4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

လူ့တန်ဖိုး

''လူ့ တန်ဖိုး''

ဆရာဝန်တစ်ယောက်ဟာ
အထည်ချုပ် စက်ရုံက အလုပ်သမားမလေးနဲ့ ... ချစ်ကြိုက်တယ်
အဲ့ဒိမိန်းကလေးဟာ
သူ့ တို့  နှစ်ယောက်ကြားက အလုပ်အကိုင်ခြားနားမှုပေါ်မှာ သိမ်ငယ်နေရှာတယ်...

''ကို့ မိဘတွေသဘောတူပါ့မလား''

''ဘာဖြစ်လို့ လဲချစ်ရယ်''

''ဂုဏ်ကွာတယ်လေ''

ချစ်သူကို မြတ်မြတ်နိုးနိုးလေးဖက်ပြီး စကားပြောဖို့ ပြင်လိုက်တယ်

''နားထောင်နော်... ဒီစကားဟာ နှစ်သိမ့်တဲ့စကားမဟုတ်ဘူး... ကိုယ်သိထားတဲ့အမှန်တရား...
ဂုဏ်ဆိုတာ သီလ သမာဓိ ပညာကို ခေါ်တာ... မလုပ်သင့်တာကိုမလုပ် တာ ... လုပ်သင့်တာကိုလုပ်တာ သီလပဲ... အဲ့ဒိဂုဏ်နဲ့ ပါတ်သတ်ပြီး.. ကလေးကို ကိုယ်ကျေနပ်တယ်...
နောက်တစ်ခုသမာဓိပေါ့...
တည်ကြည်မှုလေးပေါ့... ကိုယ်သိပ် လောဘမကြီးဘူး... ကလေးရဲ့လက်ရှိ စိတ်အနေအထားလေးကို သဘောကျတယ်... ပညာဆိုတာ အတန်းပညာကိုမဆိုလိုဘူး...
ဒုစရိုက်ကိုမလုပ်သင့်မှန်းသိတာ...
သုစရိုက်ကို လုပ်သင့်မှန်းသိတာ ပညာပဲ... ''

''ကိုယ် က သူများကိုတရားလာဟော နေတာပဲ...''

''တရား ဆိုတာ အမှန်ပဲလေ...
တရားဟောတယ်ဆိုတာ အမှန်ပြော ခြင်းပဲ... ကိုယ်အမှန်တွေပြောနေတာ''

ချစ်သူ့ မျက်နှာပေါ်ကကြည်နူးရိပ်လေး ကိုမရမက ခူးလိုက်မိတယ်...

''ကိုယ်သိပ်တန်ဖိုးထားတဲ့ ရိုးဂုဏ်ဆို တာလေး ကလေးမှာရှိတယ်''

လူဆိုတာတော့လည်း ကိုယ့်ကောင်း ကြောင်းပြောတဲ့အခါ မာန်နည်းသူတို့ . ထုံးစံအတိုင်း ရှက်ရွံ့ ကြည်နူးနေရှာ ရဲ့...

''လူတစ်ယောက်ဟာ ကိုယ့်အလုပ်ကို သိပ်တာဝန်ကျေတဲ့အခါ အစားထိုးမရ အောင်တန်ဖိုးရှိသွားတယ်...
ညစောင့် ဟာ ညစောင့်အလုပ်ပေါ် တာဝန် ကျေတဲ့အခါ... လုံခြုံစွာ ယုံကြည်စွာ အေးချမ်းစွာ အိပ်စက်ခွင့်ရတယ်...
Driverဟာ driverအလုပ်ပေါ် တာဝန်ကျေတဲ့အခါ ခရီးသည်တွေ ဘေးကင်းရတယ်... လူတိုင်းမှာ ကိုယ့်အလုပ်အတိုင်း တန်ဖိုးကိုယ်စီ ရှိကြတယ်... တတ်မြောက်ရန်ခတ်ခဲ မှု... လိုအပ်ချက်မြင့်မားမှုပေါ်မူတည် ပြီး လုပ်အားခ ကွာချင်ကွာမယ် ...
သမ္မတကနေ အောက်ခြေလုပ်သား အထိ ရိုးသားကြမယ်ဆိုရင် လူ့ တန် ဖိုးအတူတူပဲ''

''ရှင်''

''ရှပ်သွားလား ကိုယ်ပြောချင်တာက မရိုးသားတဲ့သမ္မတဟာ ရိုးသားတဲ့
အောက်ခြေဝန်ထမ်းလောက် အဆင့်အတန်းမရှိဘူး ဂုဏ်မရှိဘူး..
ကိုယ်က အဲ့ဒါကိုဆိုလိုတာ''


ကျနော့်ရဲ့ဇာတ်လမ်းလေးဟာ စိတ်ကူးယဉ်သိပ်ဆန်သွားလား...
ကျနော်တော့ဒီလိုမထင်ဘူး..

အမှန်ပြောခြင်းကို ကြွားတယ်လို့ ...
ထင်လိုကထင်ပါ...

ကျနော် ဆိုက်ကားစီးဖြစ်တဲ့အခါ..
ဆိုက်ကားဆရာကိုပိုက်ဆံပေးရင်
ရိုရိုသေသေပေးဖြစ်တယ်...
ကျေးဇူးပဲနော်လို့ ပြောဖြစ်အောင် ပြောတယ်... ကာယလုပ်သားဖြစ်လို့ . သူသိပ်ပင်ပန်းနေမယ်...
ကျနော့်ရဲ့အပန်းမကြီးတဲ့စကားတစ် ခွန်းအတွက် သူ့ ပင်ပန်းမှု သက်သာသွားမယ်ဆိုရင်...
သူ့ ရဲ့လုပ်အားကို နှလုံးသားနဲ့ ပါ...
အသိအမှတ်ပြု လိုက်မယ်ဆိုရင်...
နောက်ခရီးသည်ကို သူ့ ဘက်က ပြန်ဖော်ရွေသွားမယ်...
သူ့ လုပ်အားကို ဂါရဝပြုတယ်...
ကိုယ့်ကိုယ်ကို နိဝါတတရားနဲ့ ...
နှိမ့်ချလိုက်တယ်....
ကျနော်နဲ့ သူ နှစ်ယောက်စာ
လူ့ ပတ်ဝန်းကျင်လေးဟာ စိုပြေသွားတယ်....

ကျနော်တွေးဖူးတယ်
ကမ္ဘာပေါ်ကနေ လကိုမော့ကြည့်ရ သလို လပေါ်ကနေလည်း ကမ္ဘာကို မော့ကြည့်ရတာပဲ...
အပြန်အလှန်လေးစားမှုပေးတယ်
လို့ မြင်ပစ်လိုက်တယ်...
စင်္ကြဝဠာမှာ အထက်အောက်သဘောတရားမရှိ ဘူးလေ....

အပေါက်စောင့်ကိုလက်ဆွဲနှုတ်ဆက် တဲ့ အမေရိကန်သမ္မတဟောင်း အိုဘာမားရဲ့အပြုအမူလေးကို
သိပ်ချစ်တယ်....

လက်တွန်းလှည်း အကင်သည်ဆီက အကင်ဝယ်စားတော့...
ကျနော့်အကျင့်အတိုင်း ကျေးဇူးပဲလို့ .
ပြောလိုက်မိတယ်...
ချစ်သူကမေးတယ်...
ဘာလို့ အဲ့လိုပြောတာလဲတဲ့...
သိချင်လို့ မေးတဲ့ပုံစံပါ...

ကျေးဇူးပဲဆိုတဲ့စကားဟာ...
ကျနော့်နှုတ်ခမ်းအတွက် သိပ်အပန်း မကြီးပါဘူး... ဒါပေမယ့် ဈေးသည်ရဲ့ နှလုံးသားအတွက် ခွန်အားဖြစ်လို ဖြစ်ငြားပေါ့....

ကျနော်က ပိုက်ဆံပေးတယ်
သူက ကုန်ပစ္စည်းပေးတယ်...
ဖလှယ်တဲ့သဘောပါပဲ...
မျှတပါတယ်...
ဒါပေမယ့် တိုင်းရင်းသားစကားပုံ လေးရှိတယ်ဗျ... သူ့ ကျေးဇူးကို မှတ်ထားပါ ကိုယ့်ကျေးဇူးကို မေ့ပစ်ပါ တဲ့...

ကျနော်လိုချင်တဲ့ အကင်ကိုပေးလို့ ..
သူ့ ကိုကျေးဇူးတင်တာပါ...
သူလိုချင်တဲ့ပိုက်ဆံပေးတဲ့ကျနော့်ကို ကျေးဇူးတင်ချင်လည်းတင်ပါ... မတင်ချင်လည်းနေပါ...
ဒါကျနော်မေ့ထားရမယ့်ကိစ္စပဲ...
အမြဲပြောဖြစ်တယ်လို့ မဆိုလိုပါဘူး
ပြောဖြစ်ဖို့ တော့သတိရတိုင်း
ကြိုးစားမိတယ်...

ဒီpostရေးတဲ့ ရည်ရွယ်ချက်က...
လူလူချင်း လေးစားတန်ဖိုးထားတတ်
ဖို့ အသိအမှတ်ပြုတတ်ဖို့ ....
ချစ်စဖွယ်လူ့ ပါတ်ဝန်းကျင်လေး
ဖြစ်စေဖို့ ရည်ရွယ်ပါတယ်
FB_IMG_1498998397071.jpg

8 upvotes $0.00

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: