4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Btc mining

image
တကယ်တမ်းလည်း Charlie Shrem ရှိနေချိန် တုန်းက ဒစ်ဂျစ်တယ် ငွေ ကြေး အမျိုးအစား တွေဟာ ဘယ်တုန်းကမှနဲ့ မတူအောင် ကြီးထွား ရှင်သန် ခဲ့ပါတယ်။ အခုဆိုရင် Bitcoin နဲ့ သူ့အပေါင်း အဖော် တွေရဲ့ တန်ဖိုး ပမာဏဟာ အမေရိကန် ဒေါ်လာ ၁၀၇ ဘီလီယံ လောက် အထိကို ဖြစ်နေခဲ့ ပါပြီ။ ပြောရမယ်ဆိုရင် နှစ်တစ်နှစ် အတွင်း တန်ဖိုးပမာဏ ခြောက်ဆ အထိ တက်လာတဲ့ သဘောပါပဲ။ ဒါဟာ ကမ္ဘာ့ငွေကြေး စနစ်တစ်ခုလုံးရဲ့ ဦးတည်ရာ လမ်းကြောင်း ပြောင်းလဲခြင်း ဖြစ်ရုံမျှမက သမိုင်းဝင် အစိတ် အပိုင်းတစ်ခု ပြောင်းလဲခြင်းရဲ့ အစလို့လည်း ဆိုလို့ ရပါတယ်။ ဒီနေ့ဒီအချိန် မှာတော့ အမေရိကန် ဒေါ်လာ ၆.၆ ဘီလီယံပမာဏ ရှိတဲ့ ဒစ်ဂျစ်တယ် တိုကင် တွေဟာ နေ့စဉ် အရောင်းအဝယ် ဖြစ်နေပြီး တကယ့် ငွေကြေး ဈေး ကစားသူ အကြီးစားများ ဖြစ်ကြတဲ့ Goldman Sachs ၊ Visa ၊ Capital One? Nasdaq နဲ့ New York Stock Exchange တို့ကပါ ဖြစ်ပေါ်လာ တဲ့ နည်းပညာ ငွေကြေး ဈေးကွက်အတွင်း ပါဝင်ကပြလာခဲ့ကြရပါပြီ။ ၂၀၁၁ ခုနှစ် Charlie Shrem တစ်ယောက် BitInstant ကို စတင် တည်ထောင် ခဲ့စဉ် ကတော့ ကုမ္ပဏီဟာ အစောဆုံး ဒစ်ဂျစ်တယ် ငွေကြေး ကုမ္ပဏီတွေ ထဲက တစ်ခုပေါ့။ သူ့ရဲ့ ဒစ်ဂျစ်တယ် တိုကင် တွေကို ဒေါ်လာအဖြစ် ပြောင်းလဲရာမှာလည်း နည်းပါးတဲ့ ပမာဏ တစ်ခုသာ ရှိခဲ့တာပါ။ ၂၀၁၃ ခုနှစ် မှာတော့ Bitcoin ရဲ့ ငွေလွှဲမှုပမာဏ သုံးပုံတစ်ပုံကို BitInstant ကနေ့ တစ်ဆင့် လွှဲပြောင်းခဲ့ရ ပါတော့ တယ်။ Charlie Shrem ရဲ့အပြောအရ "တကယ်လို့ လူ ဆယ် ယောက်ကိုစကား ပြောကြည့်မယ် ဆိုပါစို့။ အဲဒီဆယ်ယောက်ထဲက ခုနစ်ယောက် ဟာ Bitcoin ကို BitInstant ကနေ ဝယ်ခဲ့သူတွေချည်းပါပဲ" လို့ အတိတ်က အောင်မြင်မှု အနည်းငယ်ကို ညွှန်းဆိုခဲ့ပါတယ်။

မှန်မှန်ကန်ကန် သုံးသပ်ရမယ် ဆိုရင်လည်း Charlie Shrem ဆိုတာ အရောင်း မြှင့် တင် သူတွေကို မြှင့်တင်ပေးနိုင်တဲ့ မွေးရာပါ ပါရမီရှင်လို့ ပြောလို့ရပါတယ်။ Cryptocurrency ခေတ်ဦးမှာ ပါဝင်ခွင့်ရရှိခဲ့ပြီး ဒစ်ဂျစ်တယ် ငွေကြေးနယ်ပယ် မှာတော့ တကယ့်ကို ဆရာ တစ်ဆူ ဖြစ်ခဲ့သလို ယနေ့တိုင်လည်း ဖြစ်နေဆဲလို့ ယုံကြည်ရသူပါ။ ဖြစ်ရပ်မှန် ရုပ်ရှင် ဇာတ်ကား ဖြစ်တဲ့ The Rise and Rise of Bitcoin မှာလည်း ထည့်သွင်း ရိုက်ကူး ရသူ တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဘာတွေ ဘယ်လိုပဲ ပြောပြော Charlie Shrem ဟာ Bitcoin ရဲ့ အရေးကြီးတဲ့ အစိတ် အပိုင်းတစ်ရပ် ဖြစ်နေတာကတော့ အသေအချာပါပဲ။ တကယ်လို့သာ မြေ အောက် ဈေးကွက်အတွင်းက မူးယစ်ဆေးဝါး ဝယ်ယူမှု ဇာတ်လမ်းမှာသာ ပါဝင်ပတ် သက်ခဲ့ခြင်း မရှိရင် Bitcoin နဲ့ Charlie Shrem တို့ရဲ့ အနေအထားက ယနေ့ အနေ အထားနဲ့ အများကြီး ပိုမိုကြီးထွားနိုင်ဖွယ် ရှိနေပါသေးတယ်လို့ ဒစ်ဂျစ်တယ် ငွေကြေးလေ့လာ သုံးသပ်သူတွေက ဆိုကြပါ တယ်

Credit image from facebook.

20 upvotes 1 downvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: