Community post
အမေ့အိမ်
https://i.imgur.com/wkmLFe9.jpg
အမေ့အိမ်
♒♒အမေ..လို့သာ အားရပါးရခေါ်လိုက်ချင်ပါတော့တယ်။သူ့ရဲ့ သားသမီးတွေ အိမ်ထောင်တွေကျ သားသမီးတွေရ ဘယ်လောက် အသက်အရွယ်တွေ ကြီးနေပါစေ။အမေ့ရဲ့ စိတ်ထဲမှာတော့ ကလေး လို့ပဲ အောက်မေ့နေတုန်းပါပဲ။သူ့ရဲ့ သားသမီးတွေ မိန်းမနဲ့ စိတ်ဆိုးပြီး သူ့အိမ်ရောက်လာပြန်တော့လည်း အိမ်ပေါ်တင်ပြီး ကျွေးမွေးထားတယ်။ ယောင်္ကျားနဲ့ စိတ်ဆိုးပြီး ရောက်လာတော့လည်း ဒီလိုပဲ ကျွေးမွေးထားပြန်တယ်။သွားရင်လာရင်း အမေ့အိမ် ဝင်လာပြန်တော့လည်း ထမင်းစားချိန်ဆို ငါ့သား ထမင်းစားပြီးပြီးလား ငါ့သမီး ထမင်းစားပြီးပြီလား ရှိတာ ခူးခပ်ပြီး စားသွား။ တခို့ များလည်း အပြောစောင့်မနေဖူး။ထမင်းဆာလာလို့ကတော့ တခါတည်း ခိုင်းစရာ ညီ ညီမများ မရှိရင် ကိုယ့်ဟာကိုယ် ခူးခပ်စားသွားကြတာပါပဲ။တခို့  မိခင်များဆိုရင် ကိုယ့်သားက လက်ကြောမတင်းပဲ သူတပါး သားသမီးကို ယူထားမိတယ်ဆိုရင် နှစ်ယောက်စာ ကျွေးထားရပြန်တယ်။နှစ်ယောက်စလုံးက အလုပ်အကိုင် မယ်မယ်ရရမရှိ သားသမီးယူထား။
https://i.imgur.com/sLP9dDr.jpg
♒♒အသက်အရွယ်တွေ ဘယ်လောက်ကြီးကြီး ဘယ်လောက်ပဲ အမေ့ရင်ခွင်နဲ့ ဝေးကွာနေနေ အစဉ်ထာဝရ နွေးထွေးနေလျက်ပါပဲ။အသက်အရွယ်တွေ ကြီးတဲ့အချိန်ထိကို အမေ့ရင်ခွင် ပြေးဝင် ခိုလှုံ နေချင်မိသည်။
မွေးဖွားခါစ အရွယ်ကနေ အစာရေစာကျွေးမွေးပြီးသားသမီးတွေရဲ့ အပေါ်မှာ ပြုစုစောင့်ရှောက်ခဲ့တဲ့ အမေ။
အမေ့ကို အမြဲပြောနေရတယ်..အမေ့ဟာ သားသမီးများကို ပြစုစောင့်ရှောက်လာတဲ့ အလေ့အကျင့်များ ပါနေလေရော့သလား အမေရယ်။ အမေ့သားသမီးတွေ ခလေးမဟုတ်တော့ဖူး။
အိမ်ထောင်ကျလို့ ခလေးတွေတောင် ရနေကြပြီ။လူကြီးတွေ ဖြစ်နေပါပြီ အမေရယ်။ အမေ့ ဂရုစိုက်လွန်းတော့ သားသမီးတွေက ပေါ့ဆလာတယ်။ ဘာပဲလိုလို အမေ့ဆီပဲ။ကလေးမီးဖွားဖို့ ငွေလိုတော့လည်း အမေ့ဆီပဲ။ ဆိုင်နဲ့ကနားနဲ့ လုပ်ကိုင်စားသောက်ချင်တယ်ဆိုတော့လည်း အမေ့ဆီပဲ။အကယ်၍ အမေ့ မျက်စိ မှိတ်သွားရင် ဘယ်လိုများ လုပ်မလဲ။ပြောလည်းမရပါဘူး။
♒♒ကိုယ်နဲ့ အနေဝေးနေတော့လည်း အိမ်မှာ ကိုယ်ရောက်လာရင် တော့သူတို့ မဟုတ်သလိုပဲလေ။မိသားစုနဲ့ တမြို့ဆီ ခြားပြီးနေရတော့လည်း ကိုယ်ဖြစ်စေချင် တဲ့ ပုံစံ အတိုင်း မဖြစ်ကြဖူး။
တခါတလေ ကျတော့လည်း မသိချင်ရောင် ဆောင်နေခဲ့ရတယ်။ သူတို့မှာက အတူတူနေကြရတာ စည်းစည်းလုံးလုံး သိုက်သိုက်ဝန်းဝန်းနဲ့ ရှိနေရင် အမေ စိတ်ချမ်းသာမှာပဲလေ ဆိုပြီး တခို့  သဘောမတွေ့တာတွေကို လျစ်လျူ ရှု့ ခဲ့ရတယ်။သူတို့ချင်းချင်း အဆင်ပြေနေရင် ဘာအသံမှ မကြားရဖူး။ ဆင်မပြေဖြစ်ပြီလားဆိုရင် ကိုယ့်ဆီ လှမ်းပြောတော့တာပဲ။
https://i.imgur.com/6urrhOS.jpg
♒♒ဒီလိုအချိန်ဆို ပြဿနာကကြီးပြီမရှုနိင် မကယ်နိုင်တဲ့ ခြေနေကျမှ လှမ်းပြောတော့ ခက်ခက်ခဲခဲ ဖြေရှင်းရပြန်တယ်။အချိန်မှီလှမ်း ပြောရင် အေးအေးဆေးဆေး ဖြေရှင်းရမယ့် ကိစ္စတခုက ဖုတ်ပူမီးတိုက် အပူတပြင်း ဖြေရှင်းရတယ်။အကိုကြီး အဖရာ ဆိုတဲ့အတိုင်း ဖခင်မရှိတော့တဲ့ နောက်မှာ မိသားစုအရေးဟာ ကိုယ့်အပေါ် ရောက်လာခဲ့ရ
တယ်။
♒♒အမေ့တွက် အာကိုး စရာ မောင်နှမ တွေအတွက် အားထားစရာ လူတယောက် အလိုလို ဖြစ်လာခဲ့ရတာပေါ့ .
တခါတလေ အမေများနေကောင်းရဲ့လားလို့ သူတို့မေးဖော်တောင်မရရှာဘူး။ အမေ့မှာသာ သားသမီးတွေအတွက်ပူပန်နေရရှာတာမရှိတဲ့သားသမီးကလည်း မရှိလို့ရှိတဲ့သားသမီးကြပြန်တော့လည်း ရှိတဲ့အလျှောက် အမေတွေရဲ့ စိုးရိမ်ပူပန်မူတွေနဲ့ ဒီအမေ မှာ ဇရာထောင်းနေရောပေါ့ .
အမေ့နှင့်အတူ အမေ့အိမ်ကို လွမ်းနေမိတယ်။
author - @naythuhtet
##poto - google
https://i.imgur.com/IaFhCZ7.jpg
Replies (27)
အဖေ့အိမ်မရှိဘူးလား
အပုံတွေရဲ့ ယဉ်ကျေးတဲ့ အပြုမူလေးတွေက အေးချမ်းပါဘိရယ်…
မရှိတော့ဖူးလေ။
ကျေးဇူးပါ
ခုလည်း သီတင်းကျွှတ်တော့မှာ ပါလား
အမေကတော့ ကျွှန်တော်တို့ကို ကလေးတစ်ယောက်လိုဘဲ မြင်တုန်းပါဗျာ ကျွှန်တော်ကလည်းမကြီးသေးပါဘူးလေ
အမေ့ဆီပြန်မယ်လေ
တကယ် ကျေနပ်စရာကောင်းတာ
Congratulations @naythuhtet! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOPအခုစာဖတ်ပြီး ကျွန်တော်လည်း အမေ့အိမ်ကို လွမ်နေပြီ။
အဖေအမေမရှိတော့တဲ့ကျွန်တော့်အတွက်တော့ ကိုနေသူစာဖတ်ပြီ မျက်ရည်ကျမိတယ်
သွားကန်တော့မယ်
really nice post!
thanks for sharing!
အိမ်ပြန်ချင်တယ် ဟူးးးး
အမေ့ကိုလွမ်းလိုက်တာ
ပြန်ကြမယ်
လွမ်းတယ်😢
ပြန်ကြမယ် ။အမေမှ နေကောင်းရဲ့လား မသိ။
အဖေ့ကို သတိရတိုင်း မျက်ရည်ကျ တယ် တနယ်တကျေးမှာနေရတာကြောင့် အချိန်လွန် ဆေးရုံရောက်မှအဖေကို ဂရုလိုက်ခွင့်ရလိုက်တယ်။
ဆာနေ နောက်ကျတယ်
ဟီးဟီး။ နောက်ကျသွားတယ်
အမေ့နေရာကခံစားရေးပါလို့ပြောထားတာကို တလွဲလုပ်တယ်၊ရှီး၊ ဒီထက်ကောင်းရမှာ။ ဆရာ့စကားနားမထောင်ဘူး အားကြီးစိတ်ဆိုးတယ်။ ဒါပဲ။
အမိုက်မဲလေးကို ခွင့်လွတ်ပါဆရာ။
ဂွတ်တယ် အကို.....စာလုံးရေမရှိလဲ promote ရတာဘဲအကို....😂😂😂
အဲ့တာကြောင့်ပြောတာ.....ကျနော့်ကိုတမင် ရည်ရွယ်ချက်ရှိရှိ လုပ်တာ....
you make me remember Htoo Eain Thin mother songs
thank bro.
good