4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

" ချစ်​ခဲ့ပါသည်​...သို့​သော်​ "

" ချစ်​ခဲ့ပါသည်​...သို့​သော်​ "
" နင့်​ကိုငါ့​နောက်​တ​ကောက်​​ကောက်​မလိုက်​နဲ့လို့​ပြောထားတာနားမလည်​ဘူးလား...လွမ်း​ရောင်​ခြယ်​ "

"ငါနင့်​​နောက်​လိုက်​တာ ဘာအပြစ်​ရှိလို့လဲ နသံ ...."

"အပြစ်​မရှိတာ ရှိတာငါမသိဘူး..ငါသိတာကနင်​ငါ့​နောက်​ကိုလိုက်​​နေတာ ငါအ​နေကျပ်​တယ်​..."

"နင်​ကလဲဟာ..."

"နင်​ထပ်​ပြီးငါ့​နောက်​လိုက်​လာရင်​ငါ့အပြစ်​မဆိုနဲ့​နော်​...လွမ်း​ရောင်​ခြယ်​..."

သူမကိုအပြစ်​​ပြောကာ ထွက်​​သွား​သော ​ယောနသံ
ဆိုသည့်​ သူမရဲ့ငယ်​ချစ်​ဦးဖြစ်​သလို သူငယ်​ချင်းလဲ
ဖြစ်​သည့်​ ​ကောင်​​လေးကိုသူမ မတားနိုင်​​တော့ပါ။

ယောနသံ ဆိုတာသူမတို့​ကျောင်းရဲ့kingဘွဲ့ကို
ထိုက်​ထိုက်​တန်​တန်​ ရရှိထားတဲ့သူတ​ယောက်​ဖြစ်​တဲ့အပြင်​ သူမနဲ့လဲ ငယ်​ငယ်​ကတည်းကသူငယ်​ချင်း​တွေဖြစ်​တဲ့သူက ​ယောင်္ကျားပီသစွာ​လေး​ထောင့်​မကျတကျမျက်​နှာ၊ နှာတံချွန်​​လေး​တွေ၊ ကကြီးပုံ
နှူတ်​ခမ်း​လေး​တွေနဲ့ လိုက်​ဖက်​စွာ ညိုညက်​​နေတဲ့အသား​ရေ​လေး​တွေနဲ့လိုက်​ဖက်​စွာ ဝတ်​စားဆင်
ယင်​တတ်​မှူ​တွေ​ကြောင့်​ kingဘွဲ့ဟာသူနဲ့ထိုက်​တန်​လှ​ပေသည်​။

ကျွန်​မကလား။ ကျွန်​မက​တော့သူနဲ့ဆန့်​ကျင်​စွာ မဖြူ့
တဖြူအသား​ရေ​၊ ပါဝါမျက်​မှန်​အထူ၊ မိတ်​ကပ်​ဆိုတာမရှိကြီးမားတဲ့ပါးကွက်​ကြီး၊ အဆိုးဆုံးက အလွန်​ဝ​နေတဲ့ခန္ဓာကိုယ်​နဲ့အတူ ပုံတုံးတုံးအဝတ်​စား​တွေ
သာဝတ်​စားတတ်​တဲ့သူမကို သူမချစ်​နိုင်​တာမဆန်း​ပါ။

" နသံ...မင်း ခြယ့်​ ကို​ပြောခဲ့တာမလွန်​ဘူးလား...."

"မလွန်​ပါဘူး...ဒါငါ​ပြော​နေကြ​တွေ..သူလုံးဝစိတ်​မဆိုးဘူး..​စောင့်​ကြည့်​.."

"ယုံပါတယ်​..မင်း ခြယ့်​ ကိုငယ်​နိုင်​မှန်းသိပြီးသားပါ
ငါတို့တစ်​ခု​လောက်​ခွင့်​​တောင်းချင်​တယ်​..."

"ဘာလဲ..."

"ငါတို့ ခြယ့်​ ကိုစချင်​လို့ အဲ့ဒါ..."

"ငါနဲ့ဘာဆိုင်​လဲ...မင်းတို့ဘာသာစချင်​စ မစချင်​​နေ
စိတ်​မဝင်​စားဘူး..အာရုံ​နောက်​တယ်​ သူ့အ​ကြောင်း
လာမ​ပြောနဲ့..ငါ မ နဲ့ချိန်းထားတယ်​..လစ်​ပြီ.."

ကျော်​စွာတို့အ​ပြောကိုအ​လေးမထားမိခဲ့သမျှဟာ
နောင်​တစ်​ချိန်​မှာ သူ့အတွက်​​နောင်​တကြီးဖြစ်​လာမယ်​ဆိုတာသာ နသံ သိခဲ့မယ်​ဆိုရင်​.........။

ဒီ​နေ့ဘာ​​ကြောင့်​မှန်းမသိ​ကျောင်းထဲဝင်​လာကတည်းကလူတိုင်း​ကသူမကိုကြည့်​​နေသည်​ဟု ခြယ်​ထင်​မိသည်​။ တစ်​ချို့ဆိုတီးတိုးစကား​တောင်​​ပြော​နေကြသလိုလိုပါ။ သူမပြင်​​နေကြပုံစံအတိုင်းပဲဝတ်​လာတာပါ။ ဘ​တွေထူးဆန်း​နေပါလိမ့်​?

ထိုအချိန်​မှာပင်​ သူမရှိရာသို့ အ​ပြေးတပိုင်း​ရောက်​လာတဲ့သူမ၏တဦးတည်း​သောသူငယ်ချင်းဖြစ်သူ
ကဗျာ ​ရောက်လာခဲ့သည်​။

"ခြယ်​ နင်​လာတာနဲ့အ​တော်​ပဲ..."

"ဘာဖြစ်​လာတာလဲ ကဗျာ..ပြီး​တော့လူ​တွေကငါ့ကိုကြည့်​​နေကြသလိုပဲ..ငါဘာဖြစ်​​နေလဲ ကြည့်​ပါဦး....."

"နင်​ဘာဖြစ်​​နေလဲသိချင်​ရင်​..အတန်း​ရှေ့ကwallမှာ
သွားကြည့်​လိုက်​..."

ကဗျာ့ စကားပင်​မ​စောင့်​နိုင်​​တော့ ခြယ်​ အတန်းရှိရာသို့အ​ပြေး​လေးသွားမိ​တော့သည်​။အတန်း​ရှေ့​ရောက်​​တော့လူအုပ်​ကြီးရဲ့ကြား သိလို​ဇောနဲ့တို့​ဝှေ့ကြည့်​မိ​တော့ သူမမျက်​စိပင်​မယုံနိုင်​​လောက်​​အောင်​ဖြစ်​မိ​လေသည်​။

[ ကျွန်ေ​တာ်​ ​ယောနသံသည်​ အများသိပြီးသည့်​အတိုင်း E ​မေဂျာမှ queen ဖြစ်​သူ နှိုင်းယှဉ်​ခ နှင့်​ချစ်​သူ​တွေဖြစ်​​နေကြပါ​သော်​လည်း လွမ်း​ရောင်​ခြယ်
ဆိုသည့်​ရုပ်​ဆိုးဆိုးဝက်​မက ကျွန်​​တော့​နောက်
လိုက်​ကာ တဖက်​သတ်​ကြိုက်​​နေပါသဖြင့်​ ဒီလိုလူကို
စနိုက်​​ကြော်​ဟု​ခေါ်မလား ဒါမှမဟုတ်​ မျက်​နှာ​ပြောင်
တိုက်​သည်​ဟု ​ခေါ်မလားဆိုတာ သူငယ်​ချင်းတိုပဲ့
စဉ်းစား​ပေးကြပါရန်​ပန်ြးကာအပ်​ပါသည်​ခင်​ဗျ ]

( ငါ့သိက္ခာ​တွေ နင်​ဖျက်​ဆီးလိုက်​တာပဲ နသံ)

ခြယ်​ အံကိုတင်း​တင်းကြိတ်​ကာကပ်​ထားတဲ့စာရွက်​ကိုဖြုတ်​ပြီး ​ယောနသံရှိရာသို့ထွကလ်ာ​ခဲ့မိသည်​။
နောက်​ကလူ​တွေဘယ်လိုကျန်​ခဲ့မယ်​ဆိုတာ သူမ
စိတ်​မဝင်​စားနိုင်​။ သူမသိတာက နသံ ဘာ့​ကြောင့်​ဒီ​လောက်​ထိရက်​စက်​ရလဲဆိုတာသာ အ​ရေးကြီးဆုံးမို့
နသံ့ ကိုရှာ​ဖွေရန်​သာ​ကြိုးစားမိ​တော့သည်​။

99 upvotes $0.00

Replies (9)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: