4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အားလပ်ချိန်လေး

ဒီတစ်ခါpro ကိုတော့ပေါ့ပေါ့ပါးပါးလေးဘဲ တင်ဆက်ပါရစေ။ အရင်တုန်းက ကျွန်မသည်
Super sunday ဟု ရေးသားတင်ဆက်ဖူးပါသည်။ sundayဆိုတာ
ကျွန်မတို့အတွက် ကိုယ်ပိုင်အားလပ်ရက်လေးတစ်ရက်ပါ။ အဲ့နေ့လေးတော့ အပြည့်အဝ အနားယူဖြစ်သည်ပေါ့။
အဲထဲမှာမှ ပူပူနွေးနွေး လေးဘဲ ရှိသေးတဲ့
သူငယ်ချင်းတွေနဲ့ဆုံကာ အနားယူဖြစ်ခဲ့ပုံလေး တင်ဆက်မယ်နော်။
သူငယ်ချင်းတွေဆုံမယ်ဆိုတော့ ဘယ်သွားရင်ကောင်းမလဲစဉ်းစားတဲ့အခါ အပြင်ကိုလျှောက်သွားပြီး နေမဲ့အစား အေးဆေးလဲဖြစ် စားသောက်လို့လဲရ စကားတွေလဲ ဖောင်ဖွဲ့လို့ရ ဓါတ်ဖမ်းလို့လဲရတဲ့နေရာလေးကို ရွေးချယ်ဖြစ်ခဲ့တယ်။ နေရာကတော့ ရန်ကုန်မြို့ရဲ့ မြောက်ဒဂုံဘက်မှာရှိတယ်။
မှတ်တိုင်က မဝတ လမ်းဆုံရောက်ရင်ရောက်ပြီ။
အဲ့နေရာက ကိုရီးယားချွေးထုတ်ခန်း golden park land spa လေ။IMG_20180617_111551.jpg ဒီတစ်ခါရောက်တာနဲ့ဆို
Second time ဖြစ်သွားပြီ။ အရင်တစ်ခါတုန်းက သူငယ်ချင်းတွေပိုများတယ်။ ဒီတစ်ခါတော့ ၃ယောက်လောက်လျော့သွားပေမဲ့ ကောက်တေး တွေမပါတော့ပျော်စရာကြီး။
အားလပ်ရက်အနားယူခြင်းဆိုပါတော့။
အဆိုပါ ချွေးထုတ်ခန်းက 20hr နေလို့ရတယ်။
ညလဲအိပ်လို့ရတယ်လေ။ ဝန်ထမ်းဖြစ်တဲ့ဘဝကတော့ တနလာင်္ဆိုရုံးတက်ရတော့ညတော့မအိပ်ဖြစ်ခဲ့ဘူးပေါ့။
ဝင်ကြေးက ၁၁၀၀၀ကျပ်ပေးရတယ်။
စားတာတော့မပါဘူးပေါ့နော်။ ရေပူစိမ်တဲ့နေရာလေးတွေ၊ gym ဆော့တဲ့အခန်းလေးတွေလဲရှိတယ်။ ချွေးထုတ်တဲ့အခန်းလေးတွေလဲရှိတယ်။
ရွံ့ခန်း၊ကျောက်မီးသွေးခန်း၊ ဆားခန်း၊ ရေခဲအခန်း ဆိုပြီး လေးခန်းရှိတယ်။ တစ်ခန်းကို၁၅မိနစ်လောက်ဝင်ပြီး တစ်ခါနားပေါ့။
ပြီးမှ နောက်တစ်ခန်းဝင်ရတယ်။ အားလုံးက ရွံ့၊ ကျောက်မီးသွေး၊ ဆား တစ်မျိုးစီနဲ့အခန်း လုပ်ထားသော ချွေးထုတ်ရာနေရာတွေဖြစ်ကြတယ်။နောက်ဆုံးချွေးမထုတ်ချင်တော့ဘူးဆို နောက်ဆုံးအနေနဲ့ ရေခဲ ခန်းထဲဝင်ပေါ့ ။received_454236038355354.jpeg အေးလွန်းအားကြီးလို့ ခဏလေးဘဲနေနိုင်တယ်။ ခြေတွေကျင်လွန်းလို့လေ။ ရေခဲခန်းက ထွက်လာတဲ့ချွေး တွေကြောင့်ချွေးပေါက်ကျယ်ခြင်းကို ပြန်ကျုံ့အောင်လုပ်ပေးနိုင်စွမ်းရှိတော့ ချွေးပေါက်ကျယ်တာပျောက်အောင် နောက်ဆုံးဝင်ရတာလေ။အပြင်မှာ နေပူထဲမှာနေလို့ ထွက်တဲ့ချွေးတို့ အလုပ်လုပ်ရင်းကျတဲ့ချွေးတို့လို မဟုတ်ဘဲ ချွေးထုတ်ခန်းထဲ ဝင်ပြီး ထွက်လာတဲ့ချွေးက
ပေါ့ပါးသွားတယ်ထင်မိတယ်။ နေပူလို့ကျတာက
အားအင်ကုန်ဆုံးစေပေမဲ့ ချွေးထုတ်ခန်းထဲက
ထွက်လာတာတော့ ပင်ပန်းသလိုမခံစားမိဘူးလေ။
နည်းပညာပိုင်းတွေနဲ့လုပ်ထားပေမဲ့ အညောင်းညာပြေ သလို ခြေလက်ထုံကျင်တာတွေ ရင်ဘတ်အောင့်တာတွေ ကို သွေးလည်ပတ်မူ့ကောင်းစေတယ်လို့လဲ ရေးသားထားတယ်။
ကျွန်မလဲ ခါးနာတက်သူမို့ အဲ့ကိုသွားလိုက်တာ ကောင်းတယ်လို့ထင်မိတယ်။
ပေါ့ပါးပြီး သက်သာတယ် ထင်သွားတယ်။
ရေပူစိမ်တဲ့နေရာလေးတွေရှိတော့ ခြေထောက်လေးတွေ ညောင်းညာပြေစေတယ်။received_454131918365766.jpeg
အဲ့လိုနဲ့သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး အနားယူရင်း စားသောက်ရင်း ဓာတ်ဖမ်းကာ
ကျွန်မတို့ရဲ့တွေ့ဆုံမူ့ကြီးလဲ ပြီးဆုံးစေခဲ့ပါတယ်။
steemit member များလဲ ကြုံကြိုက်ခဲ့သော် အနားယူလို့ကောင်းသောနေရာလေးကို သွားရောက်စေချင် သောကြောင့် ရေးသားလိုက်ပါသည်။
မှတ်ချက် ##တစ်ယောက်နှင့်တစ်ယောက်တော့ အကြိုက်မတူဘူးပေါ့နော်။
ကျွန်မ၏ ပို့ဒ့်မှာ ချို့ယွင်းမူ့များရှိပါက နားလည် ပေးကြပါလို့ တောင်းဆိုအပ်ပါတယ်။
Thanks for steemit member all my fri
Photo by me and I thinking written
MSC-233
@nwenweIMG_20180617_094006.jpg

61 upvotes $0.79

Replies (29)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: