Community post
ကြိတ်မှန်ရွက် အစွမ်း
ကျမ သည်ကြိတ်မှန်အရွက်လေးတွေ တစ်ရွက်ချင်းချွေ ပြီးရေဆေးပါသည်။ ကြိတ်မှန်ရွက်ကလေးများကို ဗန်းတခုထဲထည့်ပြီး နေရောင် အောက်မှာ မထားဘဲအရိပ်အောက်မှာ အခြောက်ခံထားပါသည်။
၎င်းနောက် လက်ဖက်အထုပ်ထဲမှ လက်ဖက်အစိုများကို တစ်ရွက်ချင်းချွေ ပြီးနေရောင် အောက်မှာမထားဘဲ အရိပ်အောက်မှာ အခြောက်ခံထားပါသည်။ စတီးစလုံထဲကို အုန်းဆီထည့်ပါသည်။
အခြောက်ခံထားသော ကြိတ်မှန်ရွက်အ
ခြောက်ရယ် လက်ဖက်ရွက်အခြောက်များ ကို အုန်းဆီထည့်ထားသော စတီးစလုံထဲထည့်ပြီး ၅မီနစ်ခန့်ကြိုချက်လိုက်ပါသည်။
ကိုချက်ပြီးသောအုန်းဆီရယ် လက်ဖက်
ခြောက်ရယ် ကြိတ်မှန်ရွက်ခြောက်ရယ် ကို
ဖန်ပုလင်းတစ်ခုထဲထည့် ပြီးတစ်ပတ်ခန့် စိမ်ထားပါသည်။ ကျမခေါင်းလျှော်ပြီးတိုင်း ကြိတ်မှန်ရွက်ခြောက်ရယ် လက်ဖက်ရွက်ခြောက်ရယ် အုန်းဆီရယ်စိမ်ထားသော ဆီကိုအမြဲလိမ်းပါသည်။
ကျမ အသက် ၄၄ ရှိပါပြီး အခုချိန်ထိဆံပင်တစ်ချောင်းမှမဖြူ သေးပါ။ ဆံပင်ကျွတ်ခြင်း မရှိတော့ပါ ဆန်ပင်များနက်မှောင်သန်းစွမ်းစေပါသည်။
ဖွားဖွား ဒေါ်စန်းလှိုင်သည် မေမေနှင့် အဒေါ်များကို ကြိတ်မှန်ရွက်များကို ဟင်းခါး
ချက်ကျွေးပါသည်။ ဖွားဖွားသည် ကြိတ်မှန်ရွက်ကိုပြုတ်ပြီး ကြက်သွန်ဆီချက် မြေပဲဆံ ကုလားပဲအကျက်မှုန့် ဆားအနည်း သကြား အနည်းငယ်ထည့် သုပ်ပြီး မေမေနှင့်အဒေါ်များကို အမြဲကျွေးပါသည်။
တစ်နေ့သ၌ မေမေဒေါ်လှမြိုင် ပေါင်ကို
ရေနွေးပူ လောင်ပါသည် ။ မေမေသည် ကြိတ်မှန်ရွက်များကို ငရုတ်ဆုံထဲထည့်ထောင်းပြီး ရလာသောအရည်ကို ရေနွေးပူလောင်သော အမာရွတ်ပေါ် ၌သုပ်လိမ်းပေးပါသည်။
တစ်လခန့်ကြာသောအခါ ရေနွေးပူလောင်
၍ ကျန်ခဲ့သောအမာရွတ်သည် တဖြေးဖြေးမှေးမှိန်းပြီး မူလအသားရောင်အတိုင်းပြန်ဖြစ်သွာပါသည်။
မီးပူလောင်ပြီး ကျန်ခဲ့သောအမာရွတ်များ ဆီပူလောင်ပြီးကျန်ခဲ့သာအမာရွတ်များ ရေနွေးပူ လောင်ပြီးကျန်ခဲ့ သောအမာရွတ်များ ကို ကြိတ်မှန်ရွက်အရည်ညစ်ပြီး လိမ်းပေးပါက အမာ
ရွတ်ပျောက်ပြီး မူလအသားရောင်ပြန်ဖြစ်စေပါသည်။
ကျမတို့မိန်းခလေးများ ကြိတ်မှန်ရွက်ကို အမြဲစားသုံးပေးပါက သွေးသားသန့်စင်စေပြီး
ကျန်းမာဝဖြိုး အလှတိုးပြီး ဆံပင်များလဲနက် မှောင်သန်းစွမ်းစေပါသည်။
အားလုံးကိုကျေးဇူးတင်ပါသည်။
ဒေါ်ဥမ္မာမြင့်

Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.