4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ပီတိစားသော် ပျော်ရသည်

တစ်ခါတစ်လေတော့ ကိုယ်ဖြတ်သန်းလာတဲ့ဘဝတွေထဲမှာ အမှတ်တရ တစ်ချို့ကို သတိရမိတယ်။
ခုလိုsteemit pro ရက်ရောက်လာတိုင်း
ကိုယ့်မြင်တွေ့ဖူးသမျှ တွေထဲက ဗဟုသုတရစေနိုင်လောက်တဲ့အကြောင်းအရာတွေကို ရွေးချယ်၍ ရေးသားဖြစ်ခဲ့တယ်။
တစ်ခါတစ်လေတော့လဲ လည်လည်ထွက်တဲ့အကြောင်းတွေ ရေးသားခဲ့ဖူးတယ်။ အခုpro အတွက်ကတော့
ငယ်ဘဝထဲက ပျော်ပြီး ကြည်နူးခဲ့ရတဲ့အကြောင်းလေး ကို ရေးသားပါရစေ။
တက္ကသိုလ်တက်စဉ်အခါက တက္ကသိုလ်ကျောင်းတော်ကြီးကိုရောက်ဖို့ အိမ်ကနေ ၂နာရီလောက်ကားစီးရတယ်။ မနက်ပိုင်း ပထမဆုံးအချိန် practical ရှိတဲ့အချိန်
ဆိုရင်တော့ ကျောင်းမုဂ်ဦးဝကနေ အသည်းသန်ပြေးခဲ့ဖူးတယ်။
ပြေးတာတောင်မှ major နဲ့ minor ကွာသေးတယ်။ major practical ဆို သိပ်မကြောက်ဘူးလေ ။ မျက်နှာချိုသွေးပြီး ဝင်လိုက်ရင်ရတယ်လေ ။ ဆရာမတွေက ချစ်စရာလဲကောင်းသလို သဘောလဲကောင်းကြတယ်လေ။
ကိုယ့်နဲ့လဲ ခင်တော့ အဆင်ပြေတယ်။
Minor practical နေ့ဆိုရင်တော့ ပြေးရတာများတယ် ။ pratical အခန်းတံခါးမဖွင့်ခင်ကြိုရောက်မှ ၊ သတ်မှတ်ချိန်ထက်နဲနဲလေးတောင် နောက်ကျလို့မရဘူး။ သတ်မှတ်ချိန်ရောက်တာနဲ့ အခန်းတံခါးတန်းပိတ်ပြီး practical လုပ်လေ့ရှိတယ်။
အဲ့ချိန်ပြောလို့ရတာဆိုလို့ တစ်ခုဘဲရှိတယ်။ ဖယ်ရီကားနောက်ကျ အကြောင်းပြပြီးဝင်ပေါ့။ ကြောက်လို့ အမြဲတမ်းစောအောင်သွားလေ့ရှိတယ်။
Practical မနက်အစောပိုင်းမရှိတဲ့အချိန်ဆိုရင်တော့သာသာယာယာဘဲ။ ကျောင်းအစောကြီးသွားလေ့မရှိ။အေးအေးဆေးဆေးဘဲ အတန်းချိန်နှစ်ချိန်လောက်လွှတ်လိုက်တယ်။
ပထမအချိန်က ကိုယ်အကြိုက်ဆုံးဘာသာဖြစ်နေရင်လဲ မတက်ဘူး။ တစ်ခါတစ်လေ တက်ရင်လဲ စိတ်ဝင်စားရင်စာရတာကိုး😀😀😀
သိပ်မမူ့ဘူးလေ။ အဲ့တော့ကျောင်းရောက်ရင် ၁၀နာရီ ကျော်ပြီလေ ။
ကျောင်းမှာက ရှေ့ မုဂ်ဦးကတော့ main ပေါက်ပေါ့။ အနောက် မုဂ်ဦးလဲရှိသေးတယ် ။ အေးဆေးမှလာတဲ့နေ့ဆို နောက်ပေါက်ကနေ ဝင်လေ့ရှိတယ်။
နောက်ကျမှလာတဲ့နေ့ဆို ဖယ်ရီကဒ် ကားမစီးဖြစ်ဘူး ။ လိုင်းကားနဲ့ သွားနေကြ။ အဲ့နေ့က အမတစ်ယောက် ကိုယ်နဲ့ကားတစ်စီးတည်းပါလာတယ်။
သူ့ပုံစံက နေကာမျက်မှန်တက်ထားတယ်။ ခန္ဓာကိုယ်ကတော့ အချိုးအစားကျလွန်းတယ်။
လှလဲလှတယ်။ အဲ့အမ က လဲ ကိုယ့်တွေဆင်းတဲ့ကျောင်းနောက်မုဂ်မှာဆင်းတယ်။
သူ့မက ကိုယ့်အရှေ့က အရင်ဆင်းတယ်။ သူနဲ့မလှမ်းမကမ်းက ကိုယ့်ကပါလာခဲ့တယ်။ ခဏနေတော့ ကျောင်းစောင့်လုံခြုံရေးဦးလေးကြီးက အဲ့အမကို လှမ်းအော်သံကြားလိုက်ရတယ်။ ^^^အဲ့ဘက်ကိုမဟုတ်ဘူး လမ်းမှားနေတယ် ဒီဘက်မှာ^^^ဆိုပြီးအော်သံကြားမှ ကိုယ့်လဲ လိုက်ကြည့်မိလိုက်တာ အဲ့အမသွားနေတာ ချုံတောဘက် ရေမြောင်းတွေဘက်ဖြစ်နေတယ်။
လုံခြုံရေးဦးလေးကြီးက သူမကို အတင်းလိုက်ဆွဲပြီး ကိုယ့်လဲ သူတို့နားအရောက်မှာ^^^^သမီးလေးရေ ဒီမမ ကို သူ့အတန်းကို လမ်းကြုံခေါ်သွားပေးပါ^^^^ဆိုပြီး အဲ့ဦးလေးကပြောရင်း သူမလက်ကို ကိုင်ကာ ကိုယ့်ဆီကို လာကမ်းပေးခဲ့တယ်။
အဲ့ချိန်မှသတိထားမိလိုက်သည်။ အဲ့အမလက်ထဲမှာခေါက်လို့ရတဲ့လက်ကိုင်တုတ်ကောက် တစ်ချောင်း ကိုင်ထားတယ်။ ခေါက်လိုက် ဆန့်လိုက် ကိုင်တော့သတိမထားမိခဲ့တာ။
အဲ့ကျမှ သိလိုက်လိုက်ရတာ သူမက မျက်စိမမြင်ဘူးဆိုတာဘဲ။ တော်တော်ဘဲ စိတ်မကောင်းဖြစ်မိသွားတယ်။
အဲ့တာနဲ့ အဲ့အမလက်ကို တင်းတင်းကိုင်ကာ ကျောင်းဝင်းထဲသို့ ခြေချကာ အတူတူလျှော်က်လာခဲ့သည်။ ခုသွားနေကြလမ်းက သူမသွားနေကြလမ်းပါ။ တစ်ခါတစ်လေ ဒုတ်မပါဘဲ လက်တန်းလျှောက်တော့ ဘယ်သူမှ သိပ်မသိခဲ့။လိုအပ်သည်ထင်မှခေါက်ဒုတ်အားဖြည်လျှောက်လေ့ရှိသည်။
အဲ့နေ့ကတော့ အမှတ်တရ နေ့လေးတစ်နေ့ပါဘဲ ။ ကျောင်းတွင်းကတ္တယာလမ်းတစ်လျှောက်မှာမှ အသွားအပြန်ရှိနေတဲ့လူမှန်သမျှ လိုက်ကြည့်တာပါဘဲ။ ကိုယ့်လဲ အမ လက်ကို တင်းတင်းဆုတ်ကာ တစ်လမ်းလုံးစကားပြောကာ သူမ မေဂျာဆောင်ရောက်တဲ့အထိပို့ပေးခဲ့တယ်။
အဲ့နေ့ကတော့ပျော်စရာနေ့လေးတစ်နေ့ဖြစ်ခဲ့တယ်။
C5zQngiWQAId5bB.jpgCrd-org-source

ကူညီခွင့်ရလို့ ကျေနပ်မိတယ်။ နောက်တစ်နေ့ သူမနဲ့ထပ်ဆုံပြန်တယ်။ ဒီတစ်ခါတော့ လမ်းမမှားပါ ။ ဂိတ်နားရောက်တော့ထုံးစံအတိုင်း အဲ့အမကို စိတ်မချလို့ထင်တယ်။ တစ်ယောကိမဟုတ်တစ်ယောက်နဲ့ လမ်းကြုံထည့်ပေးနေကြထင်တယ်။
လုံခြုံရေးဦးလေးကြီးက ကိုယ်နဲ့ထည့်ပေးပြန်တယ်။ ဒီတစ်ခါတော့ လက်ထဲကိုလာထည့်ပေးတာမျိုးမဟုတ်ဘဲ ရှေ့ကသွားနေတဲ့အမကို ခေါ်သွားလိုက်အုံး၊ ကြည့်ပေးပါအုံးပြောလေတယ်။
သူမက ကိုယ့်ရှေ့မလှမ်းမကမ်းကဆို့တော့ခြေထောက်ကိုသွက်သွက်လျှောက်ကာ သူမဘေးနားက ဘေးတွဲလျှက် လိုက်ပါခဲ့တယ်။ ဟန်ချက်ပျက်ပုံမရ၍ ဘေးနားကဘဲ ကပ်လျှက်လိုက်ခဲ့တယ်။
ထိုအချိန်တွင် သူမဆီက အပြုံးကိုမြင်လိုက်ရတယ်။သူမကပြောသည်
^^^^^မနေ့က ညီမလေးလားတဲ့^^^^ပြောတော့ အံ့သြစွာဖြင့် အင်းတစ်လုံးဘဲ ဖြေမိလိုက်တယ်။
ကိုယ် ပါလို့မပြောဘဲ သိနေသော အမကို ကြည့်ရင်းသဘောကျမိသည်။
မျက်စိမမြင်သော်လည်း ကိုယ်သင်းနံ့ ၊ခြေသံတို့ကို မှတ်မိနေလေသည်။ သူမလက်ကို ဆွဲကိုင်ရင်း အခန်းထိရောက်အောင်ပို့ပေးမယ်ပြောတော့ သူရဲ့ ခေါက်ဒုတ်လေးကို သိမ်းလိုက်လေသည်။ အဲ့အမကို အဲ့လိုကူညီလို့ရတဲ့ပီတိက ဘာနဲ့မှ မလဲနိုင်ဘူး။
အမြဲတမ်း ဆုံတဲ့နေ့တွေဆို လုံခြုံရေးဦးလေးကြီးက မှတ်မိနေတက်တယ်။
သမီး မမကိုခေါ်သွားအုံးတဲ့။ တစ်လေတစ်လေ
Practical မနက်ပိုင်းနေ့ဆိုရင် မတွေ့ဖြစ်ဘူးလေ။
အဲ့နေ့ဆို သူမမေဂျာကို သွားဖြစ်တယ်။ တော်တော်ခင်သွားပြီလေ။
Library ထဲမှာလဲ သူမကို ရယ်စရာစာအုပ်လေးတွေဖတ်ပြခဲ့ဖူးတယ်။screen-shot-04-11-18-at-12-27-pm (1).png
Crd-org-source
အဲ့ချိန်တုန်းကသာ ဖုန်းရှိခဲ့ရင် selfie တွေ တူတူဆွဲဖြစ်ခဲ့မှာ။ သူမက မမြင်ရပေမဲ့ ကိုယ့်ကခိုးရိုက်ထားမှာလေ။ သူမက တော်တော်လှတာလေ😘😘။
အဲ့သလိုနဲ့အချိန်တွေကုန်ဆုံးကာ သူမ ကျောင်းပြီးသွားလို့ အဆက်သွယ်တွေလဲ ပျက်ခဲ့ရပြီ။
တစ်ခါတစ်လေ လေးဖြင့် တွေ့ချင်ပါသည်။ အရင်တုန်းကလို ဘေးချင်းကပ်ရပ်ရုံလေးဖြင့် မှတ်မိ ပါအုံးမလားလို့ သိချင်မိသည်။
မမှတ်မိရင်လည်း ကိုယ့်ကသာလျှင် အရင်ပြန်မိတ်ဆက်မည်။
ယနေ့ ချိန်ထိ အမှတ်ရ၍ ပီတိဖြစ်ရသည့်အရာတစ်ခု ၊ ပျော်စရာတစ်ခုအဖြစ် သတ်မှတ်၍ ထို မမနဲ့ဆုံတွေ့ခဲ့ဖူးသော ပုံရိပ်တစ်ခုကို သတိရခြင်းများစွာဖြင့် ရေးသားတင်ဆက်လိုက်ပါသည်။
Thanks for steemit member all my fri
MSC-233
@nwenwe

57 upvotes $0.53

Replies (23)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: