4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ကိုယ်ချင်းစာပါ

ကိုယ်ချင်းစာတရားမွေးဖွားစေချင်သည်။
တစ်ဦးတစ်ပေါ်တစ်ဦး မေတ္တာထားနိုင်လျှင် ကမ္ဘာကြီးငြိမ်းချမ်းပေလိမ့်မည်ဟု ထင်မြင်မိသည်။
သို့သော်လည်းမြင်ရတွေ့ရသည်ကား အချည်းနှီးပင်တည်း။ ကိုယ်ချင်းစာစိတ် စာနာနားလည်စိတ်သည် ကား လူ၏ စိတ်နှင့်ပင်သက်ဆိုင်ပေသည်။
လူတွေ၏ စိတ်သည်နူးညံ့သည်ဟုထင်မိသည်။ FB_IMG_1517060294360.jpg
Crd-org- source
လူတိုင်းတော့မဟုတ်ပေ။
တစ်ချို့လူများ၏စိတ်သည်ခန့်မှန်းရခက်သလို မာကြောပြီး ခက်ထန်သည်။ တစ်ချို့သည် နူးညံ့သော စိတ်နှလုံးသားပိုင်ရှင်ဆိုသလို တိရစ္ဆာန်လေးတွေကို မဆို သနားကြင်နာတက်ကြသည်။
ကျွန်မမြင်ဖူးသော ကိုယ်ချင်းစာစိတ်မရှိသလို လူသားချင်းမစာနာတက်သောလူတစ်ချို့အကြောင်းတင်ပြပါရစေ။
ကျွန်မ အများဆုံးsteemit တွင်ရေးသားဖြစ်သည်များမှာ ကားစီးခြင်းဖြင့် မြင်တွေ့ကြုံတွေ့ရသည်များကို အများဆုံးရေးသားမိခြင်းဖြစ်သည်။ အလုပ်သွား
အလုပ်ပြန် အလည်ထွက်ချိန်ဆုံသော အကြောင်းအရာများပင်များလှသည်။
ထိုသည်များမှ ကိုယ်ချင်းစာစိတ်ရှိစေချင်ကြောင်းရည်ရွယ်ချက်ဖြင့် မြင်တွေ့သည်များတင်ပြပါမည်။
တစ်နေ့ကားစီးစဉ်၌ ကျွန်မသည် နေရာမရပါ။ ကားနောက်ပိုင်းတွင် မတ်တပ်ရပ်လျှက် လိုက်ပါခဲ့သည် ။ ကျွန်မ ကားရပ်စီးသောနေရာသည် အမြင့်ပိုင်းဖြစ်သောကြောင့် ကားပေါ်တွင်ပါသော ခရီးသွားတော်တော်များများကို မျက်စိတစ်ဝှေ့ ကြည့်ရုံဖြင့် မြင်နေရသည်။
YBS ကားတွင်မဆို မည်သည့်ကားတွင်မက driver နောက်နှင့်ကပ်လျှက်ရှေ့ဆုံးခုံများတွင်သံဃာတော်များတွက်နေရာပေးထားပါသည်။
သံဃာတော်များ ကားပေါ်သို့မကြွလာသည့်ချိန်တွင် ထိုနေရာများကို မည်သူမဆို ထိုင်လို့ရပါသည်။
သံဃာတော်သည် မည့်သည့်နေရာတွင်ဖြစ်စေ ကားပေါ်သို့ကြွလာပါက နေရာမှဖယ်ပေးရသည်။
ဒါသည် မြန်မာလူမျိုးများ၏ ဘာသာတရားကိုင်းရိုင်းသော ယဉ်ကျေးမူ့တစ်ရက်ဖြစ်သည်။
အဲ့သည်နေ့၌ ကျွန်မသည်မြင်တွေ့ရသည်များကို အတော် စိတ်မကောင်းဖြစ်ခဲ့ရသည်။
သံဃာကြွလာတာကို မြင်ရဲ့သားနဲ့ လှည့်မကြည့် မမြင်ချငိယောင်ဆောင်ကာ ထိုနေရာ၌ထိုင်နေသော လူတစ်ချို့ကိုမြင်မိသည်။
ကားdriver မြင်မှသာလျှင် အော်သဖြင့် ထပေးသော အဆင့်သို့ရောက်လေသည်။
အဲ့လိုဘဲ ybs ကားများတွင် လိမ္မော်ရောင်ခုံများကို ybs စီးဖူးသူတိုင်းမြင်ဖူးကြလိမ့်မည်။
ထိုနေရာများသည် အသက်အရွယ်ကြီးရင့်သူ ၊ အိုမင်းမစွမ်းသူ ၊ ကိုယ်လက်အဂါင်္မသန်စွမ်းသူ၊ ကိုယ်ဝန်ဆောင်၊ မွေးခါစ ကလေးငယိပါသော မိခင်များအတွက် အရောင်ဖြင့် ပြုလုပ်ထားသော ခုံဖြစ်သည်။
ခုံဘေးတွင်လည်း စတေကာများဖြင့် အမှတ်အသားများပါရှိလေသည်။သို့သော်လည်းကားစီးတိုင်းမြင်နေရသည်မှာ ထိုနေရာများတွင်ထိုင်သောလူအများမှာ သန်မာသော လူများဖြစ်နေကြသည်။
အဲ့သည်နေ့၌ ကားကလဲကြပ် လူကလဲများတော့ အဲကွန်းကလဲ မနိုင်တော့ချိန် ရုံးဆင်းချိန်လဲဖြစ်ပြန်တော့ ကားပေါ်ဗြောင်းဆန်နေသည်။
ထိုအချိန်တွင်ဗိုက်ကြီးသည်တစ်ဦးကားပေါ်သို့တက်လာလေသည်။ တိုးကျိတ်၍ အတွင်းဘက်သို့ဝင်လာလေသည်။သူမရပ်နေသော ဘေးရှိခုံသည် လိမ္မော်ရောင်ခုံဖြစ်လေသည်။
ထိုခုံတွင်ထိုင်နေသော သူမှာ ကျန်းမာသန်စွမ်းသော ယောကျာ်းတစ်ဦးဖြစ်သည်။ခေတ်မှီ အောင် ကိုယ်ချင်းစာစိတ်တွေရှိအောင် ကားတွင်လည်းပုံဖော်ထားစေကာမူ ထိုသူသည် မသိကျေးကျွန်ပြုကာ အိပ်စက်ပြလျှက်လိုက်နေလေသည်။
ထိုသူ၏ စိတ်သည်အတွင်းသားပေါ်လွင်စေသည်။ကိုယ်ချင်းစာတရားမရှိသော သူရာတည်း။
ထို့ကြောင့် မည့်သည့်အလုပ်တွင်မက ကြုံရဆုံရသော ပတ်ဝန်းကျင်တွင် မည်သို့ပင်ဖြစ်စေကာမူ ကိုယ်ချင်းစာတရားလက်ကိုင်ထားကာ
ပြုမူဆောင်ရွက်ရင်း လူထဲကလူတော်များဖြစ်နိုင်ကြပါစေကြောင်းဆန္ဒပြုရင်း ကြုံတွေ့ဖူးသော အနည်းငယ် အကြောင်းအရာများကို ဥပမာပြုရေးသားတင်ဆက်လိုက်ပါသည်။MHBDMKoeChineSar.jpgCrd-org-source

Thanks for steemit member all my fri
MSC-233
@nwenwe

58 upvotes $0.82

Replies (26)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: