4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

မီးခိုးအူသော အတွေးများ

IMG_20200327_191504.jpg

ရာသီဥတုက မိုးလေးတစ်ပြိုက် နှစ်ပြိုက် ရွာလိုက်တော့ နေရထိုင်ရတာ အတော်အတန် အဆင်ပြေ၏။
ကနေ့မနက် မိုးလေးတဖွဲဖွဲရှိတုန်း ကော်ဖီလေးတစ်ကျိုက် စီးကရက်လေး တစ်ရှိုက်နဲ့ Coin Market လေးဖွင့်ကြည့်တော့ Hive နဲ့ Steem မှ လွဲ၍ ကျန် Coin များမှာ စိမ်းစိုနေသော်လည်း ကိုယ့်ကောင်များ ကတော့ ရဲရဲတောက်လျှက်။ Hive မှာ တစ်နေ့တစ်ခြား ဈေးကျနေခဲ့သည်မှာ ကနေ့ဆိုရင် 0.26 သို့ပင်ရောက်ခဲ့ပြီ။ ဈေးကျသည်၊ တက်သည်မှာ သူ့ကိစ္စသာဖြစ်ပြီး ကိုယ်လည်း ဘာမှ မတတ်နိုင်၊ ဘာမှ မလုပ်နိုင်ပေ။ အစ်ကိုဟင် ပို့စ်တွင်ရေးထားသလို လက်ရှိ Hive သည် Steemit မှာ ရနိုင်သောနည်းပညာအားလုံးကို ရထားပြီ ဖြစ်၍ နောက်ထပ် အဆင့်မြှင့်တင်မှုများကို နားစွင့်မျှော်လင့်ရုံသာ တတ်နိုင်၏။

Justin ကတော့ Steemit ကိုစိတ်ကြိုက်ချယ်လှယ်ကာ ဖြုတ် ထုတ် သတ် လုပ်ပြီး အကွက်တွေ ရွေ့နေ၏။ ဘာအကွက်တွေမှန်းတော့ ခန့်မှန်းမရပေ။ အစ်ကိုဟင် ခန့်မှန်းသလို အုံးအုံးကျွတ်ကျွတ်ဖြစ်ပြီး steem ကို အာရုံစိုက်ခံရအောင် လုပ်ခြင်းလည်းဖြစ်နိုင်သလို အားလုံးကို မြေလှန်ပြီး steemit ကို အစကနေ သူ့စိတ်ကြိုက် ပြန်စပြီး အဖတ်ဆည်ဖို့ ကျိုးစားတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ဒီနေရာမှာ ကျွန်တော်တွေးမိတာ တစ်ခုရှိပါသည်။ ကျွန်တော့်ရဲ့ လေ့လာမှု အားနည်းတာကြောင့်သော်လည်းကောင်း၊ ဗဟုသုတ နည်းတာကြောင့်သော်လည်းကောင်း အမှားပါခဲ့ရင် ကြိုတင် တောင်းပန်ပါသည်။ Justin သည် Steemit ကိုစိတ်ကြိုက်ချယ်လှယ်နိုင်သလို ကျွန်တော်‌တို့ Hive အကောင့်တွေသည် သူ့လက်က စိတ်ချရသည့် အနေအထားရှိပါရဲ့လား။ ဘာလို့ဆို ကျွန်တော်တို့ Hive အကောင့်တွေသည် ဘာမှ ထွေထွေထူးထူး မလုပ်ရဘဲ steemit အကောင့်၏ Key တွေနဲ့သာ အကောင့်ဝင်ထားခြင်းလို့ စိတ်ပူမိ၏။
ကျွန်တော်တို့အနေနဲ့ Hive အကောင့် Setting မှာ Password ပြန်ချိန်းဖို့ လိုမလားလည်း သိချင်မိပါသည်။ ကျွန်တော်တို့ Steemit အကောင့်တွေရဲ့ master password များကို Justin အနေနဲ့ အလွယ်တကူ သိနိုင်ပါသလား။ သိနိုင်တယ်ဆိုရင် ကျွန်တော်တို့ Hive အကောင့်တွေ လုံခြုံပါ့မလား ဆိုပြီး တွေးမိပါတယ်။

နောက်တွေးမိတာ တစ်ခုကတော့
တစ်ချိန်ချိန်မှာ Hive တွေဈေးတက်ကုန်လို့ ကျွန်တော်တို့တတွေ ‌ဘော့စိဖြစ်ကုန်ကြပြီး BTC ဝယ်စုချင်တယ် ဆိုပါစို့ဗျာ ...
ကျွန်တော်တို့ BTC တွေကို Exchange တွေမှာ ထားရမလား ၊ coin base လို trust wallet လို wallet မှာပဲထားရမလား မစဉ်းစားတတ်အောင်ပါပဲ။
Exchange တွေကလည်း သေ‌သေချာချာ ယုံစားလို့ မရသလို wallet တွေကလည်း အခန့်မသင့်ရင် အကောင့်ပိတ်သွားတတ်တယ်လို့ ကြားဖူးတော့ ကိုယ့်ရဲ့ ဘယ်ဆီနေပြီး ဘယ်မှာမှန်းမသိသေးတဲ့ BTC လေးတွေအတွက် စိုးရိမ်မိပြန်ပါ‌ရောဗျာ ။
😁😁

@myanmarpyithar
IMG_20200516_210116.jpg

12 upvotes $0.14

Replies (7)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: