4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

မာလကာပင်

ရုက္ခဗေဒ အလိုအားဖြင့် မာလကာပင်ကို ဆစ်ဒီယမ် ဂွာဂျဗား ဟုခေါ်၏။ ရခိုင်လို ဂိုယိုင်ပင်ဟု ခေါ်သည်။ [၁] ထိုအပင်သည် မာတေစီအီးမျိုးရင်းတွင် ပါဝင်သည်။ မြန်မာနိုင်ငံ၌ သဘာဝအလျောက် ပေါက်သော အပင်မျိုး မဟုတ်ပေ။ မူလပေါက်ရာ အရပ်မှာ မြောက်အမေရိကတိုက်ရှိ မက္ကဆီကိုနယ်နှင့် တောင်အမေရိကတိုက်ရှိ ပီရူးနိုင်ငံတို့ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင်းသို့ တစ်ဆင့်ယူဆောင်စိုက်ပျိုးသည့် သစ်ပင်ငယ်များ ဖြစ်သည်။

ရေမဝပ်သည့် သဲဆန်ဆန် ဂဝံမြေမျိုး၌ မာလကာပင်များ ကောင်းစွာဖြစ်ထွန်းသည်။ မြန်မာနိုင်ငံတွင် မေမြို့အနီး ရှမ်းကုန်းပြင်မြင့်နှင့် အခြားအရပ်ရှိ ခြံဥယျာဉ်များ၌ မာလကာပင်များကို စိုက်ပျိုးထားကြသည်။ မာလကာပင်များ ပွားလာအောင် မြေထုပ် စည်းခြင်း၊ အကိုင်းဆက်ခြင်း၊ အကိုင်းမြေမြု|ပ်ခြင်း၊ သားတက်ဖြတ် စိုက်ခြင်း စသည့် နည်းအမျိုးမျိုးတို့ဖြင့် စိုက်ပျိုးနိုင်သည်။ သို့သော် မြန်မာနိုင်ငံတွင် အစေ့စိုက်နည်းကိုသာ အသုံးပြုကြသည်။ တစ်ပင် နှင့် တစ်ပင် ပေ ၂ဝ စီခွာ၍ အတန်းလိုက် စိုက်သင့်သည်။ အပင် သက် ၃ နှစ်ခန့်ရှိလာသောအခါ အသီးသီးတော့၏။ အပင်သက် နုစဉ် အချိန်မှစ၍ အကိုင်းအခက်တို့ကို ချိုင်ပေးလျှင် အသီးများ သီးနိုင်သည်။

အခေါက်သည် ချောမွတ်၍ ညိုဖျော့ဖျော့ အရောင်တွင် အကွက်များ ပေါ်လျက်ရှိသည်။ အချင်း ၁ ၁ /၂ လက်မခန့်ရှိသော အပွင့်ဖြူများ ပွင့်ရာ အနံ့အနည်းငယ်မွေး၏။ မာလကာပင်မျိုး အများအပြားရှိသော်လည်း စင်စစ် မာလကာဖြူမျိုးနှင့် မာလကာနီ မျိုးဟူ၍ နှစ်မျိုးသာ ခွဲခြားထားသည်။ မာလကာဖြူမျိုး အပင်တို့တွင်အပွင့်များ တစ်ပွင့်ချင်းပွင့်၍ သစ်သော့သီးပုံ အသီးများသီးသည်။ အနီမျိုး အပင်တို့တွင်ကား တစ်ခိုင်တွင် ၂ ပွင့်၊ ၃ ပွင့်စီ အခိုင်လိုက်ပွင့်၍ အသီးမှာ အလုံး၊ သို့မဟုတ် ရှည်ဝိုင်းဝိုင်းရှိကြ သည်။ မာလကာသီးအတွင်း၌ မာသောအစေ့ငယ်များ အများအပြား ရှိ၏။ အသီးမှည့်လျှင် အသားပျော့လာ၍ အရသာမှာ ချိုယောင် ယောင်ဖြစ်သည်။ အသီးတစ်ခုလုံးကို စားရသည်။

အသီးမှည့်ထက် အသီးစိမ်း အပွများကို အချို့ပို၍နှစ်သက်ကြသည်။ အသီးစိမ်းနှင့် အသီးမှည့်များအပြင် မာလကာယို ပြုလုပ်၍လည်း စားကြသည်။ မာလကာသားသည် ညိုမွဲမွဲအရောင်ရှိ၍ အတော်အသင့်မာသည်။ ယင်းအသားကို သေနတ်ပြောင်းခံအသား ပြုလုပ်ခြင်း၊ ပုံထွင်းခြင်း၊ သင်္ချာအတိုင်းအတာ ကိရိယာများ ပြုလုပ်ခြင်းတို့၌ အသုံးပြုကြသည်။[၂]

ကိုးကား ပြင်ဆင်
မောင်သိန်းဇံ (ဇူလိုင်၊ ၂၀၀၀). ရခိုင်မြန်မာဆေးအခေါ်ကွဲလွဲမှုများ. နက္ခတ္တရောင်ခြည်, ၂၈၁.
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)

2 upvotes $0.01

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: