4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အံ့သြဖွယ်​ရာ

image
ဗဟုသုတအဖြစ်​ တင်​​ပေးလိုက်​ပါတယ်​ မနက်ဖြန် မနက်ကျရင် ကမ္ဗောဒီးယား သံရုံးရှေ့မှာ တစ်ခုခု ထူးခြားတာ လုပ်ဖို့ရှိတယ်! ကြားပြီးပြီလား မင်းတို့၊ ဘယ်လို ထူးခြားတာတုန်းဟ၊မသိသေးဘူး ခု လူတွေ စုနေကြတယ်။ တောင်ပိုင်းဒေသ အစိုးရကို မကျေနပ်လို့တဲ့၊ဒါဆို ဗုဒ္ဓဘာသာတွေနေမှာပေါ့ ခု ဒီမှာ သူတို့ အရမ်း ဖိနှိပ်ခံနေရတယ်လေ၊မသိသေးဘူး စောင့်ကြည့်ရမှာပဲ။ဇွန်လ ၁၀ ရက်နေ့ ၁၉၆၃ ဗီယက်နမ် နိုင်ငံ၊ စိုင်ဂွန်းမြို့ ညနေခင်း အချိန်တွင် ဖြစ်သည်။ကောလာဟလ တစ်ခု ဗီယက်နမ်သားတို့ ကြားမှာ ပျံ့နေခဲ့တာကို တခြား ဘယ် သတင်းသမားကမှ အရေးမလုပ်ခဲ့ကြ။ ဗုဒ္ဓဘာသာ ရဟန်းတွေ အနေနဲ့ အစိုးရကို ဆန္ဒပြနေသည်မှာ တစ်လခန့်ပင် ရှိနေ ပြီမို့ ဘာမှ ထူးထူးခြားခြား သတင်း မဟုတ်လောက်ဟု သူတို့ ထင်ခဲ့ကြသည်။ဒါပေမယ့် ဒေးဗစ် ဟဲလ်ဘာစတမ် ကတော့ စိတ်ဝင်စား သွားခဲ့သည်။ သူသည် နယူးယောက်ခ် တိုင်းမ် သတင်းစာတိုက်မှ သတင်းသမား တစ်ယောက်။ ဒီတော့ မနက်ဖြန်တွင် သူ သွားကြည့်ဖို့ ဆုံးဖြတ် လိုက်သည်။ဇွန်လ ၁၁ ရက်နေ့ ၁၉၆၃... ဗီယက်နမ်နိုင်ငံ ဆိုင်ဂွန်းမြို့၊ ကမ္ဘောဒီးယား သံရုံးရှေ့ လမ်းဆုံတွင် ဖြစ်သည်။ ဒေးဗစ် လမ်းဆုံကို ရောက်ချိန်မှာတော့ လူအုပ်ကို ကြည့်ပြီးတော့ သူသိလိုက်သည်။ဆန္ဒပြပွဲ စနေပြီပဲ ဟင် ဒါပေမယ့်...နေပါဦး။ ဘာလို့ အားလုံး တိတ်ဆိတ် နေကြပါလိမ့်။ထူးခြားနေသည်။ လူအုပ်နားရောက်တော့ သူလည်း အများနည်းတူ ဝင်တိုး ကြည့်မိသည်။
image
လူနှင့် ရဟန်းတော်များ အုတ်အုတ်ကျက်ကျက်နှင့် ဝိုင်းအုံကြည့်နေသည့် လမ်းဆုံမှာတော့ ရဟန်း တစ်ပါး တင်ပလ္လင်ခွေ... မျက်လွှာချလို့ ထိုင်နေသည်။ လက်တစ်ဖက်က မီးတောက်နေသော မီးခြစ်ဆံ တစ်ချောင်းကို ကိုင် မြှောက်ထားပြီး နောက် လက်တစ်ဖက်က ပုတီးစိပ်နေသည်။ သူ့တကိုယ်လုံး လည်း ဓာတ်ဆီတို့ဖြင့် ရွှဲရွှဲစိုနေသည်။ဒေးဗစ် တအံ့တသြ ငေးကြည့်နေစဉ်ပင် ရဟန်းသည် မတိုးလွန်း မကျယ်လွန်း... တည်ငြိမ်သော အသံဖြင့် "နမော အမိတဗုဒ္ဓ" ဟု ပီပီသသရွတ်ဆိုလိုက်ပြီး မီးခြစ်ဆံကို အောက်ပစ်ချ လိုက်ပါ တော့ သည်။ဇွန်လ ၁၁ ရက်နေ့ ၁၉၆၃ ခုနှစ်တွင် ဗီယက်နမ် လူမျိုး ဆရာတော် သစ်ကွမ်နူသည် ဤသို့ ကိုယ့်ကိုယ် ကို သတ်သေရင်း ဆန္ဒပြသွားခဲ့သည်။ကျွန်တော်ဟာ အော်ငိုဖို့ မေ့သွားတဲ့အထိ တုန်လှုပ်သွားမိတယ်။ ခေါင်းထဲမှာ နောက်ကျိပြီး ဘာ မှတ်တမ်းမှ ချမရေး ဘယ်သူကို ဘာမေးရမယ်ဆိုတာလည်း မသိတော့။ ကိုယ်ကသာ ဖြစ်ချင် တိုင်း ဖြစ်နေပေမယ့် ဆရာတော့်ကို ကြည့်လိုက်တော့ တစ်ချက်တောင် မလှုပ်ဘူး။ အသံ တစ်ချက် မထွက် ဘူး။ အလွန်ကို ငြိမ်းချမ်းစွာ တရားထိုင်နေတဲ့အတိုင်းပဲ။ဒေးဗစ် ဟဲလ်ဘာစတမ်၏ မှတ်ချက် မီးလောင်ကျွမ်းနေသော ဆရာတော် သစ်ကွမ်နူ ဓာတ်ပုံဟာ ချက်ချင်း ဆိုသလို ကမ္ဘာကျော် သွား ခဲ့သည်။ သိပ်မကြာခင်ပင် နောက်ဆက်တွဲ ဆန္ဒပြပွဲများ တော်လှန်ရေးများ ဆက်တိုက် ထွက်ပေါ် လာခဲ့ပြီး မမျှတသော အစိုးရကို အောင်မြင်စွာ တိုက်ပွဲ ဝင်နိုင်ခဲ့သည်။ ဤဆောင်းပါးတွင် စာရေးသူ အဓိကထား ဆွေးနွေးချင်သည်မှာက နိုင်ငံရေး ရှုထောင့်များ မဟုတ်ပါ။ ဆရာတော် ဘယ်လို နောက်ဆုံး အချိန်ကို တည်ငြိမ်စွာ ဖြတ်ကျော်သွားသလဲ ဆိုသည့် မေးခွန်းပင်။
image
ကိုယ့် အသား မီးလောင်ပြီး သေပွဲဝင်နေချိန်မှာ တစ်ချက်ကလေးတောင် မတွန့်စေတတ်သော စိတ်ပိုင်းဆိုင်ရာ နိယာမ တစ်စုံတစ်လေများ လောကတွင်း ရှိနေပါသလား။ရောဘတ်ရိုက် က ပြောသည်မှာ လူသားတို့ လောကကို ရှုမြင်ကြသည့် ရှုထောင့်သည် မှားယွင်း နေသည် ဟူ၏။ ပတ်ဝန်းကျင်နှင့် မိမိ ဟူသော ရှုသူနှင့် အရှုခံ ပုံစံဖြင့်သာ လူသားတို့ လေ့လာ သုံးသပ် လေ့ ရှိသလောက် တကယ့် အမှန်လောကသည် အပြင်နှင့် အတွင်း ဟူသည့် နယ်ပယ် ၂ ခု သီးခြား ဖြစ်နေခြင်း မဟုတ်... ပတ်ဝန်းကျင်နှင့် မိမိ ဟူသည့် ရှုထောင့်တို့ တစ်ခုနှင့် တစ်ခု အပြန်အလှန် ထပ်ကာ ရောယှက်နေသည့် နယ်ပယ် တစ်ခု ဖြစ်သည် ဟူ၏။ဆိုလိုသည်မှာ အဝတ်တစ်စကို ကြည့်နေသည် ဖြစ်ပါစေ ကွန်ပျူတာ မျက်နှာပြင်ကို ကြည့်နေသည် ဖြစ်ပါစေ ကျွန်ုပ်တို့အနေဖြင့် မိမိ ကြည့်နေမိသည့် အရာကို တကယ် မမြင်နိုင်ကြပေ။ ဦးနှောက် မှ လက်ခံနိုင်ရုံ သတင်း အချက်အလက်တို့သည်သာ အာရုံခံ ဆဲလ်တို့မှ တစ်ဆင့် စီးဆင်းစေပြီး ထို သတင်း သဲလက်တစ်ဆုပ်စာကို အသုံးချ၍ ကန္တာရပမာ ကြီးကျယ်ခမ်းနားသည့် အရာတို့ကို ပေါ့ပေါ့ လေး သုံးသပ် မှတ်ချက် ချလေ့ ရှိကြသည်။ထို့အပြင် ထိုအရာနှင့် ပတ်သက်သည့် အတိတ် ခံစားချက် တို့သည်လည်း ကျွန်ုပ်တို့ ဆုံးဖြတ်ချက်ကို များစွာ လွှမ်းမိုးလေ့ ရှိကြပါသည်။ ရောဘတ်ရိုက်၏ အဆိုအရ လူတစ်ယောက်သည် တရား မှတ်ခြင်း အမှုကို ကာလကြာရှည်စွာ ပြုလုပ်လာခဲ့ပါက အထက်က ဆိုခဲ့သလို မိမိဆုံးဖြတ်ချက် အပေါ် လွှမ်းမိုး လာခဲ့သမျှ ခံစားချက် တို့အား စတင် ရိပ်စားမိလာခြင်းပင်။ ထိုမှ တစ်ဆင့် မိမိ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာတော့မည့် သဘာဝ အလျှောက် တုံ့ပြန်မှုတို့နှင့် တကယ့် အမှန်ဖြစ်ရပ် ဖြစ်စဉ်တို့ လုံးလုံး မသက်ဆိုင်ကြောင်း စတင် ချိတ်ဆက်မိလာသည်။
image
ထို့ကြောင့် တရားမှတ်ခြင်း အလေ့အထ ရှိသော တစ်စုံတစ်ယောက် အနေဖြင့် မိမိ၏ ရုပ်ပိုင်း ဆိုင်ရာ ခံစား ထိတွေ့မှုနှင့် မိမိ၏ သဘာဝ အလျှောက် ပြန်လည် တုံ့ပြန်မှု အကြားရှိ ဆက်သွယ်ချက် အား နည်း လာနိုင်စွမ်း ရှိသည်။ ထိုမှ တစ်ဆင့် ထပ်တိုး သိမ်မွေ့လာလျှင် ကျွန်ုပ်တို့လို သာမန်လူတိုင်း တုံ့ပြန် မိမည် ဖြစ်သော မွေးရာပါ လေ့ကျင့်ထားသူ၏ ရှုထောင့်တွင် ကောင်းစွာ ထိန်းချုပ် စီမံထားနိုင်ဖို့ ရှိတော့သည်။ဆိုလိုသည်မှာ သူ့အဖို့ ရုပ်ပိုင်းဆိုင်ရာ နာကျင်ခြင်း ဝေဒနာ ခံစားရသော်လည်း တုံ့ပြန်မှုပိုင်းတွင် အကြောက်အကန် တွန်းလှန် နေလိမ့်မည် မဟုတ်။ စိတ်ပိုင်းဆိုင်ရာနှင့် ဖြစ်ရပ်တို့ ချိတ်ဆက်ထားမှုကို ကောင်းစွာ ထိန်းချုပ်သွားနိုင်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၏ လောကအမြင်ဆိုသည်မှာ ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတို့နှင့် ဖွဲ့စည်း တည်ဆောက်ထားသော စိတ်ကူးပုံရိပ်​တို့ပင် ဖြစ်သည်။ဖက်​ရင်းနဲ့ကို စိတ်​မ​ကောင်းဖြစ်​မိပါတယ်​။

2 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: