4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အမှတ်တရ တနင်္ဂနွေ

ဒီတစ်ပတ် pro အတွက်တော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန် super sunday လေးအကြောင်း
တင်ပြပါရစေ။
Super sunday နေ့လေး မနက်၎နာရီလောက်တည်းက မိုးလေးကရွာအေးအေးနဲ့ အိပ်လို့ကလဲကောင်းတယ် ။မိုးကလဲ တဖြည်းဖြည်းနဲ့လင်းလာပြီ။သူငယ်ချင်းတွေနဲ့ချိန်းထားတော့ ထရပြီပေါ့။
အဲ့အချိန် မိုးကတော့ တိတ်သွားခဲ့ပြီ။
အပြင်ထွက်ဖို့ပြင်ဆင်ပြီး ကားဂိတ်သို့ ထွက်လာခဲ့သည်။ကံကောင်းချင်တော့ ကားကတန်းရတာနဲ့ကြုံတယ်။နေရာလဲရတော့ အိုကေ စိုပြေနေရော ။ထိုင်နေတဲ့ခုံကလဲ တစ်ယောက်ထိုင်ဲ ခုံဆိုတော့ အဆင်တော့ပြေသား။ ဘေးပတ်ဝန်းကျင် လိုက်ကြည့်ရင်း steemit အတွက် ကုန်ကြမ်းတော့ရှာမိသား ။ ကုန်ကြမ်းတော့မရသေးဘူးပေါ့။ သူငယ်ချင်းတွေက ကိုယ်စီးတဲ့ကားကို တားစီးမှာလေ ။ သူတို့နဲ့အချိတ်ဆက်လုပ်ဖို့က ကိုယ့်က သူတို့ရှိတဲ့ကားမှတ်တိုင်ကို ရောက်ဖို့ တော်တော်ကြာအုံးမှာ ဆိုပြီး စဉ်းစားနေတုန်း ခဏကြာ ကားပေါ်မှာ လူက များသတဲ့ များလာခဲ့သည်။
ကိုယ့် ဘေးဘက်ကို ကြည့်လိုက်ချိန်မှာတော့ ကိုယ့်ဘေးပတ်မှာ အဖွားအိုတစ်ယောက် ငုတ်တုတ်လေးထိုင်နေတာတွေ့လိုက်ရတယ်။
ကိုယ့်လဲခေါင်းနပန်းကြီးသွားတယ်။ လူကြပ်တာကိုသာ သတိထားမိတယ် ။ ကိုယ်ဘေးနားရောက်နေတာ အဖွားအိုမှန်းမသိခဲ့။
အဲ့တာနဲ့ အသည်းသန် နေရာက အမြန်ထကာ အဖွားထိုင်ပါဆိုပြီး ဖယ်ပေးလိုက်တယ်။ဘယ်ချိန်ကတည်းက တက်လာတာလဲ ဆိုပြီး မေးကြည့်တော့ ကိုယ်လှည့်ချိန်လောက်က တက်ခါစဘဲ ရှိသေးတယ်ပြောမှ သက်ပြင်းချမိတော့တယ်။ တော်ပါသေးရဲ့ပေါ့.။ သက်ကြီးရွယ်အို တစ်ယောက် ကိုယ့်ဘေးနားအောက်မှာ လာထိုင်နေတာ ရုပ်တည်ကြီးနဲ့ ထိုင်နေရဲတဲ့သတိမရှိပါ ။ ငါ့ အဖွားသာဆိုရင်ဖြင့်
ကိုယ်ချင်းသာစိတ်ဖြင့် ကျေနပ်စွာ ဖယ်ပေးရင်းဖြင့် ကားကလဲ တစ်ရွေ့ရွေ့ မောင်းနေခဲ့ပါသည် ။
အဖွားကတော့မေးရှာသည်။ ဘယ်မှာဆင်းမှာလဲတဲ့ ။ လှည်းတန်းလို့ပြောတော့ အဝေးကြီးရှိသေးတယ်တဲ့ ။ ကိုယ့်နေရာမှာ ထိုင်နေတာ အားနာနေပုံရသည်။ ရပါတယ် အဖွားပေါ့ စိတ်ဖြောင့်ဖြောင့်နဲ့ထိုင်လို့ပြောမှ
/အေးအေး/ တဲ့ ။ အဖွားက သွားမဲ့နေရာက ကြည့်မြင်တိုင် ကမာရွတ်တဲ့ ။ ကိုယ့်ထက်တောင်ပိုဝေးသေးတယ်။ သူ့သမီးက ဆေးခန်းပြပေးမယ် လာခဲ့ပြောလို့သွားတာပြောတော့ စိတ်မကောင်းတောင်ဖြစ်ရတယ်။ အသက်ကြီးသူကို လာမခေါ်ဘဲနဲ့ လာခိုင်းတဲ့သားသမီး ကရှိသေးတယ်။
အဖွားကိုတော့ ချီးကျူးပါတယ် ။ အသက်ကြီးတာတောင် သွားရဲလာရဲတဲ့သတ္တိကအပြည့်လေ။ ခဏကြာတော့ သူငယ်ချင်းတွေကားပေါ်တက်လာတာနဲ့ အဖွားနဲ့စကားပြောတာဖြတ်ပြီး သူတို့နားကိုရောက်သွားပါတော့သည်။
^^^ငါ့ကိုနမ်းတဲ့ မုန်တိုင်း^^^ဇာတ်ကားကြည့်ချင်တာနဲ့ စံရိပ်ငြိမ်ဂမုန်းပွင့်မှာ ဆင်းကာ ရုပ်ရှင်လက်မှတ်ဖြတ်တော့ တစ်နေ့လုံးပြတဲ့ အချိန်တွေကအကုန်ကုန်ပြီတဲ့လေ ။ အဲ့တာနဲ့ နီးစပ်ရာရုပ်ရှင်ရုံမှန်သမျှ ဖုန်းဆက်မေးတာပေါ့ ။ လက်မှတ်ရှိသေးလားဆိုပြီး တစ်ရုံမှ မရှိတော့ပါ။ IMG_20180603_123750.jpg
FB_IMG_1528190724776.jpg
အဲ့တာနဲ့ မုန့်စားပြီး ဈေးဝယ်ရုံအပြင်မရှိတော့ပါ။ လှည်းတန်းစင်တာ ဒုတိယ ထပ်က Hot pot ဆိုင်လေးမှာ စားရင်း
လှည်းတန်းတစ်ခွင်မှာ လိုချင်တာလေးတွေ ရှာဝယ်ရင်းဖြင့် ကျွန်မတို့ရဲ့ super sunday ကြီးလဲ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတော့သည်။
Thanks for steemit member all my fri
Own photo and created by writing
MSC-233
@nwenwe

65 upvotes $0.72

Replies (20)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: