4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ပဲပုတ်ပန်ထွေဖျော်

ပဲပုတ်ပန်ထွေဖျော်

ပါဝင်တာကတော့ (နှစ်ယောက်စာ)
(၁) ပဲပုတ် ၂ ချပ် ( ဒဲအိုးနဲ့ထည့်ပြီး အနံ့မွှေးအောင် ကင်ပေးပါ )
(၂) ငရုတ်သီးစိမ်း စားနိုင်သလောက် ( ဒဲအိုးနဲ့ထည့်ပြီး လှော်ထားပေးပါ)
(၃) ကြက်သွန် အသေး တစ်လုံး
(၄) ကြက်သွန်ဖြူ နှစ်တက်
(၅) နံနံပင်
(၆) ခရမ်းချဉ်သီး နှစ်လုံး
(၇) ဆား၊ အချိုမှုန့်၊ ငံပြာရည်

ပထမဦးစွာ.. ခရမ်းချဉ်သီး နှစ်လုံးကို အိုးထဲတွင် ရေအနည်းငယ်ထည့်ပြီး.. ရေခန်းပြုတ်ပေးပါ။

ရေခန်းပြီးခရမ်းချဉ်သီး အပြင်ခွံများ ကွဲအက်ပြီး.. အတွင်းဘက်ကလည်း ပျော့လာပြီဆိုလျှင်

အအေးခံထားပါ။

ခရမ်းချဉ်သီး အေးလျှင် အပြင်အခွံများကို ခွာပေးပါ။

ထို့နောက် ကြိတ်စက် ထဲတွင် ခရမ်းချဉ်သီး အခွံခွာထားတာရယ်၊ ပဲပုပ် ကင်ထားကို အပိုင်းလေးများ

ပိုင်းထားတာရယ်၊ ငရုတ်သီးစိမ်းလှော်ထားတာရယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တို့ကို ထည့်ပြီး
မကျေတကျေလေး ကြိတ်ပေးပါ။

အားလုံး သမသွားလျှင် အပေါ့အငံမြည်းပြီး... ဆား၊ အချိုမှုန့်၊ ငံပြာရည်ကို လိုသလိုထည့်ပြီး မွှေပေးပါ။

အပေါ်က နံနံပင်လေးဖြူးပြီး သုံးဆောင်လို့ရပါပြီPhoto0531.jpg

MSU No 059
go 1

19 upvotes $0.02

Replies (6)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: