4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Steemit ပေါ် စာရေးကြရာဝယ်

image
Steemitပေါ် စာရေးကြရာဝယ်

မင်္ဂလာပါ
ကျွန်တော်တို့ steemitပေါ်မှာ စာရေးကြတဲ့အခါ ရေးကလည်း
ရေးချင် ဘာရေးရမှန်းလည်း မသိ ။ ရေးစရာ အကြောင်းအရာ ရှာမရ ဖြစ်တတ်ကြပါတယ် ။ ဘာလို့ ရေးစရာ အကြောင်းအရာ ရှာမရဖြစ်ကြသလဲဆိုတော့ စာရေးခြင်းအတတ်ပညာမှာ
သြဇာ လွှမ်းမိုးမှု့ အရှိန်ကို ကြောက်လှန့်နေလို့ဖြစ်ပါတယ် ။ ဘာလို့ ကြောက်လှန့်နေတာလဲ စဉ်းစားလိုက်တဲ့ အခါ
တကယ်လို့များ မိမိရေးလိုက်တဲ့ စာကို စာတတ်ပေတတ်
ပုဂ္ဂိုလ်တစ်ယောက်ကများ ဝင်ဖတ်လိုက်တဲ့အခါ အားနည်း
ချက်တွေ မပြည့်စုံမှု့တွေ မြင်တွေ့သွားမလား နှာခေါင်းရှုတ်သွားမလား စာလုံးပေါင်းသတ်ပုံတွေ လွဲနေလို့ အထင်အမြင်
သေးခံရမလား ငါရေးတဲ့ အကြောင်းအရာဟာ လူတိုင်းသိနေတဲ့ အကြောင်းအရာဆိုရင် ငါသိထားသမျှဟာ သူတို့ သိတာထက် အသေးအဖွဲလေးများ ဖြစ်နေမလား စတဲ့ စတဲ့ စိတ်တွေ
ဝင်လာတတ်ကြပါတယ် ။
ဒါပေမဲ့ ဒီပေါ်မှာ ရေးသမျှ လူတော်တော်များများဟာ စာရေး
ဆရာတွေ မဟုတ်ကြသလို ကဗျာ ဂရုကြီးတွေကြည့် စုစည်း
နေကြတာ မဟုတ်ပါဘူး ။ မူလအစ ပထမတုန်းက အင်္ဂလိပ်လို ရေးသားရင် steem dollar တွေ ပိုပိုင်ဆိုင်မှာပဲ လို့
အတွေးဝင်ခဲ့ ဖူးတယ် ။ ဘာကြောင့်လဲဆိုတော့ ရတဲ့
သူတွေရဲ့ ပိုင်ဆိုင်မှု့ကလည်း အံသြစရာ ဖြစ်နေတာကိုပဲ တွေ့ရတယ်ဆိုတာ 1 dollar တောင် အပြည့်မရခဲ့ပါဘူး ။ အဲဒီအခါ ပိုပြီး အားငယ်လာသလို အင်္ဂလိပ်လို ရေးချင်စိတ်တွေ ပိုပြီး တဖွားဖွားပေါ်လာတော့တာပါပဲ ။ ဒါပေမဲ့ အဲလောက်
ကြီး ရေးနိုင်ဖို့ ဆိုတာကလည်း မဖြစ်နိုင်ဘူးလေ ။ ရေးသမျှတွေ ဝင်လေ့လာပြန်တော့ အင်္ဂလိပ်လို ရေးတိုင်းလည်း upvote ရတာ မဟုတ်မှန်း သိလာတော့တယ် ။ ကိုယ့်ထက် upvote
နည်းတဲ့ english writer တွေ တွေ့လာတော့ အားတက်မိပြန်တယ် ။ နိုင်ငံခြား group တွေထဲမှာလည်း ကိုယ်လိုသူလို vote တောင်းနေကြတဲ့ သူတွေကြည့်ပဲ ။ မခက်ဘူးလား
ခက်တာပေါ့ ဒီလို အခက်အခဲတွေကြားထဲမှာ
တစ်ယောက် တည်း ရေးချင်တာလေးရေးပြီး အကျိုးအမြတ် ခံစားခွင့် ထဲမှာမှ အဆုံးရှုံးဆုံးကတော့ ကဗျာပဲ သာမန်
ရေးသားခြင်းထက် ပိုပြီး လေးနက်တဲ့ ခံစားမှု့ ကဗျာတွေဟာ ငုံ့လျှိုးပျောက်ကွယ်ခဲ့ရတယ် ။ တင်ခဲ့သမျှ ကဗျာတွေဟာ
လူမသိသူမသိ တိတ်ဆိတ်စွာနဲ့ ရာနှုန်းပြည့် အနှုတ်လက္ခဏာနဲ့ ကျန်နေရစ်ခဲ့ရပြီပေါ့ ။ ကျေနပ်စရာ ကောင်းတာ တခုက သြော် ငါသေသွားခဲ့ရင်တောင် ငါ့ကဗျာလေးတွေ steemit.com မှာ ကျန်ရစ်ခဲ့ပြီး ငါ့ကိုယ်စား ငါ့နာမည် လေးနဲ့ ကျန်ခဲ့မှာပဲလေးဆိုတဲ့ အသိလေးနဲ့ပဲ ရသေ့စိတ်ဖြေ ရတော့တာပေါ့ ။ ဒီနေရာမှာ သိလိုက်ရတာက ကဗျာလေးတွေ တန်ဖိုးမဲ့ ခြင်း ခံလိုက်ရသလို လူကြိုက်နည်းတာကိုလည်း သိရှိခဲ့ရတယ် ။ ဟုတ်တာပေါ့နော် တကယ်တော့ တချို့တွေအတွက်က Steemit.com မှာ ခံစားဖို့မှ
မဟုတ်ကြတာလို့ တွေးကြည့်မိပြန်တယ် ။ တချို့တွေ
ကျပြန်တော့ Group အဖွဲ့အတွင်းက လူတွေ အတွက်သာ အားပေးကြတာကိုလည်း တွေ့ရပြန်တယ် ။ ဘာပဲဖြစ်ဖြစ် ဒီ Steemit Platform ကို ပုံစံအမျိုးမျိုးနဲ့ လျောက်နေကြတယ် လက်ရှိအချိန်ထိ နေ့စဉ်နေ့တိုင်း အသစ်အသစ်သော member တွေဟာ ဝင်နေကြတုန်းပါပဲ ။ member အသစ် တွေ အနေနဲ့ စာစရေးတဲ့အခါ စိုးရိမ် စိတ်တွေ မဝင်ပဲ copy ကို ရှောင်ရှားပြီး Owen အနေနဲ့ စာလုံးပေါင်း မှားသည်
ဖြစ်စေ အတွေးအားနည်းသည်ဖြစ်စေ လေ့လာရင်း
သင်ယူရင်းနဲ့ ဖြေးဖြေးမှန်မှန် ချီတက်ကြပါလို့ အားပေးပါရစေ ။ မြေစမ်း ခရမ်းပျို ဆိုသလို အစပိုင်းမှာ ယောင်လည်လည်ဖြစ်
နေပေမဲ့ လေ့လာအားနဲ့ စာဖတ်အား သာတဲ့သူ လုံလရှိတဲ့သူ အတွေးအခေါ် ဖြန့်ကျက်နိုင်တဲ့သူက သာလာမှာပါ ။ ဒီနေရာမှာ ဒါဝင်ရဲ့ သီအိုရီ လိုပဲ ခွန်အားပြည့်စုံတဲ့သူက ရှေ့ဆုံးကို ရောက်လာမယ်ဆိုတာ ရေးသားရင်းနဲ့ အတွေးအခေါ် ကောင်း
သော အဟာရ ရှိသော စာများ ရေးသားနိုင်ကြပါစေ
ဆုတောင်းလျက် …………
မိတ်ဆွေများ အားလုံး အောင်မြင်ကြပါစေ
image

Write by @myintaungnaing
Photo by Google image

8 upvotes $0.00

Replies (5)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: