4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Time traveller

image

“အချိန်ခရီးသွားတာ ဖြစ်နိုင်သလား?”

မနေ့ က သရဲအကြောင်းနဲ့ Game တွေတင်ပေးတာကို လူနှစ်ယောက်အကြိုက်မတွေ့ ဘူးဆိုပြီးတော့ လာပြောကြတာလည်းတွေ့ ပါတယ်ဗျ။

မတတ်နိုင်ဘူးလေ… သရဲဆိုတာ ကမ္ဘာပေါ်မှာ အများကြီးရှိချင်ရှိမယ်။ သူတို့ အကြောင်းတွေကို လိုက်လံရှာဖွေရတာမလွယ်ပါဘူး။ အဲ့တော့ နားလည်ပေးပါ။

အိုကေ .. အချိန်ခရီးသွားတာဖြစ်နိုင်မယ်လို့ တော့ တွေးဖူးတယ်ဗျ။ ဆိုလိုတာက လွယ်တော့မလွယ်ဘူးလေ။ သိပ္ပံပညာနဲ့ မဟုတ်ရင် စိတ်စွမ်းအင်နဲ့ သွားလို့ ရတယ်။ သိပ္ပံပညာဆိုတာကလည်း တော်ရုံလူမတတ်နိုင် သလို စိတ်စွမ်းအင်ဆိုတာကလည်း လူတိုင်းမှာမရှိပါဘူး။

အရင်ကလူတွေက အချိန်ခရီးသွားကြတယ်ဆိုတာကို လူနည်းစုသာ သိခဲ့ပြီးတော့ Doctor Who နဲ့ Star Trek တို့ လုပ်မှပဲ လူတွေအကုန်စိတ်ဝင်စားကြတော့တာပါပဲ။ သေချာတာကတော့ သိပ္ပံပညာနဲ့ တီထွင် ထားတဲ့ ယာဉ်တစ်မျိုးနဲ့ မှသာ သွားလာလို့ ရနိုင်မယ်လို့ တွေးထားပါတယ်။

ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာဆိုရင် အင်းကွက်ဆွဲပြီးတော့ ခရီးသွားလို့ ရပါတယ်။ တစ်ခါက မဂ္ဂဇင်း တစ်ခုမှာ ကိုရင်တစ်ပါး အင်းကွက်တစ်ခုဆွဲရင်နဲ့ သူနေတဲ့ ကျောင်းကနေလုံးဝပျောက်သွားပါတယ်။

ဖြစ်ချင် တော့ သူတို့ ကျောင်းက ဘုန်းကြီးတွေရှေ့ မှာတင်ပျောက်သွားတာပါ။ ဆိုတော့ကာ နှစ်အတော်ကြာတော့ ပြန်ရောက်လာပါတယ်။ သူရောက်သွားတဲ့အကြောင်းနဲ့ ဒုက္ခရောက်တဲ့အကြောင်းတွေ ရှင်းပြထားပါတယ်။

သိပ္ပံပညာမှာ အကုန်ဖြစ်နိုင်ပါတယ်.....အချိန်ခရီးသွားတာကလွဲရင် ဆိုပြီးတော့ ပညာရှင်တော်တော်များများက လှောင်ရယ်တတ်ကြပါတယ်။ အဲ့ဒါကို တစ်ချို့ က သက်သေပြဖို့ အခုထိကြိုးစားနေကြတဲ့ သူတွေရှိပါသေး တယ်ဗျ။
အချိန်ခရီးသွားဖို့ အတွက် အရမ်းမြန်တဲ့ အရှိန်တစ်ခုလိုအပ်ပါတယ်။

ဥပမာ DC က Flash လို Hero တစ် ယောက်ရဲ့ အရှိန်တစ်ခုလိုပါတယ်။ ကျွန်တော်တို့ Time Line တွေက နိုင်လွန်ကြိုးနဲ့ တူပါတယ်။ ဆိုလို တာက နိုင်လွန်ကြိုးကို မီးရှို့ ကြည့်ပါ။ ကြိုးသေးသေးလေးတွေဖွာထွက်လာတတ်ပါတယ်။ အဲ့သေးသေးလေး တွေထဲမှာကို အများကြီးထပ်ရှိပါသေးတယ်။

ကျွန်တော်တို့ က ပင်မကြိုးအကြီးကြီးထဲမှာနေထိုင်ပါတယ်။ အဲ့နောက်မှာ အချိန်ခရီးသွားမယ်ဆိုရင်တော့ အထဲက ကြိုးသေးသေးလေးတွေထဲကို ခုန်ဝင်လိုက်တာပဲဖြစ်ပါတယ်။ မနေ့ က အိုင်းစတိုင်းရဲ့ သီအိုရီတွေ ကိုသွားဖတ်ပါတယ်။ ခေါင်းမူးပြီးတော့ ပြန်ထွက်လာရပါတယ်ဗျ။ အဆင်မပြေခဲ့ပါဘူး။

အချိန်ခရီးသွားမယ်ဆိုရင်တော့ အလင်းထက်မြန်တဲ့ နှုန်းထားတစ်ခုနဲ့ ဖြတ်ပြေးရမှာကတော့ သေချာပါ တယ်။ ဆိုတော့ကာ သာမန်လူတစ်ယောက် အဲ့လိုနှုန်းနဲ့ ဖြတ်သွားမယ်ဆိုရင်တော့ အရည်ပျော်သွားပါလိမ့်မယ်ဗျ။ ဘယ်လိုမှကို အဆင်မပြေနိုင်တာပါ။

အမေရိကန်နိုင်ငံရဲ့ Daily Mail မှာတော့ သတင်းထူးထူးဆန်းဆန်းတစ်ခု တင်ခဲ့ဖူးပါတယ်။ ဆိုလိုတာက တော့ အာကာသယာဉ်တစ်ခု လမ်းကြောင်းမှားရင်းနဲ့ Black Hole တစ်ခုထဲကို ၀င်သွားဖူးပါတယ်။ အဲ့မှာ ကွိုင် တက်တာတစ်ခုကတော့ ဘဲလေးတွေ ကမ္ဘာမြေပေါ်ကိုပြန်ရောက်လာပါတယ်။

ပြီးတော့ သူတို့ က လွန်ခဲ့တဲ့ 10 နှစ်ကတည်းက အချိန်ကိုပြန်ရောက်သွား ပါတယ်။ အဲ့ထဲကတစ်ယောက်ဆိုရင် အဲ့ အာကာသယာဉ်မှုးအလုပ်ကိုတောင် အဲ့ခေတ်မှာမရသေးတဲ့အကြောင်း ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆိုလိုတာက အချိန်ခရီးသွားရတာက တော်တော်ရှုပ်ထွေးပါတယ်။

ကာတွန်းသီအိုရီ ... ဒီသီအိုရီကတော့ ကာတွန်းစာအုပ်တွေထဲက ယူသုံးတဲ့ သီအိုရီတစ်ခုပဲဖြစ်ပါတယ်။ ရိုးရှင်းပါတယ်။ အချိန်ဆိုတာကို ခုန်ကူးဖို့ အတွက် လိုအပ်တာတွေရှိပါတယ်။ အချိန် Time Line ဆိုတာက ကျဉ်းမြောင်းပါတယ်တဲ့။ Universe ရဲ့ လည်ပတ်နှုန်းကိုသိရင် ခုန်ကူးပြီးတော့ သွားလာလို့ ရတယ်ဆိုတာမျိုးလည်း ရေးထားပါတယ်။
image
နောက်ဆုံးတစ်ခုကတော့ Time Machine နဲ့ သွားလာရတာပါ။ ဆိုလိုတာကတော့ အဲ့တစ်ခုက အဖြစ်နိုင်ဆုံးပါပဲ။ အဲ့စက်ကိုထွင်နိုင်ရင်တော့ ထွင်တဲ့သူက ချမ်းသာမယ်ဆိုတာသေချာပါတယ်။ ကျွန်တော်သာ အဲ့ စက်ထွင်နိုင်မယ်ဆိုရင်တော့ အိမ်က Hard Disk တစ်လုံးသာဖြုတ်ပြီးယူသွားပါ့မယ်။

2005 လောက်ကို ပြန်သွားမယ်။ ပြီးရင် ဒီဘက်ကခေတ်က နာမည်ကြီးတဲ့ သီချင်းတွေပြန်ဆိုမယ်။ ငှဲ....ငှဲ 😁 အဲ့လိုသာ ကြွယ်လိုက် ရင် ဘစိုင်း နေရာမှာ မင်မင် ဆိုပြီးတောင် ဖြစ်လာမယ်ထင်တယ်။ စိတ်ကူးသက်သက်ပါ။😁😁

ကျွန်တော်တို့ ကမ္ဘာမှာ အဖြစ်နိုင်ဆုံးကတော့ Grandfather Paradox ပဲဖြစ်ပါတယ်။ အဲ့အရာနဲ့ ဆိုရင် သွားဖို့ လာဖို့ အရမ်းလွယ်ကူပါတယ်။ ရုပ်ရှင်ထဲမှာ တော်တော်များများက အဲ့သီအိုရီနဲ့ ပဲသွားလာကြပာတယ်။ Terminator.. အပါအ၀င်အခြားသော ရုပ်ရှင်တွေမှာ အသုံးပြုကြပါတယ်ဗျ။

အချိန်ခရီးသွားရတယ်ဆိုတာက တော်တော်ခက်ခဲတာတွေရှိပါတယ်။ ဘာလို့ လဲဆိုတော့ လက်ရှိအခု 2018 ခုနှစ်ကနေ လွန်ခဲ့တဲ့ 1995 ကိုသွားကြမယ်ဆိုပါတော့။ ခင်များ တစ်ခုခုလုပ်မယ်ဆိုတာနဲ့ ခင်များနဲ့ သက်ဆိုင် တဲ့သူတွေ ကွိုင်တက်ပါတယ်။

ခင်များတစ်ခုခုဖြစ်တာနဲ့ 2018 မှာကျန်ခဲ့တဲ့ ခင်များ ခန္ဓာကိုယ်ထိခိုက်လာပါမယ်။ ခင်များထွက်သွားပေမယ့် တစ်ကိုယ်ကတော့ ကျန်ခဲ့ပါတယ်။ တစ်ချို့ ကလည်း မကျန်ခဲ့ဘူး လို့ ပြောကြပါတယ်။

image
ဘယ်လိုပဲဖြစ်ပါစေ။ လက်ရှိအနေအထားက အကောင်းဆုံးပါပဲ။ အဲ့ဒါကိုပြောင်းလဲလို့ မရပါဘူး။ ပြောင်းလဲလိုက်ရင်လည်း အခုထက်ပိုကောင်းလာတယ်ဆိုတာ မရှိပါဘူး။ ကျွန်တော်ပြောချင်တာကတော့ အချိန်ခရီးသွားတယ်ဆိုတာကတော့ တကယ်ရှိနိုင်ပါတယ်။

ဆိုပေမယ့်လို့ .. သိပ်မကြာခင်မှာ လူတွေက လက်ရှိ အနေအထားထဲကနေ ရုန်းထွက်သွားကြတော့မှာပါ။ အချိန်ခရီးသွားတာကို အားမပေးပါ။ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားတတ်ပါတယ်။
image

0 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: