4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Introducing programming and installation application

အားလုံးဘဲမင်္ဂလာပါခင်​ဗျ

ကျွန်​​တော်​ web နဲ့ပက်​သက်​တာ​တွေအရင်​​ပြောပြ​ပေးသွားပါမယ်​ခင်​ဗျ ၊ ပြီးမှ andriod ဘက်​ကူးကျတာ​ပေါ့ web နဲ့ andriod က​လေ့လာရတယ့်​ language ချင်းက ကွာတယ်​ဆို​တော့ တစ်​ခါတည်းနှစ်​ခုသွားလို့မရဘူးခင်​ဗျ ၊
Web မှာ​ရေးရတယ့်​ language ကို Android မှာ​ရေးလို့မရလို့ပါ၊ ပြီး​တော့ အရင်​ဆုံးစတင်​တယ့်​ခါ လမ်း​ကြောင်းတစ်​ခုထဲသွားတာအ​ကောင်းဆုံးပါမဟုတ်​ရင်​ဟိုမ​ရောက်​ဒီမ​ရောက်​​တွေဖြစ်​ကုန်​ပါလိမ့်​မယ်
image
ကဲ...စရ​အောင်
Programming ကို ဝါသနာပါတယ့်​ ညီအစ်​ကို ​တွေကို app တစ်​ခုနဲ့မိတ်​ဆက်​​ပေးပရ​စေခင်​ဗျ
ခု app က programming​လေ့လာသူ​တွေတွက်​​​ရမ်းဆင်​​ပြေတယ်​ခင်​ဗျ
ကျွန်​​တော်​တို့​ရေးတယ့်​coding​တွေကိုခုapp​လေးမှာrun(output ထုတ်​တာ)လို့လည်းရ ၊ ​တစ်​ခါတည်း​လေ့လာလို့ပါရပါတယ်

ကဲ... app​လေး down ရ​အောင်
ပထမဦးဆုံးplay store ကို ဝင်​လိုက်​ပါ၊ ပြီးရင်​ search box မှာ html code play လို့ရိုက်​ရှာပြီး​အောက်​က ပုံက app ကို install လုပ်​လိုက်​ပါ ခင်​ဗျ
image
install လုပ်​ပြီးတာနဲ့စတင်​အသုံးပြုလို့ရပါပြီ၊ တစ်​ခု​ကောင်းတာ online မဟုတ်​ဘဲ offline ဖြစ်​​နေလို့ပါ၊ app​လေး​ကော ရပြီဆို​တော့ code​တွေကို စတင်​ run လို့ရပါပြီ

App ထဲဝင်​လိုက်​တာ နဲ့ learn,new,dicuss learn,more code play,html code play pro ဆိုပြီး​တွေ့ရပါမယ်​။
image
new ကို တစ်​ချက်​နှိပ်​လိုက်​ပါ new ကိုနှိပ်​တယ့်​ခါ styler နဲ့ classical ဆိုပြီး​ရွေးခိုင်းလိမ့်​မယ်
ဘာဖြစ်​ပါဘူး ကြိုက်​တာတစ်​ခု​ရွေးလိုက်​ပါ ၊ ပြီးတာနဲ့ ​ app ထဲမှာ ​ရေးလို့ရတယ့်​ language 13 မျိုးကျလာပါမယ်
image
ကျွန်​​တော်​တို့​လေ့လာရမှာက html,css,javascript,boostrap,jquery,php ပါ php​တော့မပါထားဘူးခင်​ဗျ​ ၊ phpကိုဘယ်​app မှာ run ရင်​​ဆင်​​ပြေသလည်း​နောက်​မှ ပြန်​​ပြောပြပါမယ်

ပထမဆုံး​လေ့လာရမှာက html,css အဲ့တာရp ဆို css ရဲ့ framework ဖြစ်​တယ့်​ boostrap ကို ဆက်​​လေ့လာရပါမယ်​၊ ခု​ပြောတယ့်​ သုံးခု​ကောင်း​ကောင်းရမှ ကို​ရေးတယ့်​ project က design လှလှ ထွက်​ပါမယ်​၊ design လှဖို့ ခု သုံးခု​ကောင်း​ကောင်း တက်​​မြောက်​ထားရပါမယ်​၊ ကဲ..design ပိုင်း​တော့လှလှပပရပြီ အထဲမှာ အလုပ်​လုပ်​ဖို့ တွက်​ javascript ရယ်​ javascript ရဲ့ framework ဖြစ်​တယ့်​jquery ကို ဆက်​​​လေ့လာရပါမယ်​ ကဲ...ဒါဆိုရင်​ရင်​ project​ကောင်း​ကောင်းတစ်​ခု​ရေးလို့ရပါပြီခင်​ဗျ ၊ဒါ​ပေမယ့်​ website​ပေါ်တင်​ဖို့တွက်​မလုံ​လောက်​​သေးပါများကြီးကျန်​ပါ​သေးတယ်​ခင်​ဗျ

app ဘက်​ကိုပြန်​သွားကြည့်​ရ​အောင်​ html ကို​ရေးမှာမို့ html ကို​ရွေးလိုက်​ပါ ၊​ရွေးလိုက်​ရင်​ description,code,outputဆိုပြီး အပိုင်း၃ခုကျလာပါမယ်၊ကျွန်​​တော်​တို့က coding​တွေကို code ထဲမှာ​ရေးမှာဖြစ်​ပြီး run လို့ရတယ့်​အ​ဖြေကို auto ဘဲ output မှာထုတ်​​ပေးမှာ​တွေ့ရပါမယ်၊​ description မှာ​တော့ကျွန်​​တော်​တို့​ရေးလိုက်​တယ့်​ code​တွေကို tag တစ်​ခုချင်းအ​သးစိတ်​ပြန်​​ပြောပြ​ပေးတာ​တွေ့ရပါမယ်​ အသုံးပြုရအဆင်​​ပြေသွားတာ​ပေါ့၊ tag ကဘာလို့သုံးတာမသိရင်​ description မှာကြည့်​လိုက်​ရုံဘဲ
ကျွန်​​တော်​တို့ code​တွေ​ရေးpရင်​သိမ်းဖို့တွက်​ ​ညာဘက်​​ဘေးနားကအစက်​၃စက်​ကိုနှိပ်​လိုက်​ပါ ပြီးရင်​saveနှိပ်​​ပေးလိုက်​ပါfile name​တောင်းပါမယ်​တစ်​ခုခု​ပေးလိုက်​ပါ ပြီးရင်​saveနှိပ်​ လိုက်​ပါသိမ်းသွားလိမ့်​ပါမယ်​၊

သိမ်းထားတာကိုပြန်​ကြည့်​ချင်​ရင်​ ဘယ်​ဘက်​က မျဉ်းအ​သေး​လေး၃ ခုတန်းထားတာနှိပ်​လိုက်​ပါ နှိပ်​ပြီးရင်​ open save fileကိုနှိပ်​လိုက်​ပါ ကိုသိမ်းထားတယ့်​ fileကျလာပါမယ်​ ပြီးရင်​ ဝင်​ကြည့်​လိုက်​ရုံပါဘဲ၊​နောက်​ပြီး​ကောင်းတာတစ်​ခုရှိ​သေးတယ်​ open file ရဲ့​အောက်​မှာ html နဲ့ ပက်​သက်​တာ​တွေ​လေ့လာသင့်​တာ​တွေကို အစုံ​ရေး​ပေးထားတာ​တွေ့ရပါမယ်​၊
တစ်​ခြား language​တွေတွက်​လည်းအတူတူပါဘဲခင်​ဗျ ။

ကျွန်​​တော်​ code​တွေrun လို့ရ​အောင်​app အ​ကြောင်း​​ပြောပြလို့ပြီပါပြီခင်​ဗျ၊ ၊ကျွန်​​တော်​ html ထဲမှာပါတယ့်​ ​အ​ကြောင်းအရာ​တွေကို အစဉ်​လိုက်​တစ်​ခုချင်း​သေချာရှင်းပြ​ပေးသွားပါမယ်​ ခင်​ဗျ
အားလုံးကို​ကျေးဇူးတင်​ပါတယ်

Msc-169
Author-@naythuya
Photo-credit

38 upvotes $1.11

Replies (38)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: