4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အချစ်ဆိုတာ ချစ်တတ်ရင် မပူပါဘူး

image
Credit:photo

အချစ်က ပူတယ်တဲ့ ပူမှာပေါ့
နားလည်မှူဆိုတဲ့ လက်နှီးနဲ့မှ မကိုင်တာကို။

အချစ်က အရမ်းချစ်လေ ရူံးလေတဲ့
ရူံးမှာပေါ့ မျှော်လင့်ခြင်းတွေက အစွန်းရောက်ပြီး
အတ္တတွေ ကြီးနေတာကို။

တကယ်ချစ်ရင် အမှန်စိတ်ညစ်ရတယ်တဲ့
စိတ်ညစ်ရမှာပေါ့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မူ မှ
မတည်ဆောက်ကြတာကို။

အချစ်ဆိုတာ ဆုံးရူံးခဲ့ကြရရင် နာကျင်ကြေကွဲရတယ်တဲ့
ကြေကွဲရမှာပေါ့ မတည်မြဲတဲ့ သဘောတရား ၊ တွေ့ဆုံကြုံကွဲဆိုတဲ့
တရားသဘောကို ကြိုမသိခဲ့ကြတာကို။

ယနေ့ခေတ်မှာ သစ္စာ ဆိုတာ ရှားပါးနေပါပြီတဲ့
သစ္စာ ရှားတာမဟုတ်ပါဘူး သစ္စာ ထက် သာယာမှူ နှင့်
သမုဒ္ဒရာဝမ်းတစ်ထွှာက အနိုင်ယူသွားတာကို။

အရမ်းချစ်ပြီးရင် အစွန်းရောက်အောင် မုန်းတတ်ကြသတဲ့
မုန်းမှာပေါ့ ကိုယ့်ကိုယ်ကိုယ် ပိုချစ်ခဲ့ကြတော့ ဥပေက္ခာတရားကို
မကျင့်သုံးနိုင်ခဲ့ကြတာကို။

တကယ်တော့ အချစ်ဆိုတာ အဖြူ ရောင်သက်သက်ပါ
အဲ့ဒီအဖြူ ရောင်ကို လူသားတွေက ကိုယ့်အတ္တနဲ့ အရောင်ဆိုးခဲ့ကြတော့
အချစ်က စမ်းရေအစား မီးပင်လယ် ဖြစ်ခဲ့ကြတာပေါ့။

လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ်​ မကွေး
#crd

13 upvotes $0.14

Replies (6)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: