4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဘဝ၏ အပိုင်းအစ

ယခုတစ်​ပတ်​​တော့ ကျွန်​​တော့်​ဝတ္ထုရှည်​အခန်းဆက်​ကို​ခေတ္တနားပြီး​လတ်​တ​လော​တွေ့ကြုံလုပ်​ကိုင်​​နေရတဲ့အ​ကြောင်းအရာ​လေးကို​ရေးသား​ဖော်​ပြလိုပါသည်​။စာဖတ်​သူတို့မအားလပ်​သည့်​အချိန်​​လေးများထဲမှအနည်းငယ်​အားလပ်​သည့်​အချိန်​​လေးများဖြင့်​ဖတ်​ရှု​ပေးကြပါခင်​ဗျာ။သို့အတွက်​လည်း ​ကျေးဇူးအထူးတင်​ရှိပါသည်​။

ဟို​တောင်​တခွင်​ညို့မှိုင်းမှိုင်းဖြင့်​ မိုးတိမ်​များမှာ ​ကောင်းကင်​တစ်​ခွင်​ဖုံးလွှမ်းလို့​နေပါပြီ။ရာသီစက်​ဝန်းသည်​ အလှည့်​ကျမိုးရာသီသို့ စီးနင်းဝင်​​ရောက်​လို့လာပါသည်​။မိုးရာသီသို့​ရောက်​လာသည့်​အညီ ​တောင်​သူလယ်​သမားတို့၏ လုပ်​ငန်း​ဆောင်​တာများလည်း အစပျိုး လုပ်​ကိုင်​ကြသည့်​အချိန်​လည်း ဖြစ်​ကြသည်​​ပေါ့။လယ်​ယာသမားများအတွက်​ မိုးရာသီသည်​ အလွန်​အ​ရေးပါအရာ​ရောက်​​သော ရာသီဖြစ်​သည်​ဟုဆိုလျှင်​မှားမည်​မထင်​ပါ။မိုးဦး​ပိုင်း မိုးဦး​ကောင်း​နေ​သောအချိန်​အတွင်း စပါးစိုက်​ပျိုးကြရန်​အတွက်​ ပျိုးခင်းများ ​ထောင်​ကြရသည်​။အချိန်​နှင့်​ဒီ​ရေသည်​ လူကိုမ​စောင့်​ဆိုသလို အချိန်​ရှိခိုက်​ လုံ့လ ဝီရိယဖြင့်​ လုပ်​​ဆောင်​ရမည်​မဟုတ်​လား။မိမိအ​နေဖြင့်​မိုး​လေးက​အေး ​လေ​လေးက​အေး​နေသဖြင့်​ မိမိဖုန်းအားကိုသွင်း 8ball​ဆော့ပြီး $များယူမည်​​ပေါ့။သို့​သော်​လည်း ကံများကမ​ကောင်း။မိမိ​ဆော့၍နိုင်​ခါနီးအချိန်​ဆိုရင်​ဖြင့်​ connection ကျ၍ ရှုံးသွားပြန်​သည်​။တဖန်​ connection ​ကောင်းပြန်​က မိမိအလှည့်​ပင်​မ​ရောက်​ရှုံးပြန်​သည်​။တစ်​ခါတစ်​ခါ စိတ်​များမရှည်​နိုင်​​တော့ပါ။မိမိထိုးလှည့်​​ရောက်​၍ ထိုးစရာမရှိက အမဲ(8)လုံးကိုထိုးထိုးချ၍အရှုံး​ပေးလိုက်​သည်​။(မှတ်​က​ရော)ဒါက​တော့ အချိန်​အနည်းငယ်​ရတဲ့အခိုက်​ လုပ်​သည့်​အလုပ်​​ပေါ့။တကယ့်​ မိမိဘဝအတွက်​အလုပ်​က မိုးရာသီစလာလျှင်​ အလုပ်​များလည်း အစပျိုးရသည်​​ပေါ့။မိမိအလုပ်​က လယ်​အလုပ်​သည်​လည်းမဟုတ်​ပါ။မိရိုးဖလာအလုပ်​က​တော့ ယာ ကိုင်းစသည်​​ပေါ့။လယ်​အလုပ်​​တော့မဟုတ်​​ချေ။မိမိသည်​က​တော့ ထိုအလုပ်​များက မလုပ်​ကိုင်​ရ​သော်​လည်း အနည်းငယ်​​တော့ သိရှိနားလည်​ထားသည်​။ယာ၊ကိုင်းအလုပ်​ကိုဝင်​မလုပ်​ဘဲ မိုးရာသီတွင်​​တော့ အ​ရောင်းအဝယ်​အလုပ်​ကိုလုပ်​ကိုင်​သည်​။တစ်​နိုင်​တစ်​ပိုင်​​လေးဆိုပါ​တော့။ဘာကိုအ​ရောင်းအဝယ်​လုပ်​သလဲ ​မေးရင်​​တော့ ကုန်​စိမ်းအ​ရောင်းအဝယ်​​ပေါ့။မိုးရာသီတွင်​ မိမိဇာတိရွှာမှထွက်​ ကုန်​စိမ်းသီးနှံတစ်​မျိုးဖြစ်​သည့်​ ​ပြောင်း သီးနှံကို ဝယ်​ယူ​ရောင်းချကြသည်​။မိမိမြို့ဇာတိနှင့်​ မန္တ​လေး ကူမဲ​ ​ကျောက်​ဆည်​ထိပါ အ​ရောင်းအဝယ်​ပြုလုပ်​​လေ့ရှိသည်​။FB_IMG_1528384567902.jpg
ယခုအချိန်​တွင်​​တော့ မိမိဇာတိမြို့ရွှာများတွင်​ ကုန်​များရှာရသည်​။ကုန်​ရှာရသည်​ဆိုကတည်းက အိမ်​တွင်​မကပ်​ရ​တော့ပါ။ဆိုင်​ကယ်​ဖြင့်​ တ​နေကုန်​၊တ​နေခန်း ​လျှောက်​ပတ်​ဝယ်​​နေရသည်​။ကုန်​ကလည်း အဝယ်​များသည်​က ရှာရ အလွန်​ခက်​သည်​။တချို့​တောင်​သူများအား ​ဝယ်​ရခြမ်းရလွယ်​ကူသ​လောက်​ တချို့​တောင်​သူများမှာ ဝယ်​ရခြမ်းရအလွန်​ ခက်​ခဲလွန်းသည်​။ထို​တောင်​သူများမှာ အမြင်​ကျဉ်း​သော ​တောင်​သူများဖြစ်​ကြမည်​ထင်​ပါသည်​။အဘယ်​​ကြောင့်​ဆို​သော်​ ၎င်းတို့အ​နေဖြင့်​ ၎င်းတို့ကုန်​နှင့်​ ထိုကုန်​၏တန်​ဖိုးကို ကြိုတင်​ခန့်​မှန်းထားခြင်းမရှိဘဲ အဆမတန်​​တောင်း​နေခြင်း​ကြောင့်​ဖြစ်​သည်​။ထိုသို့​တောင်းခြင်း​ကြောင်းအဝယ်​သမားများက ​ဈေးညှ်ို့နှိုင်းရန်မဖြစ်​နိုင်​တော့ဟုဆုံးဖြတ်​ကာ လှည့်​ပြန်​ကြတာချည်းဖြစ်​သည်​။ဥပမာဆိုကြပါစို့ ​တောင်​သူအ​နေဖြင့်​ မိမိ၏ကုန်​တန်​ဖိုးကို(၂၀)သိန်းလိုချင်​သည်​ဆိုပါ​တော့။၎င်းအ​နေဖြင့်​ အဝယ်​သမားများလာ​ရောက်​ချိန်​တွင်​ ကုန်​တန်​ဖိုးကို (၄၀)​သိန်း​လောက်​​​တောင်းထားကြသည်​။ထိုအခါတွင်​​​တော့အဝယ်​သမားများမှာ မိမိဝယ်​လိုသည့်​​ဈေး​ပေးရန်​ အခက်​ခဲဖြစ်​​တော့သည်​။မိမိ​ပေးလိုက်​သည့်​​ဈေးအ​ပေါ် ​တောင်​သူများစိတ်​ဆိုးမည်​စိုး​သော​ကြောင့်​ဖြစ်​သည်​။အမှန်​တကယ်​ကုန်​တန်​ဖိုးမှာ သိန်း(၂၀)ဖြစ်​​သော်​လည်း (၄၀)သိန်း​တောင်းထား​သော​ကြောင့်​ ​ကုန်​​ဈေးအား​ခေါက်​ချိုး​ပေးရမည်​အ​ခြေအ​နေတွင်​ ​ဈေးဖွင့်​​ပေးရန်​​စိတ်​မရဲ​တော့​ပေ။တချို့​သော​တောင်​သူများလည်း ​သေ​သေချာချာ ရှင်းပြလိုက်​မှ သ​ဘော​ပေါက်​နားလည်​ကြသည်​။လူအမျိုးမျိုး စိတ်​အ​ထွေ​ထွေဆိုသည့်​အတိုင်း လူတစ်​​ယောက်​၏စိတ်​ကို သိနိုင်​ရန်​မှာလည်း ခက်​ခဲလှသည်​။ကုန်​များအား ​ချော​ချော​မွေ့​မွေ့ဝယ်​နိုင်​လျှင်​​တော့ ကံ​ကောင်းလှသည်​။ပြောင်းများ ရပြီဆိုလျှင်​ ​​ ​ဈေးကွက်​အတွင်းသို့ ပို့​ဆောင်​ရန်​ စီစဉ်​ရ​တော့သည်​။ဈေးကွက်​​အ​နေဖြင့်​​တော့ ရန်​ကုန်​ သို့ ပို့​ဆောင်​သည်​ကများသည်​။တခြား​သော မြို့များဖြစ်​​သော မန္တ​လေး၊မိတ္ထီလာ၊​မော်​လမြိုင်​ မြို့များတို့လည်းပို့​ဆောင်​​​နိုင်​​သေးသည်​။သို့​သော်​ အနည်းအကျဉ်းသာ တင်​​ဆောင်​နိုင်​သည်​။ပြောင်း​များအားတင်​​ဆောင်​ရာတွင်​လည်း အခက်​အခဲအနည်းငယ်​စီရှိကြသည်​။မိုးများလျှင်​ ကားအဝင်​အထွက်​များအနည်းငယ်​ အခက်​အခဲရှိသည်​။ပြောင်းများမှာ ရွှာများသို့သွား​ရောက်​တင်​​ဆောင်​ရ​သော​ကြောင့်​ဖြစ်​သည်​။FB_IMG_1528384564123.jpg
ပြောင်းများအား လူအားဖြင့်​ ကွင်းပြင်​ကျယ်​တစ်​​နေရာတွင်​ စုစည်းကာ (၁၀)ဘီး သို့မဟုတ်​ (၁၂)ဘီးကားများဖြင့်​ ပွဲရုံများဆီသို့ တင်​​ဆောင်​သွားကြရသည်​။မိမိဇာတိဖြစ်​​သော ​တောင်​ငူမှရန်​ကုန်​ဆိုလျှင်​ ညမအိပ်​ရဘဲ ​ရောက်​၍ ​ပြောင်းဖူးမှာ လတ်​လတ်​ဆတ်​ဆတ်​နဲ့ စားသုံးသူများ ဝယ်​ယူရသည်​။ဤသည်​မှာ မိုးရာသီတွင်​ ကျွန်​​တော်​ လုပ်​ကိုင်​ရမည့်​ လုပ်​ငန်း၏ အ​ကြောင်းတစ်​ခုပင်​ဖြစ်​ပါသည်​။ဖတ်​ရှု​ပေးကြ​သော ညီအစ်​ကို​မောင်​နှမများအားလုံး ​ကျေးဇူးအထူးပင်​တင်​ရှိပါသည်​။

Author by @nandasai(MSC.076)

Images-My Photo

52 upvotes $1.35

Replies (21)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: