4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

door 2

Hacker တစ်ယောက်ဖြစ်ဖို့ဆိုရင်

ဟက်ကာတစ်ယောက် ဖြစ်ချင်တယ်။ ဘာလုပ်ရမလဲဆိုတာ ကျွန်တော့်ကို လူငယ်တွေ မကြာခဏ လာမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါ။ “ကျွန်တော် Security ပိုင်းစိတ်ဝင်စားတယ် Hacker ဖြစ်ချင်လို့ ဘာတွေလုပ်ရမလဲ”၊ “ဘယ်သင်တန်းတွေတ က်ရမလဲ”၊ “Hacker တစ်ယောက်ဖြစ်ဖို့ ဘာတွေလေ့လာရမလဲ” ဒီလိုတွေမေးခံရတိုင်း ကျွန်တော် ဒီမေးခွန်းေ လးတွေ ပြန်မေးဖြစ်တယ်။ “White Hat ဖြစ်ချင်တာလား Black Hat ဖြစ်ချင်တာလား”၊ “Programming ဘယ် Language တွေ ရသ လဲ”၊ “Networking နဲ့ System Administration ကိုကော ဘယ်လောက်သိထားပြီးပြီလဲ” ဆိုတာပါပဲ။ Security ပိုင်း Website/Web Application တွေ၊ Mobile Application တွေ၊ Server/Service တွေ၊ အဲဒါတွေကြားထဲမှာ သွားတဲ့ Protocol တွေမှာ လုံခြုံရေးဆိုတာရှိတဲ့အပြင် နောက်ဆုံး ကုန်ကုန်ပြောရရင် Physical တွေဖြစ်တဲ့ Server အခန်း၊ ရုံးတွင်းဝင်ပေါက် စတာတွေမှာပါ Security ရှိပါတယ်။ ဒါကြောင့် နေရာတိုင်းမှာ Security ရှိ ပါတယ်။ ကိုယ်က Security ဆိုတာကို စိတ်ဝင်စားပြီဆိုရင် ဘယ်အပိုင်းကို လေ့လာမလဲဆိုတာ Scope သေ ချာချရမှာပါ။ ရောက်တတ်ရာရာ အကုန်လုပ်မယ်ဆိုရင်တော့ အားလုံးပရမ်းပတာတွေဖြစ်ပြီး ဟိုစပ်စပ်ဒီစပ်စပ် နဲ့ နောက်ဆုံး မျောက်သစ်ကိုင်းလွတ်ဖြစ်ပါလိမ့်မယ်။

White Vs Black Hats

ကတ်သီးကတ်ဖဲ့လိုက်ပြောရင်တော့ Online ပေါ်မှာတွေ့နေရသလို ရောင်စုံဦးထုပ်တွေ တွေ့နေရမှာပဲ။ Security သို့မဟုတ် Pentesting ကို လေ့လာလိုက်စားတဲ့လူတစ်ယောက်အဖို့ ငါ့ဦးထုပ်က ဘယ်အရောင်ဆို တာ သိပ်အရေးမကြီးပါဘူး။ အခြေခံအားဖြင့် နှစ်မျိုးခွဲကြည့်ရအောင် အဖြူနဲ့အမည်းပေါ့။ အခုအချိန်မှာ လူတွေနားလည်ထားကြတာကို အရင်ပြောကြည့်ရအောင်။ White Hat ဆိုတာကို ဘယ်လိုနား လည်ထားကြလဲဆိုတော့ Ethic ရှိတဲ့ Hacker တွေ၊ ကာကွယ်တဲ့အပိုင်းကို အာရုံစိုက်ကြတဲ့ Hacker တွေ၊ Company သော်လည်းကောင်း၊ Government သော်လည်းကောင်း ကျောထောက်နောက်ခံရှိပြီး ၎င်းတို့သ က်ဆိုင်ရာအဖွဲ့အစည်း၊ နိုင်ငံတွေရဲ့ Cyber Space နဲ့တကွ Infrastructures/Servers/Web စတာတွေအတွ က် ကောင်းကျိုးဆောင်ရွက်တဲ့ Hacker တွေဆိုပြီး လူတွေနားလည်ထားကြတယ်။

org credit http://thevoicemyanmar.com/it/19989-hac

12 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: