4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အမှတ်တရ တန်ဆောင်တိုင်

တစ်နေ့တစ်နေ့ မိုးတွေကလဲရွာလိုက်တာနော်။
အဝတ်အစားတွေကလဲမခြောက်၊ သွားရလာရတာလဲ စိုသွေ့သွေ့နဲ့ အလွန်ပင်သွားရတာ အဆင်မပြေလှပါ။
သို့ပေမဲ့လည်း မိုးရာသီဆိုတဲ့ရာသီဥတု ဆိုတာမရှိပြန်ရင်လည်း ဆန်စပါးနဲ့ စိုက်ခင်းဆိုတာရှိလာမဟုတ်ဘူးလေ။
မကြိုက်ပေမဲ့ဖြတ်ကိုဖြတ်သန်းရမဲ့ရာသီဥတုပါလေ။ ကိုယ့်ကမကြိုက်ပေမဲ့ကြိုက်တဲ့လူတွေတော့ရှိမှာပါ့နော့်။ ကိုယ့်မကြိုက်ဘူးဆိုမှ ဆိုက်ဆိုက်မြိုက်မြိုက်လာဆုံတဲ့အကြောင်းလေးကို တင်ပြပါ့မယ်။
၂၀၁၄ ခုနှစ်လောက်တုန်းက မိုးကုန်ရင် တောင်ကြီး ၊အင်းလေး ၊ကလော၊ ပင်းတယ ပြင်းဦးလွင် ခရီးစဉ်ကို အမတစ်ယောက်ကသွားရအောင်လူစုတော့ လိုက်ဖို့ဆုံးဖြတ်လိုက်တယ်။သူငယ်ချင်းတွေလဲ တော်တော်များများလိုက်ကြတယ်။
သွားမဲ့လကတောင်ကြီးတန်ဆောင်တိုင်ပွဲ ကျင်းပတဲ့လပေါ့။ အဓိက ကတော့တောင်ကြီးတန်ဆောင်တိုင်ကို သွားချင်လို့ ဆွဲဖြစ်သွားတဲ့plan ပေါ့။ အဲ့အတွက်ကြိုတင်ပြင်ဆင်တာပေါ့ ။အဲ့အချိန်ဆို ဆောင်းဝင်ပြီလေ။ အဝတ်အစားကအစပြင်ဆင်တာပေါ့ ။
ခရီးစဉ်က ၆ရက်ခရီးစဉ် tour ကားနဲ့သွားမှာလေ။ အဲ့လိုနဲ့ ခရီးသွား မဲ့ရက်ရောက်လာတယ်။ ခရီးရှည်လဲ တစ်ခါမှမထွက်ဖူးဘူး။ တောင်ကြီးတန်ဆောင်တိုင်လဲ တစ်ခါမှမရောက်ဖူးတော့ ရင်ခုန်တယ်။
TVမှာမြင်ရတာထက်လက်တွေ့မှာ ပိုမြင်ဖူးချင်ခဲ့တယ်။
အဲ့လိုနဲ့တောင်ကြီးမြို့သို့ ကိုယ့်တွေရဲ့tour ကားမှာ ဝင်ရောက်လာခဲ့တယ်။ တောင်ကြီးတစ်ခွင်မှာနှင်းတွေနဲ့ဖုံးလွမ်းသလို မြူတွေဆိုင်းလို့။ အနွေးထည်တောင်မချွတ်ရဘူး။
ချမ်းလိုက်တာ။ ချမ်းတဲ့အရသာလေးကြိုက်တော့ပျော်တာပေါ့။
အေးချမ်းတဲ့မြို့လေးတစ်မြို့ပါဘဲ။တောင်ကြီးမြို့ကိုရောက်ရောက်ချင်း ဘုရားဖူးရင်း လူနေပတ်ဝန်းကျင်ကိုလေ့လာကြည့်တော့
အိမ်တွေမှာလူမရှိတဲ့အတိုင်း တိတ်ဆိတ်လို့ လူအရိပ်ယောင်တောင်မမြင်ရတဲ့အိမ်တွေအများကြီးဘဲ။ လမ်းကြောတစ်လျှောက် မှာလဲ လူတွေကြဲတောက်လို့နေတယ်။ အိမ်တွေကတော့ အရမ်းမိုက်တယ်။ အဲ့လိုနဲ့ တောင်ကြီးမြို့ကိုလည်ပတ်နေတုန်း ကိုရွှေမိုးက ဆောင်းရာသီကြီး ရွာချပါလေရော။ စိတ်ကုန်လိုက်တာ ပြောမနေပါနဲ့တော့ ။ ညနေ မီးပုံးပွဲကို ဘယ်လိုတောင်သွားရမလဲမသိတော့ပါ။
အဲ့လိုနဲ့မိုးလဲချုပ်လာပြီ မိုးကလဲ မတိတ်
သွားရင် ကောင်း မကောင်းစဉ်းစားရင်းနဲ့ မီးပုံး ကွင်းဆီသွားတဲ့ကားစီးဖြစ်ခဲ့သည်။ အဲ့ချိန် လမ်းတစ်လျှောက်တွေ့ရသည်များမှာ ဘယ်က ထွက်လာတဲ့လူတွေမှန်းမသိ ခရီးသွားတွေ ကြပ်ညှပ်သတ်နေသည်။
ဆိုင်ကယ်တစ်ဝီဝီနှင့် ယောက်ျားမိန်းမ ပေါင်းစုံတွေ့ရသည်။ အော်ဟစ်သံတွေနဲ့ဆူညံနေသည်။
ပွဲခင်း အဝင်ကနေ မီးပုံးလွှတ်မဲ့နေရာထိ ဘေးပတ်လည်ပွဲဈေးသည်များဖြင့်စည်ကားနေသည်။ အဝင်ကနေ ကွင်းထဲရောက်ဖို့ မလွယ်လှပေ။ လူတွေမှာအတော်များလှသည်။taung gyifa.jpgCrd-org-source
အဲ့လိုနဲ့ ဈေးဝယ်ရင်းဖြင့်သ်ူငယ်ချင်းတွေ တဖြည်းဖြည်း လူတိုးလာခဲ့သည်။ပွဲခင်းထဲကိုရောက်ဖို့နေနေသာသာ တစ်ပုံစာလောက်သာတိုးလို့ရခဲ့သည်။
လူရမ်းကားများသည်။ တစ်လမ်းလုံး လူ ၁၀ယောက်နီးပါး မီးရထားတွဲလို တွဲပြီးခုန်ပေါက်သွားနေသည်။ ဘေးကလူတွေကို ဝင်တိုက်ရင်တိုက် ၊ မတိုက်ရင် ခေါင်းပုတ်နဲ့ မထိတထိစကာ အော်ဟစ်သွားကြသည်။ အဲ့လို အတွဲတွေမှာ အရမ်းများတော့ မိသားစုတွေု သူငယ်ချင်းတွေ အဝေးကလာရောက်လည်ပတ်သူတွေမှာ အန္တရာယ် တောထဲရောက်နေသလို ခံစားရသည်။ကိုယ့်တွေလဲ စိတ်ပျက်လာသည် ။
မီးပုံးလဲကြည့်ချင်စိတ်မရှိတော့ မြင်ရတွေ့ရတဲ့လူတွေကို စိတ်ပျက်ကာ နောက်ပြန်လှည့်ရန်သာ ဆုံးဖြတ်လိုက်သည်။
ပြန်လှည့်တာတောင် တော်တော်ကြပ်လှပါသည်။
IMG_7492.jpg
Crd-org-source တောင်ကြီးတန်ဆောင်တိုင်သည် TV ထဲတွင်တော့ အရမ်းလှပါသည်။ အပြင်မှာတော့ ကြည့်ရရန်မလွယ်ကူပါ။ ကျွန်မသည် အဲ့ဒီနောက်ပိုင်း TV ထဲတွင်သာကြည့်ပါသည်။ မီးပုံးပွဲကိုတော့မသွားချင်တော့ပါ။ အန္တရာယ် များသည်ဟု ထင်မိလို့ပါ။တောင်ကြီးမီးပုံးပွဲဟာတော့ တစ်ကြိမ်သာရောက်ဖူးပေမဲ့ မသွားချင်တဲ့ နေရာတစ်ခုဘဲဖြစ်ပါတယ်။
တောင်ကြီးမြို့လေးဟာ အေးချမ်းပါတယ် နေချင်စရာကောင်းပါသည် သို့သော်လည်း တောင်ကြီးမြို့သို့အလည်ရောက်ခဲ့သည်ရှိသော် မီးပုံးပွဲတော့ မသွားချင်ပါ၊။
ကျွန်မ၏ pro post တွင်အမှားတစ်စုံတစ်ရာပါခဲ့ပါက နားလည်ပေးကြပါ ရန်တောင်းပန်အပ်ပါသည်။
တောင်ကြီးသူ တောင်ကြီးသားများပါခဲ့ပါကလည်း သည်းခံပေးကြပါနော်။ @nwenwe ရဲ့ကြုံတွေ့မြင်ခဲ့ဖူးသလောက်သာ ရေးသားထားခြင်းဖြစ်ပါသည်။ သွားရောက်လည်ခဲ့ဖူးသူများရှိသော် အမြင်ချင်းမတူခဲ့ပါကလည်း ကြုံတွေ့ခဲ့တာခြင်း မတူတာဖြစ်မည်ဟုသာ မှတ်ယူပေးကြပါရန်တောင်းဆိုရင်း ကျွန်မ၏ ပိုဒ့်ကိုအဆုံးသတ်ပါရစေ။
Thanks for steemit member all my fri
MSC-233
@nwenwe

60 upvotes $0.56

Replies (22)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: