4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

door

ကျနော်တို့ message box မှာ နဲ့ comment ( not command ) မှာ ခဏခဏ လာမေးကြတာက Hacker တစ်ယောက်ဖြစ်ချင်တယ် ၊ ဘယ်လိုဖြစ်အောင်လုပ်ရမလဲဆိုတာပါပဲ။ အဲ့ဒီအကြောင်းတစ်ရက်ရေးမယ်လို့ စိတ်ကူးထားတာတော်တော်ကြာပါပြီ။ ဒါပေမယ့် မရေးဖြစ်ခဲ့ဘူး။ အခုတော့ Cyber Wings က ကိုရန်နိုင်မြင့်ရဲ့ The Voice Journal မှာရေးထားတဲ့ ဆောင်းပါးလေးဖတ်ရတော့ တော်တော်ပြည့်စုံတယ်။ အဲ့ဒါလေးပဲပြန်ပြီးဖော်ပြလိုက်ပါတယ်။

Hacker တစ်ယောက်ဖြစ်ဖို့ဆိုရင်

ဟက်ကာတစ်ယောက် ဖြစ်ချင်တယ်။ ဘာလုပ်ရမလဲဆိုတာ ကျွန်တော့်ကို လူငယ်တွေ မကြာခဏ လာမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါ။ “ကျွန်တော် Security ပိုင်းစိတ်ဝင်စားတယ် Hacker ဖြစ်ချင်လို့ ဘာတွေလုပ်ရမလဲ”၊ “ဘယ်သင်တန်းတွေတ က်ရမလဲ”၊ “Hacker တစ်ယောက်ဖြစ်ဖို့ ဘာတွေလေ့လာရမလဲ” ဒီလိုတွေမေးခံရတိုင်း ကျွန်တော် ဒီမေးခွန်းေ လးတွေ ပြန်မေးဖြစ်တယ်။ “White Hat ဖြစ်ချင်တာလား Black Hat ဖြစ်ချင်တာလား”၊ “Programming ဘယ် Language တွေ ရသ လဲ”၊ “Networking နဲ့ System Administration ကိုကော ဘယ်လောက်သိထားပြီးပြီလဲ” ဆိုတာပါပဲ။ Security ပိုင်း Website/Web Application တွေ၊ Mobile Application တွေ၊ Server/Service တွေ၊ အဲဒါတွေကြားထဲမှာ သွားတဲ့ Protocol တွေမှာ လုံခြုံရေးဆိုတာရှိတဲ့အပြင် နောက်ဆုံး ကုန်ကုန်ပြောရရင် Physical တွေဖြစ်တဲ့ Server အခန်း၊ ရုံးတွင်းဝင်ပေါက် စတာတွေမှာပါ Security ရှိပါတယ်။ ဒါကြောင့် နေရာတိုင်းမှာ Security ရှိ ပါတယ်။ ကိုယ်က Security ဆိုတာကို စိတ်ဝင်စားပြီဆိုရင် ဘယ်အပိုင်းကို လေ့လာမလဲဆိုတာ Scope သေ ချာချရမှာပါ။ ရောက်တတ်ရာရာ အကုန်လုပ်မယ်ဆိုရင်တော့ အားလုံးပရမ်းပတာတွေဖြစ်ပြီး ဟိုစပ်စပ်ဒီစပ်စပ် နဲ့ နောက်ဆုံး မျောက်သစ်ကိုင်းလွတ်ဖြစ်ပါလိမ့်မယ်။

18 upvotes $0.14

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: