4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အင်္ဂလန်တို့ အုပ်စုတက်ပြီ

https://m.youtube.com/watch?v=kPAIcIBtCtE&feature=onebox

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းဟာ ပနားမားအသင်းကို (၆)ဂိုး (၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး (၁၆)သင်းအဆင့်ရှုံးထွက်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

စနေနေ့ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းဟာ တူနီးရှားအသင်းကို အနိုင်ကစားခဲ့ပြီးဖြစ်တာကြောင့် အင်္ဂလန်အသင်းဟာလည်း ပနားမားကို မဖြစ်မနေအနိုင်ကစားခဲ့ရတာဖြစ်ပါတယ်။

ပွဲအစ(၈)မိနစ်မှာပဲ ထရစ်ပီယာရဲ့ ထောင့်ကန်ဘောကို ဂျွန်စတုန်းစ်ကခေါင်းတိုက်ပြီး အင်္ဂလန်အသင်းအတွက် အဖွင့်ဂိုးရယူခဲ့ပါတယ်။

ချက်ချင်းပဲ ပြန်လည်တိုက်စစ်ဆင်ခဲ့တဲ့ ပနားမားအသင်းဟာ အက်ဒ်ဂါဘာစီနက်စ်ရဲ့ အဝေးကန်ချက်နဲ့ ဂိုးရယူဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပါတယ်။

ပွဲချိန်(၂၂)မိနစ်အရောက် ပင်နယ်တီစည်းထဲမှာ လင်ဂတ်ကို ပနားမားနောက်ခံလူ ရိုမန်တောရက်စ်ဆွဲချခဲ့တာကြောင့် အင်္ဂလန်အသင်း ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ဟာရီကိန်းက အမှားအယွင်း မရှိသွင်းယူကာ အင်္ဂလန်အသင်း ဒုတိယဂိုးရခဲ့ပါတယ်။

ဆက်လက်ပြီး ပွဲချိန် (၃၆)မိနစ်မှာ လင်ဂတ်နဲ့ စတာလင်တို့ရဲ့ တွဲလုံးတိုက်စစ်မှတစ်ဆင့် လင်ဂတ်က ကိုက် (၂၀) အကွာမှ လှလှပပ ကန်သွင်းကာ အင်္ဂလန်အသင်းအတွက် တတိယမြောက်ဂိုး ရယူခဲ့ပါတယ်။

ပွဲချိန် မိနစ် (၄၀)မှာ ဂျွန်စတုန်းက နောက်ထပ် ခေါင်းတိုက်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် (၄၅)မိနစ်မှာ ဟယ်ရီကိန်းက နောက်ထပ် ပင်နယ်တီမှ သွင်းဂိုးတစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာတင် အင်္ဂလန်အသင်းက (၅)ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ပနားမားအသင်းရဲ့ ကစားပုံဟာ သိသိသာသာလျော့ရဲလာခဲ့ပြီး အင်္ဂလန်အသင်းက အလွယ်တကူပဲ တိုက်စစ်ဆင်ကစားနိုင်ခဲ့ပါတယ်။

ပွဲချိန် (၆၂)မိနစ်မှာ လော့ဖ်တပ်စ်ချိခ်ရဲ့ အပြင်းကန်ချက်ဟာ ဟာရီကိန်းရဲ့ ခြေထောက်နဲ့ထိပြီး လမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားတာကြောင့် အင်္ဂလန်အသင်း နောက်ထပ် တစ်ဂိုးရရှိခဲ့ပါတယ်။

ပွဲချိန်(၇၈)မိနစ်မှာ ပနားမားအသင်းမှ အဗီလာရဲ့ အလွတ်တည်ကန်ဘောကို ဖိလစ်ဘလွိုင်းက ပိတ်သွင်းပြီး ပနားမားအသင်းအတွက် ချေပဂိုးရယူခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အင်္ဂလန်အသင်းက ပနားမားအသင်းကို (၆)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အုပ်စု(G)မှာ အင်္ဂလန်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ဟာ ရမှတ်တူအနေအထားနဲ့ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပြီးဖြစ်ကာ ဇွန်လ(၂၉)ရက်နေ့ယှဉ်ပြိုင်မယ့် ဒီနှစ်သင်းတွေ့ဆုံမှုဟာ အုပ်စုပထမနေရာအတွက် အဆုံးအဖြတ်ဖြစ်လာမှာပါ။

25 upvotes $0.00

Replies (10)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: