4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဒီနေရာလေး ( Poem )

ဒီနေရာလေး

https://img.esteem.ws/8a5m3ixkqi.jpg
အလင်းတွေ…………………
တစ်စတစ်စလျော့ပြီ………………
ညနေခင်းရဲ့ ဆည်းဆာချိန်မှာ…………………
ငှက်တွေလည်း အိပ်တန်းပျံလို့ ……………………
မကြာတော့မဲ့အချိန်မှာ………………
နေ့ တစ်နေ့ ဟာ……………
ပြီးဆုံးတော့မယ်…………။
ရီဝေတဲ့ မျက်ဝန်းအစုံနဲ့
သက်ပြင်းတွေကို အခါခါချရင်း……………
ဒီနေရာလေးကို ငါ……………
လွမ်းနေမိတယ် ။
ထန်းပင်အိုတွေ ဝိုင်းရံနေတဲ့နေရာလေး……………
ဒီနေရာမှာ တွေ့ခဲ့ကြတယ်……
ဒီနေရာမှာ သိခဲ့ကြတယ်………
ဒီနေရာမှာ ခင်ခဲ့ကြတယ်……
ငါတို့ အားလုံး…………
ပွင့်သစ်စရောင်စုံ ပန်းကလေးတွေ ………
အားလုံးရဲ့ မျက်ဝန်းတွေက
ပျော်ရွှင်မှုပီတိတွေနဲ့
အရောင်တလဲ့လဲ့ထနေခဲ့
ငါ့ဦးနှောက်ရဲ့ မြင်ကွင်းထဲမှာ
ဘယ်တော့မှ မရိုးတဲ့
ပန်းချီကား တစ်ချပ် …………

နေရာဒေသတွေ
ဘယ်လိုပဲ ကွဲပြားပါစေ ……………
ပင်လယ်ထဲစီးဝင်တာချင်းတူသလို
တို့တတွေ ဆုံတွေ့ခဲ့ကြတယ်
ဒီနေရာလေးမှာလေ…………… ။

ပြုံးပျော်ကြည်နူးရင်း
ဓါတ်ပုံတွေ ကူးခဲ့တာတွေ…………
ထန်းပန်းခိုင် ပွင့်ဖူးတော့
ထန်းရည်မူးခဲ့တာတွေ……………
တစ်ခါတစ်ခါ ညဝတ်လွှာမှာ
ကြင်နာဟန် ချစ်တေးနဲ့
ဂစ်တာသံ ဟစ်သေးတယ်လေ……………
image
ဦးပိန်တံတားပေါ် လမ်းလျှောက်
ပန်းလောက်တယ်လို့………
မထင်နိုင်အောင်
ငါတို့ ရဲ့ခြေထောက်တွေ
အမြဲတမ်းသွက်လက်နေခဲ့တယ်
ဒီနေရာလေးမှာ… လေ …………… ။

တို့ တတွေ နှစ်နဲ့ချီပြီး
ခိုနားခဲ့တဲ့နေရာလေး ………
အတိတ်ရဲ့ အရိပ်တွေက
တစ္ဆေလို ခြောက်လှန့် ………… ! !!!
မဟုတ်ဘူး!!……
မခြောက်လှန့်ပါဘူး
အတိတ်ရဲ့အရိပ်တွေက……
အရင်လို နွေးထွေးစဲ………
ကြည်နူးစဲ…………
လွမ်းဆွတ်စဲ…………
ရင်ခုန်စဲ ပါပဲ…………။

ဘယ်နေရာ
ဘယ်ဒေသကိုရောက်ရောက်
ဘယ်လောက်ပဲ ဝေးကွာနေပါစေ
ငါတို့ ရဲ့ ………………
နေရာလေးအကြောင်းကတော့
လွမ်းလို့မကုန်အောင် ရှိနေစဲ…………………။
image

ခု…………………………ငါ့ရင်ထဲမှာမွန်းကြပ်
အနေခက်လိုက်တာသူငယ်ချင်းရယ်
ဘဝမျိုးစုံအတွက်
အရောင်မျိုးစုံတဲ့
လမ်းပေါ်မှာ ပြေးလွှားရင်း
တစ်ချိန်တစ်ခါက
အဖြူရောင်တိမ်တိုက်တွေကို
ပြန်လည်လွမ်းဆွတ်ရင်း
နှုတ်ဆက်ခဲ့ပါတယ်………https://img.esteem.ws/cjyaaq5qxb.jpg)
ငါ၏ပန်းတိုင်
လျောက်လှမ်းရန်အတွက်
ဆက်လက်ထွက်ခွာရဦးမည်
နေရစ်ခဲ့တော့ တက္ကသိုလ် ……………………။
@yadanabon
@university
@mandalay
@archaeology
@student
@arch-52 အမှတ်တရ နေ့ရက်များ
12 .3. 2005
Writing by MyintAungNaing
Photo Crd: Google image
@myintaungnaing

6 upvotes $0.00

Replies (8)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: