစ်ခု သိသွားခဲ့ရင် ​ရေးသားသူကို vote ​လေး​ပေးပြီး

အသိအမှတ် ပြု​ပေးခဲ့ကြပါ vote မရ​တော့ ကိုယ်​ရေးတာကို ဖတ်မိတဲ့လူ

ရှိလား မရှိလား​တောင် မသိရဘူး ဖြစ်​နေလို့ပါ

0 upvotes $0.00

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: